收听Idiots的Htat Ma Pii Neh Dawh歌词歌曲

Htat Ma Pii Neh Dawh

Idiots2016年12月22日

Htat Ma Pii Neh Dawh 歌词

သီချင်း - ထပ်မပေးနဲ့တော့

တေးဆို - ရေမွန် (Idiots)

 

ငါ့ဘဝတွေအတွက်ပါ နင်ဘယ်လိုအနိုင်ယူတာဖြစ်ဖြစ်

ငါ့မျက်ရည်အတွက်ပါ ငါဘယ်လိုနိမ့်ကျတာဖြစ်ဖြစ်

အကုန်ခံယူလိုက်တာ ဘာတပ်မက်စရာမရှိဘူး

နင်အကြိမ်ကြိမ်ပေးတဲ့ အဆိုးများအပေါ်မှာ

အနိုင်လိုချင်တဲ့အရှုံးတွေ

ငါယုံနေတဲ့အမှန်းတွေ

မတောင်းတပါဘူးကွာ

ထပ်မတောင်းတပါဘူးကွာ

ငါငိုနေဖို့စကားများ တာဝန်မယူတဲ့အမှားများ

ထပ်မပေးနဲ့တော့

 

မင်းစကားတွေအတွက်ဆို ငါဘယ်လိုမယုံနိုင်စရာဖြစ်ဖြစ်

မင်းအမှားတွေအတွက်ဆို ငါဘယ်လိုစက်ဆုပ်တာဖြစ်ဖြစ်

တကယ်ဆိုငါအကန်းပါ

နာကြည်းဖို့အတွက် မမြင်တက်ဘူး

ကျိန်စာလိုဘဝအတွက် အဆိပ်သင့်ချိန်မှာ

အနိုင်လိုချင်တဲ့အရှုံးတွေ

ငါယုံနေတဲ့အမှန်းတွေ

မတောင်းတပါဘူးကွာ

ထပ်မတောင်းတပါဘူးကွာ

ငါငိုနေဖို့စကားများ တာဝန်မယူတဲ့အမှားများ

မလိုချင်တော့ပါ နောက်ထပ်

 

ဘဝတစ်ခုစာရင်းပြီးချစ်တာ ငါ့အမှားပါ ငါ့အမှားပါ

ငါဘဝဆိုတာအနင်းချေခံ အမှိုက်တစ်ခုပါ

မင်းအတွက်ငါအသုံးမကျတာ

အကောင်းလုပ်ရင်အဆိုးဖြစ်တာ ဒါနောက်ဆုံးပါ

နင်မမြင်ချင်တဲ့ ငါ့ခန္ဓာထွက်ခွာ

အနိုင်လိုချင်တဲ့အရှုံးတွေ ငါယုံနေတဲ့အမှန်းတွေ

မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ

ငါငိုနေဖို့စကားများ တာဝန်မယူတဲ့အမှားများ

မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ

လိမ်ညာနေတဲ့အချစ်တွေ ဟန်ဆောင်နေတဲ့အပြစ်တွေ

မတောင်းတပါဘူးကွာ ထပ်မတောင်းတပါဘူးကွာ

လေကုန်ရုံမင်းကတိများ

လှောင်ရယ်သံနဲ့စကားများ ထပ်မပေးနဲ့တော့

 

သြော် …..ထပ်မပေးနဲ့တော့

Htat Ma Pii Neh Dawh 的评论 (3)

Moe Lwin
Moe Lwin

ထာဝရပါပဲidoကြီးရာ

ရင်ရင် ဖြိုး
ရင်ရင် ဖြိုး

ထူးသိချင်းများ

ထာဝရ လွမ်းနေပါ့မည်😪💔

Thi Tar
Thi Tar

ထာဝရ လွမ်းနေပါ့မည်😪💔