Dengarkan lagu Mask nyanyian Various dengan lirik

Mask

Various, Mary28 Sep 2017

Lirik Mask

သီချင်း - Mask

တေးဆို - Mary

 

ဒီတစ်ခုတော့ဖြေပါ

ရင်ဘတ်ထဲမှာ နင်အချစ်ရှိသေးလား

မပြတ်တဲ့ သံယောဇဉ် အမျှင်လေးကြောင့်မို့

ငါ့ရင် ကိုခွဲဖို့ဝန်လေးဆဲလား

ဒီထိုးနှက်ချက်များ

ပူလောင်ကာနေတယ် ကြိုးဝိုင်းထဲမှာ

ဒဏ်ရာများနဲ့တစ်ယောက်ဆီ နာကြည်းချက်များသည်

တွယ်ငြိဖို့တန်သေးရဲ့လား

အချစ်တို့ကင်းမဲ့တဲ့ကမ္ဘာ

နှလုံးသားချင်းဆက်သွယ်မရ

နှုတ်ဖျားကချစ်တယ်ပြောပေမယ့်

မင်းလုပ်ရပ်တွေသက်သေပဲ

ငါ့ဘက်ငဲ့လို့တစ်ချက်ကိုမကြည့်

ငါ့ဘက်က နင်တစ်စက်မှမရှိ

သိမ်းသင့်တဲ့ဇာတ်ထုတ်ကြီး ပေးဆပ်ရတာစိတ်ကုန်ပြီ

ချောင်မှာငါဟာထွက်ပေါက်မဲ့

အကျဉ်းသားဘဝကိုအဆုံးသတ်ပြီး

I'm Breaking Free

ငါအပြစ်လုပ်မိလား ချည်တဲ့ကြိုးတွေကတင်းလွန်းခဲ့လား

ချောင်ထိုးလို့ရတဲ့ ကော်ပတ်ရုပ်လေးလို

တန်ဖိုးများမဲ့သွားပြီလား

ဒီတစ်ခုတော့ဖြေပါ

ရင်ဘတ်ထဲမှာ နင်အချစ်ရှိသေးလား

ဖန်တီးဖို့ခက်တယ် ပျက်ဆီးဖို့သိပ်လွယ်

မျက်နှာဖုံးများကွာချလို့သွား

နှုတ်ဖျားကချစ်တယ်ပြောပေမယ့်

မင်းလုပ်ရပ်တွေသက်သေပဲ

ငါ့ဘက်ငဲ့လို့တစ်ချက်ကိုမကြည့်

ငါ့ဘက်က နင်တစ်စက်မှမရှိ

သိမ်းသင့်တဲ့ဇာတ်ထုတ်ကြီး ပေးဆပ်ရတာစိတ်ကုန်ပြီ

ချောင်မှာငါဟာထွက်ပေါက်မဲ့

အကျဉ်းသားဘဝကို အဆုံးသတ်ပြီး

I'm Breaking Free

နှုတ်ဖျားကချစ်တယ်ပြောပေမယ့် ( မင်းပြောခဲ့လည်း )

မင်းလုပ်ရပ်တွေသက်သေပဲ ( ငါသည်းသည်းခံခဲ့ )

ငါ့ဘက်ငဲ့လိုတစ်ချက်ကိုမကြည့် (မကြည့်ခဲ့တာနော် )

ငါ့ဘက်က နင်တစ်စက်မှမရှိ

သိမ်းသင့်တဲ့ဇာတ်ထုတ်ကြီး ( ဒါဇာတ်သိမ်းပဲ )

ပေးဆပ်ရတာစိတ်ကုန်ပြီ ( ငါစိတ်ပျက်တယ် တကယ် )

ချောင်မှာငါဟာထွက်ပေါက်မဲ့

အကျဉ်းသားဘဝကို အဆုံးသတ်ပြီး

မျက်နှာဖုံးများဝတ်လို့ထားတယ် ( ငါအဆုံးသတ်ခဲ့ပြီ )

မျက်နှာဖုံးများကျွတ်လို့သွားတယ် ( I'm gonna break free )

မျက်နှာဖုံးတို့အပြုံးရဲ့နောက်ကွယ် ( I finally free)

နင်ဘာတွေများ ဖုံးထားနေလဲ???

မျက်နှာဖုံးများဝတ်လို့ထားတယ်

မျက်နှာဖုံးများကျွတ်လို့သွားတယ်

မျက်နှာဖုံးတို့အပြုံးရဲ့နောက်ကွယ်

နင်ဘာတွေများ ဖုံးထားနေလဲ???

နောက်ဆုံးတစ်ခုဖြေပါ

 

ရင်ဘတ်ထဲမှာ နင်အချစ်ရှိရဲ့လား

Komen untuk Mask (1)

Phuu Phuu Chi Ko
Phuu Phuu Chi Ko

😥😥😥