ငါနင့်ကိုချစ်တယ်

Wyne Lay

21 Dec 2018

Lyrics

သီချင်း - နင့်ကိုငါချစ်တယ်

တေးဆို - ၀ိုင်းလေး

 

နင်နဲ့ငါဆုံတိုင်းအမှတ်တမဲ့လှည့်ကြည့်တဲ့အကြည့်ကိုငါကြိုက်တယ်

ပါးထပ်မှာပါးချိုင့်လေးနဲ့ပြုံးပြတိုင်းမှာငါလေငြိတွယ်

ငါ့အချစ်တွေကမ္ဘာကြီးက သိအောင်ငါပြောချင်တယ်

ယုံကြည်ပါနင်စိတ်ချ ငါ့အချစ်ဟာနင့်အတွက်သာ

နင်ဝတ်တဲ့တီရှပ်နဲ့ကိုယ်သင်းရနံ့လေးတွေကိုငါကြိုက်တယ်

အမြဲတမ်းသယ်ဆောင်သွားရမဲ့ဂျက်ကက်လေးလိုငါလေရှိမယ်

နင်အရှေ့ဆိုငါကြိုးစားဖုံးထားရခက်ပြီကွာ

ဒီတစ်ခါနောက်ဆုံးတော့ငါ့အချစ်တွေမင်းသိအောင်

 

နင့်ကိုချစ်တယ်…နာရီစက္ကန့်တိုင်းမှာ

နင့်ကိုချစ်တယ်နေရာတိုင်း အချိန်တိုင်းပဲ

ငါ့ရဲ့အချစ်ဟာတစ်ဘ၀လုံးစာပုံအပ်မှာ

ဘာကြောင့်နင့်ကိုငါချစ်သွား မသိနိုင်တော့ပါ

ငါ့ရဲ့အချစ်နဲ့မှောင်မိုက်ခြင်းတွေတွန်းဖယ်

ငါ့ရဲ့အချစ်နဲ့ပူလောင်ခြင်းတွေအေးမယ်

ဘ၀တစ်ခုလုံးတိုင်တည်ပြီးပြောမယ်နင်နားထောင်

အချစ်လေးနင့်ကိုငါချစ်တယ် နင်သိမှာပါ

 

သူငယ်ချင်းတွေအတူရှိတဲ့အခိုက်စကြနောက်ကြအချိန်ငါကြိုက်တယ်

အမှတ်တမဲ့နင်ဆိုညဉ်းလိုက်တဲ့တေးသွားလေးတွေငါလေငြိတွယ်

နင့်အရှေ့ဆိုငါပြုံးလိုက်တိုင်းခိုးကြည့်တဲ့အကြည့်တွေရယ်

အရာရာဟာလှပပြီးပြည့်စုံမင်းနဲ့ဆို

ဝမ်းနည်းအားငယ်စိတ်ညစ်တဲ့အခိုက်

မင်းလာကုစားပေး

ကံကောင်းခြင်းထပ်လောင်းပြီး

အို အချစ်တို့နဲ့မင်းပဲသယ်ဆောင်…လာပေး…ဟေ့

 

နင့်ကိုချစ်တယ်…နာရီစက္ကန့်တိုင်းမှာ

နင့်ကိုချစ်တယ်နေရာတိုင်းအချိန်တိုင်းပဲ

ငါ့ရဲ့အချစ်ဟာတစ်ဘ၀လုံးစာပုံအပ်မှာ

ဘာကြောင့်နင့်ကိုငါချစ်သွား…မသိနိုင်တော့ပါ

လှပခြင်းနဲ့ပျော်ရွှင်ခြင်းဆောင်ကြဉ်းပေး

ငါ့အနာဂတ်တွေမြင်တယ်နင့်မျက်ဝန်းထဲ

ဘ၀တစ်ခုလုံးတိုင်တည်ပြီးပြောမယ် နင်နားထောင်

အချစ်လေးနင့်ကိုငါချစ်တယ်…နင်သိမှာပါ

နင့်ကိုငါချစ်တယ်…နင်သိမှာပါ

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added