Listen to စိတ်ဓာတ် song with lyrics from Sai Sai Kham Leng

စိတ်ဓာတ်

Sai Sai Kham Leng8 Apr 2020

Lyrics

သီချင်း - အို...ကမ္ဘာမြေ

တေးရေး/ဆို - စိုင်းစိုင်းခမ်းလှိုင်

 

 

ဘယ်မှာလဲအချစ်တွေ

 

ဘာတွေဖြစ်ကုန်ပြီလဲ

လုံးဝန်းတဲ့ကမ္ဘာကြီး

အရောင်တွေညစ်ကုန်ပြီလား

အားလုံးရဲ့ကမ္ဘာကြီး

၂၃ ဒသမ ၅ တိမ်းစောင်းတဲ့ဒီဂရီ

ဖြစ်တည်နေတာက

နှစ်သန်းပေါင်းများစွာကြာပြီ

အချိန်နဲ့နေ့ရက်နာရီ

ရာသီတွေပြောင်းခဲ့

လူတွေအကုန်လုံးလဲ

အဆင့်ဆင့်တိုးတက်ပြောင်းလဲ

မပြောင်းလဲတာက

သင်္ခါရသေဘာတရား

အဟောင်းအနွမ်းအပုပ်အသိုးတွေ

ရေစုန်ထဲမျောသွား

ဒီလူတွေရဲ့လောက

မာန်မာနမောဟ

စိန်ခေါ်ပြီးပြိုင်ဆိုင်

နိုင်ချင်တဲ့လောဘ

မခံချင်တဲ့ဒေါသနဲ့အာဃာတများ

ခက်ပြီဘယ်လိုနေရမလဲ

ဒါဟာသဘာဝလား

အသက်ရှုတဲ့လေထုထဲ

မီးခိုးတွေမွန်းကျပ်

ကောင်းကင်နဲ့ပင်လယ်ကြီး

အဆိပ်သင့်လို့ကျွမ်းမတတ်

ချစ်သောကံကြမ္မာရေ

ဒါတွေကဖြစ်နေ

မေးခွန်းတစ်ခုထပ်ဖြေပါ

ဘယ်မှာလဲအချစ်တွေ

 

ဘယ်မှာလဲအချစ်တွေ

 

ဘယ်မှာလဲချစ်တာတွေ

ဘယ်မှာလဲမေတ္တာတွေ

ဘယ်မှာလဲသစ္စာတွေ

အကြင်နာတွေဘယ်မှာလဲ

ဟန်ဆောင်ပြီးညစ်တာတွေ

မာန်ထောင်ပြီးအပြစ်ရှာနေ

ဒီကမ္ဘာမြေကနှစ်ကြာရှည်

အကြင်နာတွေဘယ်မှာလဲ

အမယ်လေးအမယ်လေး

အန္တရာယ်တွေ့ပြီ

သဘာဝဒုက္ခအန္တရာယ်အများကြီး

ရပ်တည်တဲ့မြေကြီးမှာ

မြေငလျင်တွေလှုပ်ပြီ

လေမုန်တိုင်းတိုက်လို့

ရေတွေထဲမြုပ်ပြီ

လုပ်ပြီကြမ္မာဆိုး

နတ်ဆိုးလိုမွှေနှောက်

ကြေကွဲရတာများအား

စိတ်တွေထဲကဖြေဖျောက်

ပြေပျောက်ဖို့ခက်ခဲအောင်

သေလောက်တဲ့ဒဏ်ရာတွေ

အပျက်အစီးတွေကြားထဲမှာ

သင်ခန်းစာတွေပြန်ရှာဖွေ

အတူနေတဲ့ဒီကမ္ဘာမြေ

တာရှည်စိမ်းလန်းဖို့

ငါတို့ရဲ့ကလေးငယ်တွေ

ထာဝစဉ်ငြိမ်းချမ်းဖို့

အချိန်တန်ပြီဆို

ငါတို့စိတ်ထဲမာန်တင်း

ဒီလောကကြီးအတွက်

အတူတူလက်တွဲဖန်ဆင်း

 

ဘယ်မှာလဲအချစ်တွေ

ဒီလောကကြီးအတွက်တခုပဲပေးပါ

မေတ္တာတရား

ဘယ်မှာလဲအချစ်တွေ

 

လူတစ်ယောက်ရဲ့လိုအပ်ချက်မှာ

အသက်ရှင်ဖို့ကအရေးကြီးဆုံး

ဘယ်သူဒါကိုတွေးမိတုံး

ကိုယ့်ကိုကိုယ်ပြန်ပြီးမေးကြည့်ဦး

ပေးကြည့်ဦးဖြူစင်တဲ့ကြင်နာမှု

လူတွေရဲ့ရင်မှာအခု

ဒါတွေကိုမမြင်ပါဘူး

မကောင်းဆိုးဝါးတွေက

ဒီကမ္ဘာမြေကိုခြိမ်းခြောက်

ကပ်ရောဂါဆိုးတွေလည်း

လူခန္ဒာကိုဟိန်းဟောက်

ငါကြောက်တယ်

ဝေဒနာတွေကြောက်တယ်

နားလည်ခွင့်လွှတ်ခြင်းတွေ

ဘယ်ဆီကိုပျောက်ကွယ်

ရန်လိုသူတွေရဲ့

ဆုံးဖြတ်ချက်တစ်ဖက်စွန်း

ပူဆွေးရိငေးတဲ့

လူတွေရဲ့မျက်ဝန်း

ကဲကဲဒါဆိုလည်းစစ်ပွဲတွေရပ်ပစ်

အဖြစ်ဆိုးတွေနောက်ထပ်မဖြစ်အောင်

ရန်ငြိုးတွေဖြတ်ပစ်

ဝဋ်ဒုက္ခဆင်းရဲ

ရင်မဆိုင်လိုပါရှောင်လို့ပုန်း

ဆာလောင်သူတွေအတွက်

ပေးလိုက်စမ်းပါပေါင်မုန့်တစ်လုံး

ချစ်သောကံကြမ္မာရေ

ကမ္ဘာမြေပြင်ကိုကယ်တင်ဦး

တိုင်တည်နေခဲ့

အသက်ရှင်နေသူအကုန်လုံးအတွက်

 

ဘယ်မှာလဲအချစ်တွေ

ဒီလောကကြီးအတွက်တခုပဲပေးပါ

မေတ္တာတရား

ဘယ်မှာလဲအချစ်တွေ

ဘယ်မှာလဲအချစ်တွေ

 

***Lyrics are from third-parties***