အချစ်သီချင်း

Myo Kyawt Myaing

7 Jul 2003

Lyrics

သီချင်း : အချစ်သီချင်း

တေးဆို : မျိုးကျော့မြိုင်၊အဲလက်စ်၊စိုင်းစိုင်းခမ်းလှိုင်

 

မွန်းကြပ်တဲ့နေ့ရက်များမှာငါ့ကိုငါပြန်သုံးသပ်ခဲ့

လွဲမှားစွာဆုံးဖြတ်မိတဲ့ငါရဲ့မှားတဲ့ဆုံးဖြတ်ချက်

ဟိုးတုန်းကပျော်စရာများနဲ့ငါတို့ နှစ်ယောက်ရဲ့ အတိတ်ဘဝ

လမ်းများစွာလျှောက်ကာသွားခဲ့အဲဒီနေ့တွေမေ့မရ

မေ့မရပါအတိတ်ဘဝကိုငါ့ရဲ့စိတ်မှာလွမ်းနေတုန်း

လွမ်းနေတုန်းနှုတ်ဆက်သွားတာ

အခုတော့ငါ့မှာလမ်းတွေဆုံး

လမ်းတွေဆုံးချစ်သူလေးကိုငါ့ရဲ့အနားမှာရှိချင်သေးလို့ 

စိတ်ကူးယဉ်ငါ့ရဲ့ အတွေးဟာ

ကောင်းကင်ကြီးပြိုမည်းမှောင်မှိုင်းညို့ 

ကံဆိုးမိုးမှောင်ကျတဲ့အခါ

ချစ်သူလက်ကိုစွဲကိုင်ထားအကျင့်ပါသွားခဲ့တာ

ချစ်သူမရှိတော့လက်မှိုင်ကျဘာ့ကြောင့်များ

အချစ်ကိုကိုးကွယ်မိလဲသိချင်တာ

ဟိုအရင်ကလိုပဲမင်းရဲ့ အနားမှာရှိချင်တာ

ဒီလိုနဲ့ ပဲသစ်ရွက်လေးတွေတဖြုတ်ဖြုတ်ကြွေ

မိုးဆောင်းနွေပြက္ခဒိန်တွေတစ်မျိုးပြောင်းနေ

အတိတ်ကိုတွေးစိတ်မှာဆွေးမိတာအဆိုးအကောင်းတွေ

အကျိုးအကြောင်းတွေလွဲခဲ့ရတော့တို့ နှစ်ယောက်ဝေး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ 

ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲ မှာ သိပ်ချစ်မိတာကိုး

လွမ်းစရာတွေးရင်ရူးအောင်လောက်အောင်

စိတ်ညစ်တာမို့ လမ်းမှာတွေ့ ရင်ပြောပြပေးပါ

သိပ်ချစ်တာကိုး

လူတွေလွမ်းဆွေးတွေးငေးပြေးဟိုအဝေး

ဒါပေမယ့်လည်းအချစ်နဲ့ကင်းကိုမကင်းနိုင်တော့လည်း

စိတ်တွေလေး ပူပန်သောက ပူလောင်ဒေါသ

မောရတဲ့နေတွေဆိုတာအချစ်နဲ့ တွေ့တဲ့

လူတွေအတွက်တော့သံသရာတစ်လျှောက်မှာရေတွက်လို့ မရ

မာနတွေခဝါချပြီးအချစ်ရဲ့အောက်မှာဒူးတွေထောက်ကျ

ပေးဆပ်ရ ဒီဘဝအချစ်ကြောင့်ပဲစိတ်တွေပြောင်းသွား

အချစ်စိတ်နဲ့ အရာအားလုံးကိုထိန်းချုပ်ထား

ဒီစိတ်နဲ့ စား ဒီစိတ်နဲ့ သွား ဒီစိတ်နဲ့ 

အသက်ဆက်ရှင်နေရတာလား

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး

သီချင်းတွေလည်းရေးခဲ့ဖူးတယ်

အချစ်ဒုက္ခ အချစ်မရှိမှတစ်ယောက်ထဲပဲဝမ်းနည်းခဲ့ရ

အချစ်ရဲ့ အဝေး ကိုယ်ထွက်ပြေး

တစ်ခါတလေတော့လည်းစိတ်ညစ်ဖူးတယ်

အချစ်နာကျအချစ်ဒဏ်များမခံနိုင်တော့လည်းအရှုံးပေးဦးမယ်

စွဲလမ်းခြင်းလွမ်းဆွေးခြင်းမနေနိုင်လောက်အောင်သင်ခဲ့ဖူးတယ်

အချစ်တတ်ဆုံး သတိရဆုံး

ကိုယ့်ရဲ့ ဘဝမှာတစ်ယောက်တည်းရှိမယ်

တွေဝေခြင်း ဟန်ဆောင်ခြင်း

ဒီနောင်တတွေရမှ ကိုယ်ရဲ့ အဝေး သူထွက်ပြေး

အချစ်ဆုံးကိုလေဆုံးရှုံးဖူးတယ်

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ 

ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲ မှာ သိပ်ချစ်မိတာကိုး

လမ်းမှာတွေ့ ရင်ရူးအောင်လောက်အောင်

စိတ်ညစ်တာမို့ 

လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကိုး

လူတွေလွမ်းဆွေးတွေးငေးပြေးဟိုအဝေး

လွဲမှားစွာဆုံးဖြတ်မိတဲ့ငါရဲ့မှားတဲ့ဆုံးဖြတ်ချက်

ဟိုးတုန်းကပျော်စရာများတဲ့ငါတို့ နှစ်ယောက်ရဲ့ အတိတ်ဘဝ

အတိတ်ကိုတွေးစိတ်မှာဆွေးမိတာအဆိုးအကောင်းတွေ

အကျိုးအကြောင်းတွေလွဲခဲ့ရတော့တို့ နှစ်ယောက်ဝေး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ 

ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲ မှာ သိပ်ချစ်မိတာကိုး

လွမ်းစရာတွေးရင်ရူးအောင်လောက်အောင်စိတ်ညစ်တာမို့ 

လမ်းမှာတွေ့ ရင်ပြောပြပေးပါသိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ 

ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲ မှာ သိပ်ချစ်မိတာကိုး

လမ်းမှာတွေ့ ရင်ရူးအောင်လောက်အောင်စိတ်ညစ်တာမို့ 

လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ 

ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲ မှာ သိပ်ချစ်မိတာကိုး

လွမ်းစရာတွေးရင်ရူးအောင်လောက်အောင်စိတ်ညစ်တာမို့ 

လမ်းမှာတွေ့ ရင်ပြောပြပေးပါသိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ 

ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲ မှာ သိပ်ချစ်မိတာကိုး

လမ်းမှာတွေ့ ရင်ရူးအောင်လောက်အောင်စိတ်ညစ်တာမို့ 

လွမ်းစရာလေးတွေပြောပေးပါ သိပ်ချစ်တာကိုး

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added