ပြတ်စာ

Wine Su Khaing Thein

21 Nov 2018

Lyrics

သီချင်းး ပြတ်စာ

တေးဆိုး ဝိုင်းစုခိုင်သိန်း

 

အချစ်ဟာနားလည်မှု့လို့ပြောပြီး

မင်းလုပ်ချင်တာလုပ်တယ်ဟေး

မျက်ရည်ကျအောင်လုပ်တာ

မင်းလည်းတနေ့တော့ဝဋ်လည်မယ်

ယုံစားမိခဲ့တော့ငါ့မှာ အရူးတပိုင်းနဲ့ငါငိုတာပေါ့

ကြားနေရတဲ့မင်းရဲ့အကြောင်းတွေ

နားထဲမှာခါးတယ်ဒီတော့

အဝေးကိုပဲထွက်သွားပါ နောက်လှည့်မကြည့်ပါနဲ့

ဒါအိမ်မက်တွေပဲလို့ငါသဘောထားလိုက်ပါမယ်

တော်ပါပြီဒို့နှစ်ယောက်အကြောင်းတွေ

ပြည်ဖုံးကားချလိုက်ပြီ

စိတ်ကူးတွေထဲတောင်မင်းမလာနဲ့

မင်းကိုအပြစ်ပေးမယ်

သံယောဇဉ်ကြိုးရဲ့အမျှင်လေး

ဖြတ်တောက်လိုက်ပြီ

နင်အချစ်ကိုကိုးကွယ်မနေနဲ့တော့

ရင်ခုန်သံလေးရယ် ဒဏ်ရာတွေပေးတယ်

မင်းကြောင့်နဲ့နှလုံးသားတခုတော့ဖျားပြီလေ

 

ပုံပြင်တွေပေးတယ်နင်ဟာနတ်ဆိုးပဲ

ငါအချစ်ကိုရွေးချယ်တာမှားသွားတယ်

ဒါဟာ ဝဋ်ကြွေးပဲ ဒီဘဝဒီမျှနဲ့

မင်းရေးတဲ့ပြဇာတ်လေးကဆုံးပြီပဲ

ကန့်လန့်ကာကိုချတော့ကြာရင်မေ့သွားရော

ငါ့ရင်ထဲကထုတ်ပြစ်လို့

နင်အဝေးထွက်သွားပါတော့

 

အချစ်ကိုအကောင်းမမြင်တတ်လို့

လူမိုက်လို့ခေါင်းစဉ်တပ်မယ်

မင်းလာစိတ်မဆိုးနဲ့

ငါရင်ဘက်ကိုခွဲကာ

အခြားနေရာတခုမှာ

သွားလာကျက်စားခဲ့မင်းဟာ

ငါမုန်းတဲ့အိမ်မက်ဆိုးလိုပဲ

 

ကံဆိုးသူသွားရာမိုးတွေလိုက်ရွာချမှ

မင်းလာမငိုတော့နဲ့

သစ္စာတရားကိုမျက်ကွယ်ပြုတာ

မင်းရဲ့မကောင်းတဲ့အကျင့်ဆိုးပဲ

ထားတော့အမှောင်ထဲမှာ

မင်းလမ်းပျောက်နေမယ်

 

တော်ပါပြီဒို့နှစ်ယောက်အကြောင်းတွေ

ပြည်ဖုံးကားချလိုက်ပြီ

စိတ်ကူးတွေထဲတောင်မင်းမလာနဲ့

မင်းကိုအပြစ်ပေးမယ်

သံယောဇဉ်ကြိုးရဲ့အမျှင်လေး

ဖြတ်တောက်လိုက်ပြီ

နင်အချစ်ကိုကိုးကွယ်မနေနဲ့တော့

ရင်ခုန်သံလေးရယ် ဒဏ်ရာတွေပေးတယ်

မင်းကြောင့်နဲ့နှလုံးသားတခုတော့ဖျားပြီလေ

 

ပုံပြင်တွေပေးတယ်နင်ဟာနတ်ဆိုးပဲ

ငါအချစ်ကိုရွေးချယ်တာမှားသွားတယ်

ဒါဟာ ဝဋ်ကြွေးပဲ ဒီဘဝဒီမျှနဲ့

မင်းရေးတဲ့ပြဇာတ်လေးကဆုံးပြီပဲ

ကန့်လန့်ကာကိုချတော့ကြာရင်မေ့သွားရော

ငါ့ရင်ထဲကထုတ်ပြစ်လို့

နင်အဝေးထွက်သွားပါတော့

 

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added