ဝေးမယ့်တစ်နေ့ Lyrics
သီချင်း - ဝေးမယ့်တစ်နေ့
တေးရေး - ခင်စုစုနိုင်
တေးဆို - ခင်စုစုနိုင်
Music - Thawng Ling
Mixing & Mastering - ချစ်စမ်းမောင်
သံယောဇဉ်လေးတွေ ကာဆီးထား
ပြတ်သားရန်ခက်တယ် ငါ့ကမ္ဘာ
အချစ်မှာ နစ်မွန်းခဲ့လေတော့
ဘယ်အဆင့်ရောက်နေမှန်း မသိပါ
နားလည်မှုတွေ ဖျက်ဆီးပြီး
အချစ်ကို အမြဲလိုကစားရင်း
အချိန်တန်တော့ ငါဆိုတာ
ခွင့်လွှတ်နေမြဲမို့လား
အချိန်ရှိတိုင်း အမြဲတမ်းမင်းအလိုကျ
ဘယ်အချိန်များ အလိုက်တသိနဲ့သာ
ငါ့အတွက် နင်ဆိုတာရှိခဲ့လဲကွာ
မင်းမရှိတော့လည်း နေနိုင်မယ့်တစ်နေ့
ဒီ အလွမ်းများလည်း
အနည်ထိုင်နိုင်မယ့် တစ်နေ့
အတူထားရှိတဲ့ သံယောဇဉ်လေးတို့
တစ်ကယ် ကုန်ဆုံးရင်း
မင်းရဲ့အဝေးမှာ ရှိချင်တယ်
သံယောဇဉ်လေးတွေ ကာဆီးထား
ပြတ်သားရန်ခက်တယ် ငါ့ကမ္ဘာ
အချစ်မှာ နစ်မွန်းခဲ့လေတော့
ဘယ်အဆင့်ရောက်နေမှန်း မသိပါ
နားလည်မှုတွေ ဖျက်ဆီးပြီး
အချစ်ကို အမြဲလိုနင်ကစားရင်း
အချိန်တန်တော့ ငါဆိုတာ
ခွင့်လွှတ်နေမြဲမို့လား
အချိန်ရှိတိုင်း အမြဲတမ်းမင်းအလိုကျ
ဘယ်အချိန်များ အလိုက်တသိနဲ့သာ
ငါ့အတွက် နင်ဆိုတာရှိခဲ့လဲကွာ
ဝေးမယ့် တစ်နေ့
မင်းမရှိတော့လည်း နေနိုင်မယ့်တစ်နေ့
ဒီ အလွမ်းများလည်း
အနည်ထိုင်နိုင်မယ့် တစ်နေ့
အတူထားရှိတဲ့ သံယောဇဉ်လေးတို့
တစ်ကယ် ကုန်ဆုံးရင်း
မင်းရဲ့အဝေးမှာ ရှိမယ့်တစ်နေ့
နင်အနား မရှိလည်း
ပျော်နိုင်မယ့် နေ့
ဒီ အလွမ်းများလည်း
အနည်ထိုင်နိုင်မယ့် တစ်နေ့
အတူထားရှိတဲ့ သံယောဇဉ်လေးတို့
တစ်ကယ် ကုန်ဆုံးရင်း
မင်းရဲ့အဝေးမှာ ရှိချင်တယ်
အတူထားရှိတဲ့ သံယောဇဉ်လေးတို့
တစ်ကယ် ကုန်ဆုံးရင်း
မင်းရဲ့အဝေးမှာ ရှိချင်တယ်