Lirik Ngar Ant Aww
သီချင်း - ငါအံ့သြ
တေးဆို - Eternal Gosh
မှောင်နက်မဲ လမ်းမထက်မှာ
တစ်ယောက်တည်းထားခဲ့တယ်
မီးအိမ်လေးကိုင်စွဲပြီးတော့
အဝေးကို ထွက်ပြေးတယ်
လူနေမှု အဆင့်အတန်းမြင့်သောနေရာများ
လက်ညိုးထိုးကာ ပြောဖူးတယ်
နှစ်ယောက်သား ကမ္ဘာကြီး
နတ်ပြည်ရှုံးရလောက်အောင် တည်ဆောက်ကြမယ်
မျှော်လင့်ချက်များ ပေးဖူးတယ်
တကယ့်တကယ်တမ်းတော့ ပုံပြင်ပဲ
မင်းလိုအချစ်ကို ဦးနှောက်ရေးနဲ့
ဆုံးဖြတ်ရကြေးဆိုရင်လည်း .. သြော်
ငါလည်းလူပဲ အသည်းကနာတတ်တယ်
မုသားပါတဲ့ စကားတွေနဲ့ညာတတ်တယ်
မင်းလိုမျိုးတိတ်တိတ်ပုန်းကလေး
ရည်းစား ခိုးထားကြေးဆိုရင်လဲကွယ်
လွယ်ပေမယ့် .. မင်းလိုမဟုတ်ဘူးကွယ်
ငါ့ထက်သာသောသူဆီ သွားပြီ
ငါလိုလူ မင်းဘဝထဲမှာအသုံးမဝင်တော့ဘူး
သစ္စာတရားကို ငှဲ့မကြည့်တော့ဘူး
ငါ့ထက်သာသောသူဆီ သွားပြီ
မိုးမြင့်ထက်က ဘဝတွေကိုမှ
တပ်မက်ပြီးတော့ အထင်ကြီးရလေသလား
ငါ ဝမ်းနည်းတယ်
ငါ့ထက်သာတဲ့သူမှ ရင်ခုန်သလား
ငါ့ထက်သာတဲ့သူမှ ယုံတတ်သလား
ငါအံ့သြ
မှောင်နက်မဲ လမ်းမထက်မှာ
တစ်ယောက်တည်းထားခဲ့တယ်
မီးအိမ်လေး ကိုင်စွဲပြီးတော့
အဝေးကိုထွက်ပြေးတယ်
လူနေမှု အဆင့်အတန်းမြင့်သောနေရာများ
လက်ညိုးထိုးကာ ပြောဖူးတယ်
နှစ်ယောက်သားကမ္ဘာကြီး
နတ်ပြည်ရှုံးရလောက်အောင် တည်ဆောက်ကြမယ်
မျှော်လင့်ချက်များ ပေးဖူးတယ်
တကယ့်တကယ်တမ်းတော့ ပုံပြင်ပဲ
မင်းလိုအချစ်ကို ဦးနှောက်ရေးနဲ့
ဆုံးဖြတ်ရကြေးဆိုရင်လည်း .. သြော်
ငါလည်းလူပဲ အသည်းကနာတတ်တယ်
မုသားပါတဲ့ စကားတွေနဲ့ညာတတ်တယ်
မင်းလိုမျိုး တိတ်တိတ်ပုန်းကလေး
ရည်းစား ခိုးထားကြေးဆိုရင်လဲကွယ်
လွယ်ပေမယ့် .. မင်းလိုမဟုတ်ဘူးကွယ်
ငါ့ထက်သာသောသူဆီ သွားပြီ
ငါလိုလူ မင်းဘဝထဲမှာအသုံးမဝင်တော့ဘူး
သစ္စာတရားကို ငှဲ့မကြည့်တော့ဘူး
ငါ့ထက်သာသောသူဆီ သွားပြီ
မိုးမြင့်ထက်က ဘဝတွေကိုမှ
တပ်မက်ပြီးတော့ အထင်ကြီးရလေသလား
ငါ ဝမ်းနည်းတယ်
ငါ့ထက်သာတဲ့သူမှ ရင်ခုန်သလား
သြော် .. ငါ့ထက်သာတဲ့သူမှ ယုံတတ်သလား
ငါ့ထက်သာသောသူဆီ သွားပြီ
ငါလိုလူ မင်းဘဝထဲမှာအသုံးမဝင်တော့ဘူး
သစ္စာတရားကို ငှဲ့မကြည့်တော့ဘူး
ငါ့ထက်သာသောသူဆီ သွားပြီ
မိုးမြင့်ထက်က ဘဝတွေကိုမှ
တပ်မက်ပြီးတော့ အထင်ကြီးရလေသလား
ငါ ဝမ်းနည်းတယ်
ငါ့ထက်သာတဲ့သူမှ ရင်ခုန်သလား Ahh
သြော် .. ငါ့ထက်သာတဲ့သူမှ ယုံတတ်သလား
ငါအံ့သြ
Lagu Berkaitan
Komen untuk Ngar Ant Aww (9)
သတိရတယ် သီဟဇော်ရေ😍💗💗💗😭
စာသားလေးပါ တင်ပါ
,_พ100
အရမ်းမိုက်
EG💯
like
Eternal Gosh များများတင်ပေးပါ
အပြည့်တင်ပေးပါ
💗