Listen to Min Neh Nii Phuh song with lyrics from Idiots

Min Neh Nii Phuh

Idiots22 Dec 2016

Min Neh Nii Phuh Lyrics

သီချင်း - မင်းနဲ့နီးဖို့

တေးဆို - ရေမွန် (Idiots)

 

မင်းကိုတန်ဖိုး ထားချင်တယ်

ငါ့အသက်နဲ့ ရင်းပြီးကွယ်

ဖြစ်ပျက်ခဲ့တာ အားလုံး မေ့ပစ်ခဲ့

ဘဝကိုပြန်စဖို့ ငါ့တို့နှစ်ဦး

လက်တွေ တွဲထားမယ်

အသက်ဝိညာဉ် လွင့်ပျယ်တဲ့ အထိကွယ်

 

ငါဒီမှာ မင်းနဲ့နီးဖို့ ကြိုးစားနေတယ်

ယုံကြည်ခြင်းတွေ ဖြန့်ကျက်ရင်း

ဆက် အသက်ရှင်ကြမယ်

အတိတ်ဆိုးများ လဲ

ပုံပြင်တွေလို သင်ပုန်းချခဲ့

ငါဒီမှာ မင်းနဲ့နီးဖို့ ကြိုးစားနေတယ်

အရင်တစ်ခါလို အမှားမှားယွင်းယွင်း

မဖြစ်တော့ဘူး ကွယ်

နင်ကျေနပ်ရဲ့ လား

ပျော်နိုင်မှလိုက်ပါ

မင်းသဘော လိုတယ်

 

မင်းဟာကိုယ်နဲ့ ဘဝတူပဲ

အချစ်ငတ်ခဲ့ဘူး ပါတယ်

ရှုံးနိမ့်ခြင်းကို ကောင်းကောင်းကြီးနားလည်

ဘဝအပေါ်မှာ စွန်းထင်းနေတဲ့

အမည်းစက်တွေလဲ ရှိမယ်

အားလုံးကို နားလည်ခွင့်လွှတ်တယ်

ခွင့်လွှတ် တယ်...

 

ငါဒီမှာ မင်းနဲ့နီးဖို့ ကြိုးစားနေတယ်

ယုံကြည်ခြင်းတွေ ဖြန့်ကျက်ရင်း

ဆက် အသက်ရှင်ကြမယ်

အတိတ်ဆိုးများ လဲ

ပုံပြင်တွေလို သင်ပုန်းချခဲ့

ငါဒီမှာ မင်းနဲ့နီးဖို့ ကြိုးစားနေတယ်

အရင်တစ်ခါလို အမှားမှားယွင်းယွင်း

မဖြစ်တော့ဘူး ကွယ်

နင်ကျေနပ်ရဲ့ လား

ပျော်နိုင်မှ လိုက်ပါ

မင်းသဘော လိုတယ်...

ရေး.. ဟေး.... ဟူး...

 

ငါဒီမှာ မင်းနဲ့နီးဖို့ ကြိုးစားနေတယ်

ယုံကြည်ခြင်းတွေ ဖြန့်ကျက်ရင်း

ဆက် အသက်ရှင်ကြမယ်

အတိတ်ဆိုးများ လဲ

ပုံပြင်တွေလို သင်ပုန်းချခဲ့..

 

ငါဒီမှာ မင်းနဲ့နီးဖို့ ကြိုးစားနေတယ်

အရင်တစ်ခါလိုအမှားမှား အယွင်းယွင်း

မဖြစ်တော့ဘူး ကွယ်

နင်ကျေနပ်ရဲ့ လား

ပျော်နိုင်မှ လိုက်ပါ

မင်းသဘော လိုတယ်...

 

အား..ဟာ..

Comments for Min Neh Nii Phuh (32)

ကို ထွန်း
ကို ထွန်း

ကရင်သချင်

Assy Six
Assy Six

"ဆျာတွတ်" ခင်ဗျားအဲ့မှာအဆင်ပြေရဲ့လား။အဆင်ပြေပါစေ။ခင်ဗျားလျှောက်ခဲ့တဲ့လမ်းစဥ်အတိုင်းသွားနိုင်အောင်ကြိုးစားနေပါတယ်။🙏😭

Nyi Nyi Lwin
Nyi Nyi Lwin

❤️❤️❤️

Thét Wài Hñin
Thét Wài Hñin

❤️

Oo Kyaw Gyi
Oo Kyaw Gyi

❤️

Thu Aung
Thu Aung

❤️

Taniso
Taniso

❤️

phyo
phyo

miss you 😭

MusicFan
MusicFan

❤️

Yan M A Jlp
Yan M A Jlp

😭လွမ်းတယ်