收聽David Lai的Moe Kha Yae歌詞歌曲

Moe Kha Yae

David Lai2018年2月13日

Moe Kha Yae 歌詞

သီချင်း - မိုးခါးရေ

တေးရေး - ဆောင်းဦးလှိုင်

တေးဆို - David Lai

 

ငါလေအမှန်အတိုင်းပဲ စကားတွေဆို

အဖြူထည်ငါ့နှလုံးသား မယိမ်းယိုင်ဖို့

လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအောင်

စဉ်းစားမိသမျှ ညီမျှအောင်

စာနာတတ်သော လူသား

တစ်ယောက် ဖြစ်ချင်တယ်

 

လူတွေကို ငါခွင့်လွှတ်တတ်လာတယ်

တစ်ခါတစ်ရံ မျှော်လင့်သလောက်မဖြစ်ပေမယ့်

အမြဲတမ်းအရှုံးပေးနေတဲ့ ငါ့ကို

ချနင်းပြီး ဟားတိုက်လှောင်ဦးမလား

ခံနိုင်ရည်ရှိသော လူသား

တစ်ယောက် ဖြစ်ချင်တယ်

 

တစ်ကယ်ဆိုရင် လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

စာနာစိတ်များ နည်းပါးမသွားစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ် မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

 

လူတွေကို ငါခွင့်လွှတ်တတ်လာတယ်

တစ်ခါတစ်ရံ မျှော်လင့်သလောက်မဖြစ်ပေမယ့်

အမြဲတမ်းအရှုံးပေးနေတဲ့ ငါ့ကို

ချနင်းပြီး ဟားတိုက်လှောင်ဦးမလား

ခံနိုင်ရည်ရှိသော လူသား

တစ်ယောက် ဖြစ်ချင်တယ်

 

တစ်ကယ်ဆိုရင် လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

မာန်မာနများ ရန်ငြိုးများမရှိစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ် မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

 

လောက သစ္စာ

အမှန်ဆိုတာ ငုတ်လျှိုးလည်းခဏ

ယုံကြည်ရာဆီ အပြုံးမပျက်သွား

စာနာစိတ်ကလေးထား

အခက်အခဲကြားမှာ

မသောက်ဘူး မိုးခါးရေများ

 

တစ်ကယ်ဆိုရင် လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

မာန်မာနများ ရန်ငြိုးများမရှိစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ် မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

 

စာနာစိတ်ကလေးထား

အခက်အခဲကြားမှာ

မသောက်ဘူး မိုးခါးရေများ

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ် မပျက်နဲ့ကွာ

 

မသောက်ဘူး မိုးခါးရေများ

Moe Kha Yae 的評論 (5)

Shein Lay
Shein Lay

💗

အောင်ကိုလတ် ဗမာ
အောင်ကိုလတ် ဗမာ

❤️❤️

naingmyoko
naingmyoko

like Song

Mg Kyaw Gyi
Mg Kyaw Gyi

liked

Wai Yan
Wai Yan

မမ