Listen to ကိုယ်ချင်းစာ song with lyrics from May La Than Zin

ကိုယ်ချင်းစာ

May La Than Zin5 Apr 2020

Lyrics

သီချင်း - ကိုယ်ချင်းစာ

တေးဆို - မေလသံစဉ်

 

သတ္တဝါလေးတွေ အလှကြည့်ဖို့အတွက်

လှောင်အိမ်ထဲထည့် ကြည့်နိုင်သူတွေ

ကိုယ့်အလှည့်ကျတော့ စောင့်ကြည့်ဖို့ကို

ဒေါသအများကြီးနဲ့ ငြင်းဆန်ခဲ့

 

လူလူချင်းကို အနိုင်နဲ့ပိုင်းပြီး

နှိပ်စက်သတ်ဖြတ် ပြုံးနိုင်သူတွေ

ကိုယ့်အလှည့်ကျတော့ အသက်ရှူဖို့ကို

မောဟအများကြီးနဲ့ ကြောက်ရွံ့ဆဲ

 

ဘယ်အရာမဆို ကိုယ်ချင်းစာတရားရှိပါ

ဘယ်အချိန်မဆို သတိနဲ့ယှဉ်ကာသိပါ

လူပီသအောင် နေထိုင်ဖို့အတွက်

ဘုရားဟောထားတဲ့ ဆုံးမစကား

ဘယ်အချိန်မဆို ကိုယ်ချင်းစာတရားထားပါ

ဘယ်အရာမဆို ဖြစ်ပြီးအချိန်တန်ပျက်မှာ

ဘယ်လိုကပ်ဆိုးနဲ့ နှိပ်စက်မလဲ

ရင်ဆိုင်ဖို့အတွက် တရားမြတ်များနဲ့

ဘုရားဟောထားခဲ့ဖူးတာ ရှိခဲ့ပြီးပြီပဲ

 

ကမ္ဘာကြီးနေပြန်ကောင်းလာရင်

လေကို အဝရှူလို့

အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြမယ်

စိတ်ကို အရင်ကထက်ကောင်းအောင်မွေးမယ်

အခုလိုအချိန်မှာ

ဘာတွေလုပ်ခဲ့ကြလဲဆိုတာကို ဖလှယ်ရင်း

ဘုရားဟောထားတဲ့ တရားတွေအတိုင်း

လိုက်နာ နေထိုင်ကြမယ်နော်

 

ဘယ်အရာမဆို ကိုယ်ချင်းစာတရားရှိပါ

ဘယ်အချိန်မဆို သတိနဲ့ယှဉ်ကာသိပါ

လူပီသအောင် နေထိုင်ဖို့အတွက်

ဘုရားဟောထားတဲ့ ဆုံးမစကား

ဘယ်အချိန်မဆို ကိုယ်ချင်းစာတရားထားပါ

ဘယ်အရာမဆို ဖြစ်ပြီးအချိန်တန်ပျက်မှာ

ဘယ်လိုကပ်ဆိုးနဲ့ နှိပ်စက်မလဲ

ရင်ဆိုင်ဖို့အတွက် တရားမြတ်များနဲ့

ဘုရားဟောထားခဲ့ဖူးတာ ရှိခဲ့ပြီးပြီပဲ

 

ဘယ်လိုကပ်ဆိုးနဲ့ နှိပ်စက်မလဲ

ဘုရားဟောထားခဲ့ဖူးတာ ရှိခဲ့ပြီးပြီပဲ

 

***Lyrics are from third-parties***