收聽Various Artists的Tagar Phwint Htar Bar De歌詞歌曲

Tagar Phwint Htar Bar De

Various Artists, Shwe Htoo2017年2月24日

Tagar Phwint Htar Bar De 歌詞

သီချင်း - တံခါးဖွင့်ထားပါတယ်

တေးဆို - ရွေထူး

 

ငါ့ဦးနှောက်ကတိများလွမ်းနေတယ် ရေး...

နှလုံးသားလေး ဖာဖို့အပ်တွေဝယ်

စုတ်ပြတ်သွားပြီ ဘာကျန်သေးလဲ

ငါဆိုတာတောင်မရှိတော့သလိုပဲ

 

ခဏခဏငါဖုန်းဆက်တာတွေ ရေး...

မင်းမကြိုက်တော့မှန်းသိပါတယ်

မင်းပြောဘူးတယ် ငါဟာလူဆိုးတဲ့

အခုငါလိမ္မာနေပြီ ဘယ်သူ့ကြောင့်လဲ

 

မပြောင်းလဲပါကွယ်

မဟောင်းခဲ့ပါတစ်ကယ်

နင်မရှိတဲ့ ငါ့ရဲ့ရင်ခွင်ထဲမှာ

နင်သာအပိုင်ယူထားတယ်

မမှောင်ဖို့အလင်းတို့ထွန်းပေးထားတယ်

ဝင်လာနိုင်ပါတယ်

မစိုးရိမ်နဲ့

မင်းကြိုက်တတ်သော

သီချင်းလေးတွေကို

ဂစ်တာလေးတီးပြပြီးတော့

KEY များတည့်အောင်ငါဆိုတတ်ပြီ

ငိုစရာများရှိလို့ ပခုံး ကင်းမဲ့ချိန်

လိုရာပြောပါ

တံခါးဖွင့်ထားပါတယ်...

 

နင့်နှလုံးသားဘယ်လောက်များဆန့်လို့လဲ

တစ်ယောက်မကထပ်ပြီးချစ်နိုင်တယ်

အပြစ်မတွေ ့ခဲ့ပါ

ငါနားလည်ပေးခဲ့

ဒဏ်ရာတွေဟာခုထိကိုက်တုန်းပဲ

 

သေမိန့် ကျနေသောအမှုသည်လို

မျှော်လင့်ချက်ကုန်ဆုံးခဲ့ပြီ အို...

အပြစ်မှမရှိတာ

တမင်အသုံးချသွားတာ

ဒါပေမဲ့လည်း ငါ့အချစ်တွေက

မပြောင်းလဲပါကွယ်

မဟောင်းခဲ့ပါတစ်ကယ်

နင်မရှိလည်းငါ့ရဲ့ရင်ခွင်ထဲမှာ

နင်သာအပိုင်ယူထားတယ်

မမှောင်ဖို့အလင်းတို့ထွန်းပေးထားတယ်

ဝင်လာနိုင်ပါတယ်

မစိုးရိမ်နဲ့

မင်းကြိုက်တတ်သော

သီချင်းလေးတွေကို

ဂစ်တာလေးတီးပြပြီးတော့

KEY များတည့်အောင်ငါဆိုတတ်ပြီ

ငိုစရာများရှိလို့ ပခုံးကင်းမဲ့ချိန်

လိုရာပြောပါ

တံခါးဖွင့်ထားခဲ့ပါတယ်

မဟောင်းခဲ့ပါတကယ်

နင်မရှိလည်းငါ့ရဲ့ရင်ခွင်ထဲမှာ

နင်သာအပိုင်ယူထားတယ်

မမှောင်ဖို့အလင်းတို့ထွန်းပေးထားတယ်

ဝင်လာနိုင်ပါတယ်

မစိုးရိမ်နဲ့

မင်းကြိုက်တတ်သော

သီချင်းလေးတွေကို

ဂစ်တာလေးတီးပြပြီးတော့

KEY များတည့်အောင်ငါဆိုတတ်ပြီ

ငိုစရာများရှိလို့ ပခုံးကင်းမဲ့ချိန်

လိုရာပြောပါ

 

တံခါးဖွင့်ထားပါတယ်...

Tagar Phwint Htar Bar De 的評論 (88)

Zin Mg Mg
Zin Mg Mg

💗

Zaww Dinn
Zaww Dinn

😍

Min Htet
Min Htet

😍

ထွန်းထွန်း ဝင်း
ထွန်းထွန်း ဝင်း

💗

Sa Chit Htoo San
Sa Chit Htoo San

🍁💜

ချစ် လေး
ချစ် လေး

🙏

သဲငယ် ကိုကို
သဲငယ် ကိုကို

hi

hi

သဲငယ် ကိုကို
သဲငယ် ကိုကို

မင်းတွက်ဆိုအမြဲတံခါးဖွင်ထားတယ်

Aung Zin Oo
Aung Zin Oo

အရမ်းကြိုက်

Minn Htike
Minn Htike

idol 💗