收听Khun Ngal Linn的Nay Yar Haung歌词歌曲

Nay Yar Haung

Khun Ngal Linn2018年7月2日

Nay Yar Haung 歌词

သီချင်း - နေရာဟောင်း

တေးဆို - ခွန်ငယ်လင်း

 

အရင်တုန်းက တို့ရဲ့နေ့များ

ပြန်တွေးတိုင်း စိတ်မှာခံစား

ရင်ထဲက အချစ်များရှိနေ

မပျောက်ဆုံးဘူး ထာဝရချစ်နေမယ်

မျှော်လင့်ခဲ့တယ် တို့အိပ်မက်လေး

ပျက်စီးသွားရင် အသက်ရှင်ခွင့်လေး

နင်ပေးခဲ့ပေါ့ အဖြေတစ်ခုရချင်တယ်

 

နင်မရှိတဲ့နေ့တွေကို ကျော်ဖြတ်

အလွမ်းများ မထားခဲ့ချင်နေပေမယ့်

 

ရင်ထဲ ရှိတဲ့အတိုင်း

ငါတို့ရဲ့ အချစ်တွေအရင်တိုင်း

မင်းနဲ့ရှိနေချိန် ဘာမှနောက်ထပ်မရချင်နေ

ငါတို့နှစ်ယောက် ဝေးကွာချင်တော့

ရင်ထဲက မသိစိတ်ကနေ

တောင်းတမိတယ် မင်းကို

အရင်လိုအမြဲတမ်း တွေ့ချင်တယ်

နေရာဟောင်းလေး

 

ငါထားခဲ့တဲ့ သံယောဇဉ် မကုန်သရွေ့

တကယ်တမ်းမမုန်းဘူး ချစ်နေမှာပဲ

လိုအပ်ချက် ဒီအတိုင်းထားရင်

မလွယ်တော့ဘူး နင်မေ့လိုက်ပါတဲ့

ညတိုင်းတို့အတူ ရှိနေရင်လည်း

အရင်တုန်းကလို မင်းမပါတော့ပဲ

တစ်ယောက်တည်းပဲ

ငါနေတတ်အောင် နေခဲ့လည်း

မခံနိုင်ဘူး အလွမ်းတွေရယ်

 

နင်မရှိတဲ့နေ့တွေကို ကျော်ဖြတ်

အလွမ်းများ မထားခဲ့ချင်နေပေမယ့်

 

ရင်ထဲ ရှိတဲ့အတိုင်း

ငါတို့ရဲ့ အချစ်တွေအရင်တိုင်း

မင်းနဲ့ရှိနေချိန် ဘာမှနောက်ထပ်မရချင်နေ

ငါတို့နှစ်ယောက် ဝေးကွာချင်တော့

ရင်ထဲက မသိစိတ်ကနေ

တောင်းတမိတယ် မင်းကို

အရင်လိုအမြဲတမ်း တွေ့ချင်တယ်

နေရာဟောင်းလေး

 

နင်မရှိတဲ့နေ့တွေကို ကျော်ဖြတ်

အလွမ်းများ မထားခဲ့ချင်နေပေမယ့်

 

ရင်ထဲ ရှိတဲ့အတိုင်း

ငါတို့ရဲ့ အချစ်တွေအရင်တိုင်း

မင်းနဲ့ရှိနေချိန် ဘာမှနောက်ထပ်နောက်ထပ်မရချင်နေ

 

ရင်ထဲ ရှိတဲ့အတိုင်း

ငါတို့ရဲ့ အချစ်တွေအရင်တိုင်း

မင်းနဲ့ရှိနေချိန် ဘာမှနောက်ထပ်မရချင်နေ

ငါတို့နှစ်ယောက် ဝေးကွာချင်တော့

ရင်ထဲက မသိစိတ်ကနေ

တောင်းတမိတယ် မင်းကို

အရင်လိုအမြဲတမ်း တွေ့ချင်တယ်

နေရာဟောင်းလေး

ဟိုး နေရာဟောင်းလေး

ဟူး .. ဟူး ဟူး

နေရာဟောင်းလေး

နေရာဟောင်းလေး

ဟူး

 

မျှော်လင့်ခဲ့တယ် တို့အိပ်မက်လေး

ပျက်စီးသွားရင် အသက်ရှင်ခွင့်လေး

 

နင်ပေးခဲ့ပေါ့ အဖြေတစ်ခုရချင်တယ်

Nay Yar Haung 的评论 (1)

Naing Naing
Naing Naing

ရာ၀န