လိုတရ

Aung La

6 Dec 2018

Lyrics

သီချင်းး လိုတရ

တေးဆိုး အောင်လ(Reason)

 

အချစ်ရဲ့တွန်းအားတွေပါပဲ

မလွယ်ကူတဲ့ပြဿနာလူတွေ

ဝိုင်းတားနေတဲ့ကြားက

အချစ်ကအမျိုးမျိုးပုံစံကွဲတယ်

လူတွေကဲ့ရဲ့သမျှ

အလိုလိုဆူးမကြောက်တော့တဲ့

မျက်မမြင်ပုဏ္ဏားအလား

နင်ဟာငါ့အတွက်အားလုံးအဆုံးရှုံးခံခဲ့သမျှ

ကျေးဇူးပါအချစ်ရေတသက်စာ

 

ငါစွန့်အနေတဲ့အခါနင်ကပြောစရာစကား

ငါမောပန်းနေတဲ့အခါမင်းကရေချိုတခွက်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန်တွေတိုင်းမှာ

လူရွှင်တော်အဖြစ်နဲ့မင်းကအပန်းပြေအောင်

ရယ်မောစေတဲ့ဆေးငါလိုအပ်သမျှတိုင်းကို

ပြည့်စေတဲ့လိုတရနတ်သမီးလေး

 

အချစ်ကပြောင်းလဲစေနိုင်တယ်

ဘဝတခုလုံးပြောင်းလဲ

အလွန်အကျွံဆိုးသွင်းခဲ့တယူသန်အတ္တတွေအထပ်ထပ်

ငါဟာခေါင်းမာလွန်းလို့နံရံတွေတောင်

အက်ကွဲကြောင်းများနဲ့

ဘယ်သူနေနိုင်မှာလဲ ရင်ထဲမှာအချစ်မရှိပဲ

မက်မောလောက်စရာမရှိလည်း

ငါ့အနားကထွက်မသွားခဲ့

 

ငါစွန့်အနေတဲ့အခါနင်ကပြောစရာစကား

ငါမောပန်းနေတဲ့အခါမင်းကရေချိုတခွက်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန်တွေတိုင်းမှာ

လူရွှင်တော်အဖြစ်နဲ့မင်းကအပန်းပြေအောင်

ရယ်မောစေတဲ့ဆေးငါလိုအပ်သမျှတိုင်းကို

ပြည့်စေတဲ့လိုတရနတ်သမီးလေး

 

နင်ကပြောစရာစကား

မင်းကဝိုင်ချိုတခွက်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန်တွေတိုင်းမှာ

လူရွှင်တော်အဖြစ်နဲ့မင်းကအပန်းပြေအောင်

ရယ်မောစေတဲ့ဆေးငါလိုအပ်သမျှတိုင်းကို

ပြည့်စေတဲ့လိုတရနတ်သမီးလေး

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added