A Thet Nguig Nguig 歌词
သီချင်း - အသက်ငွေ့ငွေ့
တေးဆို - ရေမွန် (Idiots)
အမှန်ပြောပါ
ငါယုံကြည်ခဲ့ရသမျှဟာ မုသားစကားများ
ပြန်ပေးပါဒီအမာရွတ်များနဲ့
အတိတ်တွေငါမသိတဲ့ဘဝ
မခံနိုင်ဘူး
ဒါအဆိပ်ခတ်ထားတဲ့ဆူး
ငါနှုတ်လို့မရတော့ဘူး
ရင်ဘတ်ထဲချုပ်ရိုးများနဲ့ပြန့်ကြဲ
(အသက်ငွေ့ငွေ့လေးပါ)နင်ဖောက်စားလို့ငါ့ရဲ့ဦးနှောက်ပျက်တာ
(အသက်ငွေ့ငွေ့လေးပါ)ဘယ်အရာအကောင်းလဲအဆိုးလဲမခွဲတတ်တော့ပါ
အသက်ငွေ့ငွေ့လေးနဲ့ နင်မသေရုံအသုံးချခဲ့မဲ့အစား
သေသွားခဲ့ရင်ပိုကောင်းမှာ
မတန်ဘူးကွာ ငါပုံအပ်ထားခဲ့တဲ့ ဘဝဟာ
အမှိုက်များကြားထဲမှာ ပစ်ထားခဲ့
နင်လိုရာသုံးပြီးငါ့မှာဘာမှမရှိတဲ့အခါ
မခံနိုင်ဘူး
ဒါအဆိပ်ခတ်ထားတဲ့ဆူး
ငါနှုတ်လို့မရတော့ဘူး
ရင်ဘတ်ထဲချုပ်ရိုးများနဲ့ပြန့်ကြဲ
(အသက်ငွေ့ငွေ့လေးပါ)နင်ဖောက်စားလို့ငါ့ရဲ့ဦးနှောက်ပျက်တာ
(အသက်ငွေ့ငွေ့လေးပါ)ဘယ်အရာအကောင်းလဲအဆိုးလဲမခွဲတတ်တော့ပါ
အသက်ငွေ့ငွေ့လေးနဲ့ နင်မသေရုံအသုံးချခဲ့မဲ့အစား
သေသွားခဲ့ရင်ပိုကောင်းမှာ
အဆုံးသတ်ပေးတော့မနှိပ်စက်နဲ့
အဆုံးသတ်ပေး
(မင်းကြောင့်)စဉ်းစားဖို့ဦးနှောက်အလုပ်မလုပ်တော့
(မင်းကြောင့်)အကောင်းနဲ့အဆိုးလုံးဝမခွဲတတ်တော့
(မင်းကြောင့်)အသက်ငွေ့ငွေ့အဆုံးသတ်ပေးလိုက်တော့
(အသက်ငွေ့ငွေ့လေးပါရုန်းထွက်ခွင့်ပေးပါ မင်းလက်ခုပ်ထဲကငါ့ဘဝ
အသက်ငွေ့ငွေ့လေးပါရုန်းထွက်ခွင့်ပေးပါ မင်းလက်ခုပ်ထဲကငါ့ဘဝ
အသက်ငွေ့ငွေ့လေးပါရုန်းထွက်ခွင့်ပေးပါ မင်းလက်ခုပ်ထဲကငါ့ဘဝ
အသက်ငွေ့ငွေ့လေးပါရုန်းထွက်ခွင့်ပေးပါ မင်းရဲ့အကျဉ်းသားဘဝနဲ့ငါ
နင်ဖောက်စားလို့ငါ့ရဲ့ဦးနှောက်ပျက်တာ
(အသက်ငွေ့ငွေ့လေးပါ)ဘယ်အရာအကောင်းလဲအဆိုးလဲမခွဲတတ်တော့ပါ
အသက်ငွေ့ငွေ့လေးနဲ့ နင်မသေရုံအသုံးချခဲ့မဲ့အစား
သေသွားခဲ့ရင်ပိုကောင်းမှာ
(ဒီအသက်ငွေ့ငွေ့အား)×2
အဆုံးသတ်ပေးလိုက်တော့