ချစ်တဲ့အကြောင်း

Oak Soe Khant

15 Jan 2019

Lyrics

သီချင်း - ချစ်တဲ့အကြောင်း

တေးဆို - အုပ်စိုးခန့်

 

လက်ယက်မခေါ်ပဲရောက်လာတယ်

အို မင်းအကြောင်းတွေညဘက်ဆိုလည်း အိပ်မက်ထဲ

ဝင်လာတော့ခက်တယ် ဒါပေမယ့်ချစ်တယ်

အရိပ်ပြရုံနဲ့သိပါတယ် ငါမင်းစိတ်ကို

ချစ်တတ်တဲ့အသည်းရှိပေမယ့်

နယ်လွန်ဖို့ကြောက်တယ် ဒါပေမယ့်ချစ်တယ်

 

လူကြားထဲမှာ ငိုမဲ့မဲ့နဲ့

မဆိုင်တဲ့စကားတွေ လျှောက်ပြောမိတာ

ငါချစ်မိလို့လား မသိစိတ်တွေကမင်းဆီစွန်လိုပျံဝဲသွား

လေထဲတိုက်ဆောက်တာ နောင်တမရဘူးကွာ

ငါချစ်မိနေတာမင်းသိရင်များ

ကဲ့ရဲ့လို့နင်လှောင်နေမလား

လူသားတိုင်းအချစ်မှာ ကျရှူံးရင်းနဲ့ရူးနေတာ

 

ပြဇာတ်တစ်ပုဒ်မှန်းသိပေမယ့် ငါဆက်ကမယ်

စကားတစ်ခွန်းမှာ အထပ်ထပ်ကြေကွဲ

နင်မမြင်တဲ့အချစ်တွေ ငါဟာထုတ်မပြရက်

အိပ်မက်ဆိုလည်းဆက်မက်ရင်း

ကျေနပ်ပါ့မယ် ဘ၀နဲ့ယှဉ်ပြီးချစ်ပါတယ်

ကိုယ်ဖွင့်ပြောလိုက်ရင် သူအထင်သေးသွားမလား

 

လူကြားထဲမှာ ငိုမဲ့မဲ့နဲ့

မဆိုင်တဲ့စကားတွေ လျှောက်ပြောမိတာ

ငါချစ်မိလို့လား မသိစိတ်တွေကမင်းဆီစွန်လိုပျံဝဲသွား

လေထဲတိုက်ဆောက်တာ နောင်တမရဘူးကွာ

ငါချစ်မိနေတာ မင်းသိရင်များ

ကဲ့ရဲ့လို့ နင်လှောင်နေမလား

လူသားတိုင်းအချစ်မှာ ကျရှူံးရင်းနဲ့ရူးနေတာ

 

လူကြားထဲမှာ ငိုမဲ့မဲ့နဲ့

မဆိုင်တဲ့စကားတွေ လျှောက်ပြောမိနေတာ

ငါချစ်မိလို့လား မသိစိတ်တွေကမင်းဆီစွန်လိုပျံဝဲသွား

လေထဲတိုက်ဆောက်တာ နောင်တမရဘူးကွာ

ငါချစ်မိနေတာမင်းသိရင်များ

ကဲ့ရဲ့လို့နင်လှောင်နေမလား

လူသားတိုင်းအချစ်မှာ ကျရှူံးရင်းနဲ့ရူးနေတာ

 

 

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added