Dengarkan Min a Tuat Min lagu dari Idiots dengan lirik

Min a Tuat Min

Idiots22 Des 2016

Lirik Min a Tuat Min

သီချင်း - မင်းအတွက်မင်း

တေးဆို - ရေမွန် (Idiots)

 

မနက်ဖြန်တိုင်းမှာ အဓိပ္ပါယ်ရှိပါတယ်

စိတ်ကူးနဲ့ ကြိုပွေ့ဖက်

အဆိုးတွေကျန်ခဲ့ဖို့ အတိတ်တွေစောင့်နေသေးတယ်

မင်းကြေကွဲရင် မျက်ရည်က သယ်ဆောင်လို့သွားမယ့်အပူမီးတွေ

အရံှုးဟာ အခွင့်အရေးအတွက် အားတွေဖြစ်လာလိမ့်မယ်

မင်းအတွက်မင်းရှိတယ်ဘယ်သူမှလှည့်မကြည့်လဲ

ဆုံးဖြတ်ခွင့်ရှိတယ် ဘယ်သူမှ မတားမြစ်လဲ

မင်းအတွက်မင်းရှိတယ် ဘယ်သူက မင်းထက်ပိုကောင်းမလဲ

လဲကျတော့ကိုယ်တိုင်ရုန်းထရမှာ မင်းပဲ

မင်းအတွက် မင်းရှိရက်ဘယ်အရာကို အားကိုးနေဦးမလဲ

အမှန်ဆိုတာအတွက် မင်းခန္တာစတေးပြီး ရှေ့ဆက်

ကိုယ်တိုင်ထွန်းညှိဖို့ အလင်းတစ်စက်

 

သစ္စာတရားကို တပ်မက်ခြင်းတွေအတွက်

လောင်မြိုက်ဖို့ အသက်မသွင်းနဲ့

ဘဝဟာအိပ်မက်ပေါ့မင်းဘာမှ မပိုင်ဘူးပဲ

ကောင်းကင်ကတပွင့်သော ကြယ်လေးကြွေရုံနဲ့ ညက အရောင်မဖျော့ပါ

ရှိနေယုံသက်သက် မင်းဘာမှ မဟုတ်ဘူးပဲ

မင်းရဲ့အတ္တဟာ တကယ်ဆို မင်းအတွက် အဆိပ်ပါပဲ

လှိုက်စားဖို့ မမွေးနဲ့ကွာ ဖြေဆေးက မေတ္တာတရား

မင်းအတွက်မင်းရှိတယ် ဘယ်သူက မင်းထက်ပိုကောင်းမလဲ

လဲကျတော့ကိုယ်တိုင်ရုန်းထရမှာ မင်းပဲ

မင်းအတွက် မင်းရှိရက်ဘယ်အရာကို အားကိုးနေဦးမလဲ

အမှန်ဆိုတာအတွက် မင်းခန္တာစတေးပြီး ရှေ့ဆက်

ကိုယ်တိုင်ထွန်းညှိဖို့ အလင်းတစ်စက်

 

ငါမရောက်ဖို့ သွားနေတယ် ခရီးများလွတ်မြောက်ပြီး

ငါမသိဖို့ရုန်းကန်ဆဲ သံသရာဆိုတာ ငါမုန်းတီး

အသိနဲ့ထိန်းတဲ့ သတိတိုင်းမှာ အရာရာကို ဆင်ခြင်နိုင်စွမ်းရှိ

အမုန်းတွေအရံှုးတွေအားလုံးပျက်သုဉ်းပြီး

မင်းပဲ

မင်းအတွက်မင်းရှိတယ်

 

မင်းအတွက်မင်းရှိတယ် ဘယ်သူက မင်းထက်ပိုကောင်းမလဲ

လဲကျတော့ကိုယ်တိုင်ရုန်းထရမှာ မင်းပဲ

မင်းအတွက် မင်းရှိရက်ဘယ်အရာကို အားကိုးနေဦးမလဲ

အမှန်ဆိုတာအတွက် မင်းခန္တာစတေးပြီး ရှေ့ဆက်

 

ကိုယ်တိုင်ထွန်းညှိဖို့ အလင်းတစ်စက်

Komentar untuk Min a Tuat Min (5)

Awn Bint
Awn Bint

😭

Hein Htet
Hein Htet

❤️😭

Muhammad Muhammad
Muhammad Muhammad

💗

Hay Gler
Hay Gler

Very good song

Kyaw Nyine Soe
Kyaw Nyine Soe

xi