Chian Kheh 歌詞
သီချင်း - ချန်ခဲ့
တေးဆို - Idiots
ကိုယ်ဟာအနာဂတ်မဲ့သူပါ အတောင်တွေကြွေနေတဲ့ ငှက်ပမာ
ကိုယ်ဟာ ဘာမှအသုံးမဝင်တာ
မင်းလေးနဲ့မတန်ပါဘူး
နင်ဟာမနက်ခင်းအလင်းရောင်လို
ပုံဖော်စ ပန်းချီကားတစ်ချပ်လို
နင်ဟာ အနာဂတ်လှသူမို့ ပြန်စဉ်းစားပါ အချစ်လေး
နင့်အတွက်ငါမကောင်းခဲ့နိုင်ဘဲ
ငါ့အတွက် ဘာကြောင့်စွန့်လွှတ်လဲ
မမှားသေးခင်နောက်လှည့်နိုင်သေးတယ်
အရင်လိုငါတစ်ယောက်တည်းဘဲ
စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့
ကံမကုန်ရင်ပြန်ဆုံဦးမှာဘဲ
မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးဘဲ
မင်းရွေးလိုက်ပါတော့ကွယ်
စိတ်ဖြောင့်ဖို့အတွက်မှာနေလည်း ငါကိုယ်တိုင်ကြေကွဲရဆဲ
ပြန်ဆုံနိုင်အောင်ဆုတောင်းရင်းဘဲ အပြီးသတ်နှုတ်ဆက်ပါတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့
ယုံကြည်ခဲ့ခြင်းများအလွဲမှာ
အချိန်တွေကုန်အောင်မင်းဘဝအား
ကိုယ်ဟာဖြိုဖျက်ခဲ့သူပါ မင်းခွင့်မလွှတ်ပါနဲ့လား
ကံကိုအပြစ်ပြောလည်းမထူးခြား
နင်ငိုနေရတာ ငါ့ကြောင့်ပါ
ရင်နာစရာတွေသုံးပြီးမေ့လိုက်
သတိရဖို့ကြုံလာတိုင်း
စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့
ကံမကုန်ရင်ပြန်ဆုံဦးမှာဘဲ
မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးဘဲ
မင်းရွေးလိုက်ပါတော့ကွယ်
စိတ်ဖြောင့်ဖို့အတွက်မှာနေလည်း ငါကိုယ်တိုင်ကြေကွဲရဆဲ
ပြန်ဆုံနိုင်အောင်ဆုတောင်းရင်းဘဲ အပြီးသတ်နှုတ်ဆက်ပါတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့
နင့်အတွက်ငါမကောင်းခဲ့နိုင်ဘဲ
ငါ့အတွက် ဘာကြောင့်စွန့်လွှတ်လဲ
မမှားသေးခင်နောက်လှည့်နိုင်သေးတယ်
အရင်လိုငါတစ်ယောက်တည်းဘဲ
ကံမကုန်ရင်ပြန်ဆုံဦးမှာဘဲ
မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးဘဲ
မင်းရွေးလိုက်ပါတော့ကွယ်
စိတ်ဖြောင့်ဖို့အတွက်မှာနေလည်း ငါကိုယ်တိုင်ကြေကွဲရဆဲ
ပြန်ဆုံနိုင်အောင်ဆုတောင်းရင်းဘဲ အပြီးသတ်နှုတ်ဆက်ပါတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့
စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့
သီချင်းလေးတေနားထောင်ရင်းသတိရ😘