တန်ခူးမေ

Oak Soe Khant

21 Mar 2019

Lyrics

သီချင်းး တန်ခူးမေ

တေးဆိုး အုပ်စိုးခန့်

 

 

တန်ခူးမေရေတွေစိုလို့လှနေ သနပ်ခါးကိုဘယ်ညာညီလူးပြီးလေ

သင်္ကြန်မောင်ရင်တေဖိုလှပေါ့ကွာ ပိတောက်ပန်းများအတိုင်းအလှဝေ

ညိုမြလို့ကိုယ်မခေါ်ရက်ဘူးပေါ့မေ အစဉ်ကျက်သရေမြန်မာမလေးကဟန်

နှစ်ကူးမှာရေစင်တွေအတိုင်းအေးစေ ဒီမောင်ရင်ထဲတောင်းဆုတွေ ပေးဝေ

မနှစ်ကပေးတဲ့ချစ်သဝန်လွှာလေးရှိနေ သင်္ကြန်ပီးရင်ကိုယ့်ကိုမမေ့လိုက်နဲ့လေ

တူးပို့တူးပို့တေးသံတွေကြားတိုင်းလေ တစ်နှစ်ထက်တစ်နှစ်ပေါ့ဒီမောင်မှာလွမ်းစိတ်မပြေ

သြော် တန်ခူးမေ သြော် တန်ခူးမေ ရင်ခုန်လှိုက်မောရင်းအကြင်နာချစ်ခြင်းတေးတွေစေ

တန်ခူးမေရေတွေစိုလို့လှနေ သနပ်ခါးကိုဘယ်ညာညီလူးပြီးလေ

သင်္ကြန်မောင်ရင်တေဖိုလှပေါ့ကွာ ပိတောက်ပန်းများအတိုင်းအလှဝေ

သင်္ကြန်ရောက်ရင်ဒီမောင်မှာအလွမ်းစိတ်မပြေ နွေဦးမှာချိုကူသာတဲ့ဌက်ငယ်ရေ

သူသိအောင်အကြင်နာရင်ဖွင့်ပြချင် သင်္ကြန်ဆိုသိပ်လွမ်းအသည်းထက်မှာတန်ခူးမေ

မနှစ်ကပေးတဲ့ချစ်သဝန်လွှာလေးရှိနေ သင်္ကြန်ပီးရင်ကိုယ့်ကိုမမေ့လိုက်နဲ့လေ

တူးပို့တူးပို့တေးသံတွေကြားတိုင်းလေ တစ်နှစ်ထက်တစ်နှစ်ပေါ့ဒီမောင်မှာလွမ်းစိတ်မပြေ

သြော် တန်ခူးမေ သြော် တန်ခူးမေ ရင်ခုန်လှိုက်မောရင်းအကြင်နာချစ်ခြင်းတေးတွေစေ

သြော် တန်ခူးမေ သြော် တန်ခူးမေ ရင်ခုန်လှိုက်မောရင်း ရေစိုအောင်လောင်းပတ်မယ် မေ

သြော် တန်ခူးမေ သြော် တန်ခူးမေ ရင်ခုန်လှိုက်မောရင်းအကြင်နာချစ်ခြင်းတေးတွေစေ

သြော် တန်ခူးမေ သြော် တန်ခူးမေ ရင်ခုန်လှိုက်မောရင်း ရေစိုအောင်လောင်းပတ်မယ် မေ...

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added