Listen to အရင်တိုင်းရန်ကုန် part 1.5 song with lyrics from Big Bag

အရင်တိုင်းရန်ကုန် part 1.5

Big Bag28 Apr 2020

Lyrics

သီချင်း - အရင်တိုင်းရန်ကုန် part 1.5

တေးဆို - Big Bag

 

ငါ့အခန်းလေးထဲမှာ

အလင်းတန်းများပျောက်ကွယ်

ကြာလာရင်အမှောင်နဲ့

နေသားကျတော့မယ်

ငါ့အခန်းထဲကနေအပြင်ကိုထွက်

ရန်ကုန်မြို့ကြီးလည်းငါ့အတိုင်းဘဲ

ငါအတ္တကိုအိတ်နဲ့ထုတ်လိုက်တယ်

လူမမြင်အောင်ယူကာအမှိုက်ပုံလေးထဲထည့်

ကွဲသွားတဲ့ငါ့ရင်ခုန်သံတွေပြန့်ကျဲ

ရန်ကုန်မြို့ကြီးလည်းဒီအတိုင်းဘဲ

ငါအချိန်တွေဖြုန်းတီးပစ်ခဲ့တယ်

တမင်တကာကာရံထားဒီတံတိုင်းများခြားရင်းနဲ့

ဘဝရဲ့ထွက်ပေါက်အဖြေမှန်ကိုရှာဆဲပဲ

ရန်ကုန်မြို့ကြီးရယ်အရင်အတိုင်းပဲ

ငါအချိန်တွေဖြုန်းတီးပစ်ခဲ့တယ်

အိမ်အပြင်မှာ မလုံခြုံလည်း

အိမ်ထဲကနှင်းကျတယ်

ဘဝရဲ့ထွက်ပေါက်အဖြေမှန်ကိုရှာဆဲပဲ

ရန်ကုန်မြို့ကြီးလည်းအရင်အတိုင်းပဲ

လူတိုင်းကမင်းကိုချစ်တော့ချစ်ကြတယ်

ပြန်အဆင်ပြေမှာပါစိတ်မကောင်းမဖြစ်နဲ့ကွယ်

မင်းအပြစ်မဟုတ်ခဲ့တာငါတို့နားလည်

ရန်ကုန်မြို့ကြီးရယ်မငိုလိုက်နဲ့

 

***Lyrics are from third-parties***