ဘာလုပ်နေလဲ 歌词
သီချင်း - ဘာလုပ်နေလဲ
တေးဆို - Adjustor
ညနေခင်းရဲ့ မိုးတိမ်များကို
အလှ ကြည့်သလိုမျိုး
တန်ဖိုးရှိတဲ့ တစ်နေ့တာကို
ဖြုန်းတီးပြီး ငါထိုင်နေမိတာမို့
သွေးတွေ စိုးနေတဲ့
ဒီဒဏ်ရာဒဏ်ချက်များကို
အခါခါ ပြန်အမှတ်ရလို
ငါပြန်လည် မတ်တပ်ထဖိုအရေး
ချိတုံချတုံနဲ့ ငါတုံ့ဆိုင်းသွားတယ်
လုပ်တိုင်းမရခဲ့ ငါ့သမိုင်းထဲမှာ
ထုံထိုင်းသွားရသူအဖြစ်နဲ့
အေးဆေးပဲလို့ ပြောပါဦးလား
နှေးကွေးသွားတဲ့ ခြေထောက်တွေ
ကြယ်ရောင်ပျောက်တဲ့ ညမှာ
ဆူးခင်းလမ်းပေါ် လျှောက်နေ
စိတ်ကူးယဉ်လိုက် အိပ်မက်မက်နေလိုက်
မျှော်လင့်ထားခဲ့တာတွေ
အားလုံး ပြိုပျက်နေလိုက်နဲ့
အကုန်လုံးရဲ့ နောက်မှာ
ရိုးရိုးပဲ ရပ်နေလိုက်တယ်
ငါဘာလုပ်နေလဲ
အသုံးမကျတဲ့ အရာတွေပဲ
အများ စိတ်ပျက်မယ်ဆိုလည်း
ငါဘာလုပ်နေလဲ
ဆုတ်ယုတ်သွားပြီ ထင်တယ်
တည်ဆောက်လက်စ အနာဂတ်ရယ်
တကယ်တမ်းတော့
လောကဓံ မြှုပ်ကွက်များကို
ငါမဖော်နိုင်တော့တယ်
ဆိုလိုရင်းက မြင်နိုင်ဖို့ခက်အောင်နက်နဲ
နုံးချိပျော့ခွေသွားတဲ့ စိတ်နဲ့ခန္ဓာဟာပြိုလဲ
အတ္တတွေကိုတော်ရာမှာ မြေမြှုပ်ခဲ့
ဆွေတွေမျိုးတွေဝိုင်းပြီး ငါ့ကိုတန်ဖိုးထား
အမြင်ကတ်ဖို့ကောင်းတဲ့အထိကို မြှောက်ပင့်ကြ
လက်ဖျားငွေသီးတဲ့ ငါ့ရဲ့အတိတ်
ခင်မင်တဲ့အပေါင်းအသင်းတွေ သိပ်များ
အခုတော့ ဘာတစ်ခုမှစိတ်တိုင်း
မကျတော့ဘူးတဲ့လား
အဲ့တာ အနိစ္စ
အိပ်ပျော်သွားခဲ့ပြီး ငါ
နောက်နေ့မနက်တွေမှာ စိတ်နာနေခဲ့ရ
အရာမထင်တဲ့ ရက်တွေဟာ
အရင်အထာမျိုးပဲ ဆက်နေမလား
ငါ့မိသားစုအရေးကို တွေးကာ
စိတ်ပင်ပန်းနေတဲ့ အချိန်များဆို
ငါ့ရဲ့ဘေးမှာ တစ်ယောက်မှရှိမနေကြ
ကဲ့ရဲ့ဖိုသာတွေးလို့ အကဲခတ်တတ်တဲ့
လူသာမန်တွေကြားမှာ
အဆင်ပြေသလို ဟန်ဆောင်ရင်းသာ
အရွဲ့တိုက်မိတဲ့ အဖြစ်တွေဟာဝေဒနာပါ
ငါဘာလုပ်နေလဲ
အသုံးမကျတဲ့ အရာတွေပဲ
အများ စိတ်ပျက်မယ်ဆိုလည်း
ငါဘာလုပ်နေလဲ
ဆုတ်ယုတ်သွားပြီ ထင်တယ်
တည်ဆောက်လက်စ အနာဂတ်ရယ်
တကယ်တမ်းတော့
လောကဓံ မြှုပ်ကွက်များကို
ငါမဖော်နိုင်တော့တယ်
ဆိုလိုရင်းက မြင်နိုင်ဖို့ခက်အောင်နက်နဲ
နုံးချိပျော့ခွေသွားတဲ့ စိတ်နဲ့ခန္ဓာဟာပြိုလဲ
အတ္တတွေကိုတော်ရာမှာ မြေမြှုပ်ခဲ့