เนื้อเพลง Coming Home
သီချင်း - Coming Home
တေးဆို - David Lai
မရေရာတဲ့လမ်းတွေပေါ် မမောတမ်းသွားနေတာ
ဘယ်နေရာ ရောက်နေနေ ခိုနားဖို့မတွေးပါလား
ရင်ထဲမှာ ငါတမ်းတ မျှော်လင့်မိတဲ့ငါ့အိမ်လေး
လူတကာမေး ဘယ်မှာမတွေ့
ကမ္ဘာကုန်ကျယ်သရွေ့ အဝေးကြီးဝေး
ငါနေချင်တဲ့အိမ်လေးတစ်လုံး
ကမ္ဘာကြီးထဲပျောက်ဆုံး
ရှာဖွေနေတာမောပန်းလွန်း
လောကကိုလည်း မုန်း
ဟိုအဝေးကိုယ့်အတွေး
တိမ်ပေါ်ရေးတဲ့အိမ်လေးတစ်လုံး
ဟိုအဝေးကိုယ့်အတွေး
တိမ်တွေထဲကအိမ်လေးတစ်လုံး
Coming Home … Coming Home...
ဒီအချိန်မှာအိပ်ကပ်ထဲ လက်မှတ်များစွာရယ်
လေယာဉ်တွေကားတွေနဲ့ ဘဝရဲ့ခရီးတွေမနဲ
ငါသွားတယ် ပြန်ခဲ့တယ်
ဘာမှမထူးခြားဘူး ရင်ထဲ
ဘယ်မှာလဲ ဘယ်တော့လဲ
ဘယ်သူလမ်းပြပေးနိုင်မလဲ
ငါနေချင်တဲ့အိမ်လေးတစ်လုံး
ကမ္ဘာကြီးထဲပျောက်ဆုံး
ရှာဖွေနေတာမောပန်းလွန်း
လောကကိုလည်း မုန်း
ဟိုအဝေးကိုယ့်အတွေး
တိမ်ပေါ်ရေးတဲ့အိမ်လေးတစ်လုံး
ဟိုအဝေးကိုယ့်အတွေး
တိမ်တွေထဲကအိမ်လေးတစ်လုံး
Coming Home … Coming Home....
အမှောင်မှာတစ်ခါ အလင်းမှာတစ်ခါ
အလှည့်ကျသွားနေတာ
အမှန်တွေရယ် အမှားတွေရယ်
ငါခေါက်တုန့်ခေါက်ပြန်နဲ့
တံခါးတွေဖွင့်ထားတယ်
ဝင်ကြည့်မိတော့အမုန်းတွေပဲ
မလိုချင်ဘူး မနေချင်ဘူး
အကြိမ်ကြိမ် ငါပြေးထွက်ခဲ့တယ်
(Coming Home) ငါနေချင်တဲ့အိမ်လေးတစ်လုံး
ကမ္ဘာကြီးထဲပျောက်ဆုံး
(Coming Home) ရှာဖွေနေတာမောပန်းလွန်း
လောကကိုလည်း မုန်း
ဟိုအဝေးကိုယ့်အတွေး
တိမ်ပေါ်ရေးတဲ့အိမ်လေးတစ်လုံး
ဟိုအဝေးကိုယ့်အတွေး
တိမ်တွေထဲကအိမ်လေးတစ်လုံး
Coming Home...
เกี่ยวกับเพลงนี้ :
Coming Home จาก David Lai ปล่อยเมื่อวันที่ 13 ก.พ. 2018. ฟังเพลง Coming Home พร้อมทั้งเนื้อเพลงโดย David Lai. ดาวน์โหลด JOOX Application เพื่อฟังเพลง Coming Home และ ดูมิวสิควีดีโอเพลง Coming Home แบบ online ได้ทันที!
Tags ที่เกี่ยวข้อง :
Coming Home (โดย David Lai), Coming Home, Coming Home มิวสิควีดีโอ, Coming Home เนื้อเพลง, David Lai เพลง