Listen to Twet Yah Tar Wuan Thar Dae song with lyrics from Idiots

Twet Yah Tar Wuan Thar Dae

Idiots22 Dec 2016

Twet Yah Tar Wuan Thar Dae Lyrics

သီချင်း - တွေ့ရတာဝမ်းသာတယ်

တေးဆို - ရေမွန် (Idiots)

 

မင်းကိုတွေ့နိုင်ဖို့

ငါဘယ်လောက်အားတင်းထားတာမြင်ရဲ့လား

မငိုမိအောင် အတန်တန်ထိန်းထားတဲ့ကြားက

မင်းစိတ်ညစ်သွားမှာစိုးလို့

ဟန်ဆောင်ကာပြုံးနေရခြင်းအတွက်

နှလုံးသွေးကြောများတောင်ပျက်လုပြီဘာကြောင့်ရယ်ငါမသိရှိ

အတိတ်ဘဝကဝဋ်ကြွေးလား

ငါမေ့ပစ်လို့မရခဲ့မင်းပဲမင်းပဲ

အရင်လိုစွဲလမ်းမှုတွေနဲ့

 

မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်

သူစိမ်းလို့ပြောပြောမင်းစကားပြန်ကြားမယ်

နာကျင်နေလည်း အားတင်းထားမယ်

မင်းအနားမှာရှိသင့်နေ

မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်

အတိတ်ကအကြောင်းတွေခေါင်းထဲအပြည့်ပဲဟေ့

ငါဘာကြောင့်များအခုထိမမေ့

သေရာပါမယ့်မင်းပုံရိပ်

 

မင်းအသံကြားနိုင်ဖို့ငါဘယ်လောက်နားစွင့်ရတာ နင်သိလား

ပြန်ကြားချင်နေတာအမုန်းကင်းတဲ့စကားများ

ငါ့အသက်ရှင်ခြင်းတွေအား ဟိုအရင်လိုအဓိပ္ပာယ်ဖွင့်ပေးဖို့

မင်းခွင့်မပြုတဲ့အခါ ဘာကြောင့်ငါရှင်ရမယ့်အဖြေကမရှိ

ဘယ်လိုငါရပ်တည်ရမှန်းမသိ

 

မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်

သူစိမ်းလို့ပြောပြောမင်းစကားပြန်ကြားမယ်

နာကျင်နေလည်း အားတင်းထားမယ်

မင်းအနားမှာရှိသင့်နေ

မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်

အတိတ်ကအကြောင်းတွေခေါင်းထဲအပြည့်ပဲဟေ့

ငါဘာကြောင့်များအခုထိမမေ့

သေရာပါမယ့်မင်းပုံရိပ်

 

အကောင်းဆုံးလမ်းများရွေးခဲ့ရင်

ပျော်ရွှင်နေနိုင်မယ် ငါတို့နှစ်ယောက်ရဲ့ခရီး

ငါမှားယွင်းမှုတို့မရှိခဲ့ရင်

နင်မုန်းတဲ့လူဖြစ်ဖို့ဇာတ်လမ်းမရှိ

အခုတော့အိပ်မက်ကနိုးသွားသလို

မင်းစွန့်ပစ်ထားခဲ့တာဆိုး ရေး

ငါဘာ့ကြောင့်အသက်ရှင်ရမှန်းမသိ

 

အကောင်းလားအဆိုးလား ငါမသိပါ

ပြန်ဆုံတွေ့တဲ့အခိုက်အတန့်မှာ

အားလုံးပြောင်းလဲအရင်လိုမျိုးမဟုတ်တော့ပေမယ့်

 

(မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်

သူစိမ်းလို့ပြောပြောမင်းစကားပြန်ကြားမယ်

နာကျင်နေလည်း အားတင်းထားမယ်

မင်းအနားမှာရှိသင့်နေ

မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်

အတိတ်ကအကြောင်းတွေခေါင်းထဲပြည့်နှက်လို့

ငါဘာကြောင့်များအခုထိမမေ့

သေရာပါမယ့်မင်းပုံရိပ်

မင်းနဲ့တွေ့ရတဲ့အတွက်ဝမ်းသာတယ်

သူစိမ်းလို့ပြောပြောမင်းစကားပြန်ကြားမယ်

နာကျင်နေလည်း အားတင်းထားမယ်

မင်းအနားမှာရှိသင့်လို့

မင်းအနားမှာရှိသင့်လို့

ငါဘာကြောင့်များအခုထိမမေ့

 

သေရာပါမယ့်မင်းပုံရိပ်

Comments for Twet Yah Tar Wuan Thar Dae (1)

Zinghang Hkawnlin
Zinghang Hkawnlin

fav song since teenage wai mon 👍