收听Yair Yint Aung的Nhae歌词歌曲

Nhae

Yair Yint Aung, Nay, Adjustor, Yung Hugo2021年6月25日

Nhae 歌词

သီချင်း - ငဲ့

Artist - Yair Yint Aung, Nay,

Adjustor, Yung Hugo, Grace, D-Vision, EIllie

Producers - Blessed Tunez, VLENK

 

တစ်လောကလုံးမှောင်မဲ

ဘယ်သူ့ကိုအပြစ်တင်မလဲ???

ကိုယ်ရေးတဲ့ သမိုင်းကောင်းဖိုဆိုတာလွဲ

ကျန်တာ မမျှော်လင့်ခဲ့ပေမယ့်

လမ်းတွေပျောက်နေဆဲ

အနာဂတ်များရယ်

အမှန်တရားက ကိုယ့်လက်ထဲမှာဆိုပြီး

ဖြေပါကွယ် အခုတော့ဘယ်မလဲ?

တစ်ချက်လောက်တော့ပြန်ငဲ့

Verse:

ဘာကြောင့် များလဲ ကွာ

နှစ် ကာလကြာ ခံစား ခဲ့တာ

မှား ယွင်းတဲ့ စနစ်မှာပိတ်မိတာ

အသုံး မဝင်တဲ့လက်မှတ်တွေ

မြောင်း ထဲမှာ ကျဲခဲ့ပါ

သတ္တိတွေ ရှိနေလည်း မျက်ကန်း လို

မသိချင်ယောင်ဆောင်ခဲ့

အခုတော့ မရတော့ ပါ

အကြောင်းဖန်ပြီး နောက်ပြန်လှည့် ဖို့

ခေါင်း ထဲ မထား တော့ပါ

ငါတို့ တိုင်းရင်းသား ကိုယ် စား ပြု

အမှန်တရားက မျက်နှာမများဘူး

လိုချင်တာငြိမ်းချမ်းမှုတခုတည်း သာ

မျော်လင့်ချက် အပြည့်နဲ့ ငါတောင်းဆု

တိုင်းပြည် တစ်ပြည် ပြန်လည်တည်ဆောက်တဲ့

အခါ ပြည်သူ သာ အခရာ ကျတာကို

သိရက် နဲ့ မပက်စက်ကြပါနဲ့

ဖိနှိပ်မှု ဆန့်ကျင်တယ်

အတိတ်မှာဘာခံစားခဲ့သလဲ

အံကြိတ်ကာ ဒီအမှန်တရားဘက်အတွက်

ရင်ထဲမှာဒဏ်ရာများနဲ့ပဲ

တော်လောက်ပြီ အိုခံစားရခက်

တစ်နေ့လုပ်မှတစ်နေ့စားရတဲ့

လူတွေလည်း ပိုမျှော်လင့်ချက်မဲ့

နောက်နေ့မနက် ဘာဆက်ဖြစ်မလဲငါ

တွေးနေရင်း အသက်ရှူဖို့ပါခက်

မှားတတ်တာ လူ့သဘာဝပါ

အမှားနည်းတာ လူ့အရည်အချင်းပဲ

စိတ်ဓာတ်ကိုပြုပြင်ကြပါ

အခုမှားရင်အခုဖြေရှင်းခဲ့

မတရားတဲ့ဥပဒေများစွာ

အသုံးချပြီးလာမဖြေရှင်းနဲ့

အလင်းနဲ့အမှောင် ကြားနေမရှိပါ

စဉ်းစားကွာ ဘာကိုနင်းမလဲ ...

Cho:

တစ်လောကလုံးမှောင်မဲ

ဘယ်သူ့ကိုအပြစ်တင်မလဲ???

ကိုယ်ရေးတဲ့ သမိုင်းကောင်းဖို့ဆိုတာလွဲ

ကျန်တာ မမျှော်လင့်ခဲ့ပေမယ့်

လမ်းတွေပျောက်နေဆဲ

အနာဂတ်များရယ်

အမှန်တရားက ကိုယ့်လက်ထဲမှာဆိုပြီး

ဖြေပါကွယ် အခုတော့ဘယ်မလဲ?

တစ်ချက်လောက်တော့ပြန်ငဲ့

Verse:

ရောင်နီလာမယ့် စက္ကန့်များရယ်

အမှောင်ထုထဲမှာ အတူစောင့်ခဲ့

ရည်မှန်းချက်များဟာလိုက်လေဝေးလေ

လက်လျှော့လိုက်ဖို့တော့မတွေး

ဒီလမ်းမကြီးပေါ် လျှောက်နေရင်း

တစ်ဝက်တစ်ပျက်နဲ့ ရှေ့ဆက်ဖို့ခက်

နေ့ရက်တို့အသက်မဲ့လွန်းတယ်

ဘယ်သူဘယ်လိုပြန်လျော်ပေးမလဲ

နင်းချေပြနေရတာအရသာရှိလားတွေးနေမိ

ရေဆန်လမ်းမှာ ပန်းတွေပွင့်မှာ

ဘယ် တော့လဲ ထပ်ပြီးတော့ပစ်ချခဲ့စရာ တစ်ခုမှမရှိ

တစ်ကပြန်စခဲ့ရတာများပြီ

သဘောထားကြီးပေးခဲ့သမျှ အသွားအပြန်မရှိ

မှိုတက်ကုန်ပြီ အိပ်မက်အသစ်စက်စက်များနဲ့

စတေးခဲ့ရတဲ့သွေးနဲ့ချွေးတွေကိုငဲ့ကြည့်

လုံးဝနောက်ပြန်လှည့်ဖို့မရှိ

Chorus:

တစ်လောကလုံးမှောင်မဲ

ဘယ်သူ့ကိုအပြစ်တင်မလဲ???

ကိုယ်ရေးတဲ့ သမိုင်းကောင်းဖို့ဆိုတာလွဲ

ကျန်တာ မမျှော်လင့်ခဲ့ပေမယ့်

လမ်းတွေပျောက်နေဆဲ

အနာဂတ်များရယ်

အမှန်တရားက ကိုယ့်လက်ထဲမှာဆိုပြီး

ဖြေပါကွယ် အခုတော့ဘယ်မလဲ?

တစ်ချက်လောက်တော့ပြန်ငဲ့

Verse:

ဘယ်လိုမှ လက်ခံလို့မရ

နားထဲမှာကြားတာနဲ့တင်ခါး

အာဏာရှင်စနစ်ဆို

အခါခါရင်နင့်လို့

အစွမ်းကုန်ဆန်ကျင့် ဝိုင်းပြီးတော့တားမယ်

ခေတ်အဆက်ဆက် နှစ်တွေများစွာ

တိုင်းပြည်ဂုတ်သွေးစုတ် အမြတ်ထုတ်ခဲ့ကြ

အမှန်တရားကိုဆုပ်ကိုင် လက်နက်မဲ့ဘဝ

ပြည်သူတွေတစုတစည်းတည်းတွန်းလှန်ကြမယ်

ဒါငါတိုအရေး ရေး ရေး ရေး ရေး ရေး

သတိတွေခါခါပြန်ပေး ပေး ပေး ပေး ပေး ပေး

လွတ်လပ်တဲ့မနက်ဖြန်များစွာနဲ့

အနာဂတ်မျိုးဆက်သစ်တွေအတွက်

လက်နက်ကိုင်အုပ်ချုပ်မယ့် စနစ်ဆိုးကို

အားလုံးဝိုင်းပြီး အမြစ်ကနေဖြတ်

အနာဂတ်လမ်းဟာ ဖြောင့်ချင်မှဖြောင့်လိမ့်မယ်

တွေးထင်ထားသလို မဟုတ်တော့တဲ့အခါ

အားကိုးဖို့ရာ ဘယ်မလဲ

ပြည်သူတွေကိုစာနာပေးလှည့်

လူငယ်တွေကတိုင်းပြည်ရဲ့အိမ်မက်အနာဂတ်

This time, we won’t be turning back

အမှားတွေကိုပြင်ပြီး အမှန်တွေကိုပြောဖို့

 

ငါတိုအားလုံးကြောက်လို့နေမှာမဟုတ်

Nhae 的评论 (4)

Shwe Aye Htun
Shwe Aye Htun

မိုက်

Lin Lin
Lin Lin

အောင်ပါစေ

အရေးတော်ပုံအောင်ရမည်❤️

Khun Ja Son
Khun Ja Son

💪💪💪

Kha Naw ❤️
Kha Naw ❤️

အရေးတော်ပုံအောင်ရမည်❤️