Listen to Lat Khote song with lyrics from Various

Lat Khote

Various, Eternal Gosh24 Feb 2017

Lat Khote Lyrics

သီချင်း - လက်ခုပ်

တေးဆို - Eternal Gosh

 

လက်ခုပ်တီးဖို့ လက်နှစ်ဖက်လိုပါတယ်

စွယ်တော်ရွက်တစ်ခုလို မင်းနဲ့ငါအမြဲရှိချင်တယ်

မင်းနဲ့ဝေးလို့မဖြစ်ဘူး

ဘယ်သူမှ ငါ့ဘက်ရပ်တည်သူမရှိလည်း

တံတိုင်းတစ်ခုလို မင်းရှေ့ငါအမြဲရှိပါတယ်

အဆိုးဆုံး ဒုက္ခတွေအတွက်

လက်ခုပ်တီးဖို့လက်တစ်ဖက်နဲ့ တီးလို့မဖြစ်ဘူး

မင်းလက်တစ်ဖက်က

ငါ့ရဲ့ဘဝအတွက် အင်အားပါ

မင်းပါးလေး ငါသိက္ခာနဲ့ရင်းပြီးတော့ထိ

ငါ့လက်တစ်ဖက်ကို မင်းမာနနဲ့ရင်းပြီးတော့တွေး

တည်ဆောက်ထားတဲ့ ဒို့အနာဂတ်တွေ

မပျက်စီးဘူး တစ်နေ့

 

မျှော်လင့်ထားခဲ့တာတွေ

ပျက်စီးလို့သွားချိန်ကျရင် မငိုနဲ့

ပြန်လည် အသက်သွင်းလိုက်

ငါ့လက်မောင်းပေါ် မျက်ရည်လေးဇာတ်သိမ်းလိုက်

သက်ပြင်းလေးချ အထည်လဲပါ

စိုထားတဲ့ပါးပြင်လေးဟာ နောက်ဆုံး

ရော်နေတဲ့သစ်ရွက် ခြောက်တစ်ခုလို

မျက်ရည်စဇာတ်သိမ်းလိုက်

ဒီထက် မခါးဘူး

 

ဒီထက်မခါးဘူး ဒို့တွေရှေ့ဆက်ချိုမြိန်မယ်

အနာဂတ်သစ်တွေ ပန်းများလိုပွင့်လို့နေတယ်

စိတ်ဓါတ်မကျလိုက်ပါနဲ့

စိတ်ဓါတ်ကျလို့ မင်းမျက်နှာငယ်စဉ်

လှိုင်းခတ်ဒဏ်မခံနိုင်လို့ သနားလို့ပါကွယ်

နင်မျက်လွှာလေးကိုမချပါနဲ့ ငါပိုစိတ်ဆင်းရဲရတယ်

လက်ခုပ်တီးဖို့ လက်တစ်ဖက်နဲ့တီးလို့မဖြစ်ဘူး

မင်းလက်တစ်ဖက်ကို

ဘဝနဲ့ရင်းကာ မျှော်လင့်ထားတယ်

 

မျှော်လင့်ထားခဲ့တာတွေ

ပျက်စီးလို့သွားချိန်ကျရင် မငိုနဲ့ (မငိုပါနဲ့)

ပြန်လည် အသက်သွင်းလိုက်

ငါ့လက်မောင်းပေါ် မျက်ရည်လေးဇာတ်သိမ်းလိုက်

သက်ပြင်းလေးချ အထည်လဲပါ

စိုထားတဲ့ပါးပြင်လေးဟာ နောက်ဆုံး (ဒါနောက်ဆုံး)

ရော်နေတဲ့သစ်ရွက် ခြောက်တစ်ခုလို

မျက်ရည်စဇာတ်သိမ်းလိုက် Ho Yeah...

ဒီထက်မခါးဘူး

 

လက်ခုပ်တီးဖို့ လက်တစ်ဖက်နဲ့တီးလို့မဖြစ်ဘူး

မင်းလက်တစ်ဖက်က ငါ့ရဲ့ဘဝအတွက်အင်အားပါ

 

မျှော်လင့်ထားခဲ့တာတွေ

ပျက်စီးလို့သွားချိန်ကျရင် မငိုနဲ့ (မငိုပါနဲ့)

ပြန်လည် အသက်သွင်းလိုက်

ငါ့လက်မောင်းပေါ် မျက်ရည်လေးဇာတ်သိမ်းလိုက်

သက်ပြင်းလေးချ အထည်လဲပါ

စိုထားတဲ့ပါးပြင်လေးဟာ နောက်ဆုံး (ဒါနောက်ဆုံး)

ရော်နေတဲ့သစ်ရွက် ခြောက်တစ်ခုလို

မျက်ရည်စဇာတ်သိမ်းလိုက်

 

ဒီထက်မခါးဘူး

Comments for Lat Khote (30)

Victor von Doom
Victor von Doom

Eternal Gosh သီချင်းကိုလူတွေသိပ်မသိတဲ့အချိန်ထဲက YouTube မှာမွှေရင်းတွေ့လို့နားထောင်မိတော့ ဘာလဲဟပေါ့ အဲ့တည်းကကြိုက်သွားတာ မိုးမခအိမ်မက်ခရမ်းပြာ သူငယ်ချင်းတွေညဖက်မူးပြီး ကီလို၂၀လောက်ရှိတဲ့ခရီးကို Eternal Gosh သီချင်းနားထောင်ပြီးလမ်းလျှောက်ပြန်ကြတာ လမ်းပေါ်မှာ Videoတွေရိုက်သီချင်းအော်ဆိုကြပေါ့ အဲ့ထဲမှာပါတဲ့သူငယ်ချင်းအကိုတစ်ယောက်တော့ သူ့အဖေသူငယ်ပြန်ပြီး darနဲ့ထို-းခံရလို့အသက်ပါသွားရတယ်ကြာပြီးပေါ့ သီချင်းကိုကြားတိုင်းသတိရမိသေးတယ် ဒါကအမှတ်အရဆုံးပဲ

Hein Min Soe
Hein Min Soe

❤️

Aung Myo Oo
Aung Myo Oo

❤️

Phyo Paing Tun
Phyo Paing Tun

❤️

Joke Htp
Joke Htp

😍😍

Poe Kayin Lay
Poe Kayin Lay

အားပေးတယ်

Hla Min Oo
Hla Min Oo

good

Sunshine
Sunshine

so good 😊

Shan Mon
Shan Mon

dcb

မောင်နိူင်အေး အသေးလေး​ဆိုတော့ အားပေးတယ် ပျော

Ai Noung
Ai Noung

Good