收聽Various Artists的A the Kwe a Htein a Mhat歌詞歌曲

A the Kwe a Htein a Mhat

Various Artists, Phyu Phyu Han2018年12月9日

A the Kwe a Htein a Mhat 歌詞

နေရောကောင်းရဲ့လား အချစ်ရေးတော့ မမေးတော့ပါ

ငါစိတ်ပူနေလည်း နောက်လူရင်ထဲမှာ

အိမ်ပြောင်းသွားပြီလား အရင်ကလောက်မတွေ့တော့ပါစောင့်မျှော်နေလည်း နောက်ပေါ်မလာတော့ပါ

ဗေဒင်မေး ယတြာတွေချေ ပြန်အဆင်ပြေဖို့

လိုပါတယ် အချစ်ရေ နင်ပြန်လာမယ် ငါထင်နေလို့

 

မင်းသိပ်ချစ်တယ်ထင်လို့ နောက်ထပ်တခေါက်

အသည်းကွဲရမဲ့ အဖြစ်အပျက်ကို

လက်ခုပ်တီးကာ ကြိုဆိုနေသလိုမျိုး

မင်းအရမ်းချစ်တယ် ထင်လို့ နောက်ထပ်တခေါက်

အသည်းကွဲရမဲ့ အဖြစ်အပျက်ကို

လက်ခုပ်တီးကာ ဖွင့်ပွဲကြီးလုပ်နေသလို

 

စိတ်ပြောင်းသွားပြီလား သူငယ်ချင်းများ

မေးတဲ့အခါ ငါစိတ်ကုန်ပေမဲ့

ငါ့ရင်ဘတ်ထဲမှာ နေရောကောင်းလား

အရင်ကလောက်မတွေ့တော့ပါ

ငါစိတ်ပူနေလည်း နောက်လူရင်ထဲမှာ

ဗေဒင်မေးရင် ဆန်ကုန်မယ်လေ

ပြန်မဆုံနိုင်သရွေ့ မျှော်နေမယ် အချစ်ရေ

နင်ပြန်လာမယ် ယုံကြည်နေလို့

 

သိပ်ရက်စက်မယ် မထင်လို့ နောက်ထပ်တခေါက်

အသည်းကွဲရမဲ့ အဖြစ်အပျက်ကို

လက်ခုပ်တီးကာ ကြိုဆိုနေသလိုမျိုး

မင်းသိပ်ချစ်တယ်ထင်လို့

ဒုတိယမြောက် အသည်းကွဲရမဲ့နေ့ရက်ကို

လက်ခုပ်တီးကာ ဖွင့်ပွဲကြီးလုပ်နေသလို

 

မင်းသိပ်ချစ်တယ် ထင်လို့ နောက်ထပ်တခေါက်

အသည်းကွဲရမဲ့ အဖြစ်အပျက်ကို

လက်ခုပ်တီးကာ ကြိုဆိုနေသလိုမျိုး

မင်းအရမ်းချစ်တယ်ထင်လို့

ဒုတိယမြောက် အသည်းကွဲရမဲ့နေ့ရက်ကို

လက်ခုပ်တီးကာ ဖွင့်ပွဲကြီးလုပ်နေသလို

 

လက်ခုပ်တီးကာ ဖွင့်ပွဲကြီးလုပ်နေသလို