မြူ

Lay Phyu

8 Dec 2018

Lyrics

သီချင်း - မြူ

တေးဆို - လေးဖြူ

 

ခဏလောက်ပြန်စဉ်းစားဖို့ ငါ့အတွေးတွေ

သစ်ရွက်လိုတဖြုတ်ဖြုတ်နဲ့ ကြွေကျ

ငါ့ဦးနှောက်ထဲမှာ ဘာမှမရှိတော့

ညနက်တွေဒီ့ထက်ပိုပြီး ငါဟာမမှောင်တော့ပါ

ခါးသီးပေမယ့် ငါ့အားဆက်ပြီးတွယ်ငြိနေတုန်း

ငါရုန်းမထွက်ချင်ဘူး ဟူး... ငါ့ရဲ့အချစ်တို့ ဟာ

မင်းအတွက်ဟုတ်ခဲ့သလား

ဒါဟာပူဆွေးစရာ ဒီထက်မပိုဘူးကွာ

ဟူး... ငါ့ရဲ့နှလုံးသားဟာ မသဲကွဲသေးဘူးကွာ

မြုတွေပိတ်ဖုံးထား ဘားမှမြင်ဖို့ မလွယ်ကူသေးပါ

ငါလမ်းခွဲမှာ လွမ်းလောက်စရာသိပ်များလည်း

တစ်ခန်းရပ်ဇာတ်လမ်း တစ်ပုဒ်လို

ပြန်ပြီးတွေးမိရင် အကုန်ဟောင်းနွမ်းသွားဆဲ

အဖြစ်အပျက်တွေမနေ့ ကလိုကျန်ရစ်တယ်

တိမ်လိုမျောလွင့်သွားပြီပဲ နောက်ဆုံးနှုတ်ဆက်ချိန်

ဒါခဏလေးသိမ်းထားမယ်

ဟူး... ဘ၀က အချစ်အတွက်လား

လေထဲကမီးတောက်ငယ်

တစ်ချိန်မှာလောင်ကျွမ်းစရာ ဒီ့ထက်မပိုဘူးကွာ

ဟူး... ငါ့ရဲ့နှလုံးသားဟာ မသဲကွဲသေးဘူးကွာ

မြုတွေပိတ်ဖုံးထား ဘာမှမြင်ဖို့မလွယ်ကူသေးပါ

 

ခဏလောက်ပြန်စဉ်းစားဖို့ ငါ့အတွေးတွေ

သစ်ရွက်လိုတဖြုတ်ဖြုတ်နဲ့

ငါ့ဦးနှောက်ထဲမှာ ဘာမှမရှိတော့

ညနက်တွေဒီ့ထက်ပိုပြီး ငါဟာမမှောင်တော့ပါ

ခါးသီးပေမယ့် ငါ့အားဆက်ပြီးတွယ်ငြိနေတုန်း

ငါရုန်းမထွက်ချင်ဘူး ဟူး... ငါ့ရဲ့အချစ်တို့ ဟာ

မင်းအတွက်ဟုတ်ခဲ့သလား

ဒါဟာပူဆွေးစရာ ဒီထက်မပိုဘူးကွာ

ဟူး... ငါ့ရဲ့နှလုံးသားဟာ မသဲကွဲသေးဘူးကွာ

မြုတွေပိတ်ဖုံးထား ဘာမှမြင်ဖို့မလွယ်ကူသေးပါ

 

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added