မုန်းခွင့်ပေးပါ

Moe Htet, Hein Z

4 Oct 2018

Lyrics

သီချင်းး မုန်းခွင့်ပေးပါ

တေးဆိုး Moe Htet ft Hein Z

 

ချစ်သူငါယုံကြည်နေသရွေ့

မုသားများလည်းဖြစ်ပါစေပေါ့

ခုံမင်ခဲ့တဲ့ တစ်ထောင့်တစ်ညချစ်ပုံပြင်လေးတွေ

ငါမယုံနိုင်တော့တဲ့တစ်နေ့

ခံစားရသမျှရှိပါစေတော့

ကိုယ်သိပ်ချစ်ခဲ့လည်းလေ မုန်းခွင့်ပေးပါတော့

 

အချစိဆိုတာချိုမြိန်တယ်ဆိုကာငါအလှည့်ကျမှ

ဒါဆိုဘာကြောင့်ခါးတာလဲ

မင်းအတွက် ဟော့ဒီရင်ခွင်က

နားခိုရာတစ်ထောင့်တစ်ညတာပဲလား

မင်းပြောပါ နောက်လူဆိုတာကြီးကရော

ဘာလို့အာရုံလာနောက်ရတာလဲ

သောကတွေတစ်ပွေ့တစ်ပိုက်နဲ့

ငါ့ကိုယ်ငါတောင်သနားလာတယ်

 

ဒါလည်းဝဋ်ကြွေးပဲဖြစ်မယ်

မင်းဘက်ကစောက်တရားတွေလွန်နေလည်း

ချစ်မယ်ဆိုပြီး နွံတွေထဲနစ်ခဲ့

ဘော်ဒါတွေကတောင်ပြောကုန်ပြီ

မိန်းကလေးတွေမရှားဘူးဟျောင့်

အဲ့လောက်ထိမွှန်မနေနဲ့မင်းလည်းတဲ့

တကယ်တမ်းတော့ထင်သလိုမျိုးမလွယ်

ငါလိုလူအချစ်ကိုကိုးကွယ်

အဲ့ဒီချစ်ခြင်းကိုပျိုးခဲ့ပြီးကာမှ

အမြစ်ကိုမင်းမို့လို့ချိုးရက်တယ်

 

ပြဿနာပေါင်းသောင်းခြောက်ထောင်

နေ့စဉ်ရက်ဆက်အပူမီးတွေကမခံနိုင်အောင်

တောက်လျှောက်လောင်

အချစ်ကလွဲလို့ဘာမှမရှိတဲ့ဘဝမို့

ရှေ့ဆက်ဖို့ခက်တာကြောင့်

နောက်တစ်ယောက်ပြောင်း

ဒီငနဲဘက်ကိုနင်ထည့်မတွက်ပဲ

ထားခဲ့တဲ့သံယောဇဉ်ကိုပါ တိခနဲဖျက်ခဲ့

 

ချစ်သူငါယုံကြည်နေသရွေ့

မုသားများလည်းဖြစ်ပါစေပေါ့

ခုံမင်ခဲ့တဲ့ တစ်ထောင့်တစ်ညချစ်ပုံပြင်လေးတွေ

ငါမယုံနိုင်တော့တဲ့တစ်နေ့

ခံစားရသမျှရှိပါစေတော့

ကိုယ်သိပ်ချစ်ခဲ့လည်းလေ မုန်းခွင့်ပေးပါတော့

 

မင်းအတွက်ငါသည်လည်း မရင့်ကျက်ခဲ့တာချည်းပဲ

ဟောကြည့်စမ်းပါဦး မင်းတောင်အခုဂျင်းထည့်တတ်လာပြီပဲ

ငါ့အားလာသနားစမ်းအမိရယ်

အနားနားမှာဘာမှန်းမသိတဲ့ဒုက္ခတွေနဲ့

အရာရာမှာအသွားအပြန်ရှိတယ်ဆိုတာမှားတယ်

ကြာကြာဝါးခါးမှန်းသိခဲ့ပြီ

 

ဘဝတစ်ခုလုံးဇောက်ထိုးဖြစ်လို့ပြောင်းပြန်

နောက်တစ်မျိုးပြီးတော့ နောက်တစ်ဖန်

နင်ရှုပ်တိုင်းအောက်ကျို့ပြီးတော့တောင်းပန်

ငါ့ကောက်ရိုးမီးလိုအကြောင်းကံနဲ့

နှလုံးလမ်းကြောင်းမှာကျွန်းခံ

အယူတွေလွဲကာ သူ့တစ်ယောက်ကို

တစ်ခါတည်းအသဲအမဲဖက်တွယ်

ဟေ့ဒီမှာ လူတွေထဲကလူတစ်ယောက်မို့

ငါလည်းပဲအသည်းကွဲတတ်တယ်

 

ရှေ့ဆက်၍မလျှောက်သင့်တော့ဘူး

ငါ့မာနကိုဘေးကပ်၍

တစ်ယောက်ပင်မောဖူးခဲ့သမျှ ခွေးဇာတ်တွေကောက်ခင်းသော

သူ့အကြောင်းစတေးတပ်စ်တွေလျှောက်မတင်တော့ဘူး

သန်းခေါင်ကျော်ညဥ့်နက်အောင်လျှောက်ပြေးနေလည်း

စိတ်တွေလျှော့ခဲ့ပြီငါမလိုက်တော့ဘူးလို့

မင်းရဲ့အကောင်ပလောင်တွေနဲ့ပဲလှိမ့်ပေတော့အဲ့ဒီ

The Vibe တို့ Fuse တို့ကို

Conversation တွေ Reply လည်းပြန်စရာမလိုတော့ဘူး

မင်းပြောတယ်မလား ငါမေးပြီလေ ငါ့သမိုင်းရဲ့ကံကြမ္မာဆိုးတစ်ခုလို

တစ်ကိုယ်ကောင်းဆန်ဆန်နဲ့စကားလုံးများနဲ့ထိုးနှက်ကာ

မင်းဒီလိုဖျက်ဆီးရက်သည်

ထို့ကြောင့်တန်ပြန်၍ ဒီအမုန်းများနဲ့ မိုးထက်က

အချစ်ကြီးလို့ အမျက်ကြီးခဲ့ပြီ

 

ချစ်ခွင့်တို့မရှိတော့လို့ နာကြင်စွာနဲ့ပဲ

ငါမုန်းမေ့ပစ်လိုက်ပြီ

 

ချစ်သူငါယုံကြည်နေသရွေ့

မုသားများလည်းဖြစ်ပါစေပေါ့

 

ချစ်သူငါယုံကြည်နေသရွေ့

မုသားများလည်းဖြစ်ပါစေပေါ့

ခုံမင်ခဲ့တဲ့ တစ်ထောင့်တစ်ညချစ်ပုံပြင်လေးတွေ

ငါမယုံနိုင်တော့တဲ့တစ်နေ့

ခံစားရသမျှရှိပါစေတော့

ကိုယ်သိပ်ချစ်ခဲ့လည်းလေ မုန်းခွင့်ပေးပါတော့

မုန်းခွင့်ပေးပါတော့

ခံစားရသမျှရှိပါစေတော့

ကိုယ်သိပ်ချစ်ခဲ့လည်းလေ

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added