လိမ်စမ်းညာစမ်း Feat Pyae Sone

Sai Sai Kham Leng

5 Mar 2019

Lyrics

သီချင်းး လိမ်စမ်းညာစမ်း

တေးဆိုး စိုင်းစိုင်းခမ်းလှိုင်၊ ပြည့်စုံ

 

လိမ်စမ်း ညာစမ်း နှလုံးသားကို

အရည်ပျော်သွားအောင်လို့

နင်မရှိရင် မဖြစ်တဲ့ငါ့ကို အနိုင်ယူလိုက်ပါဦး

မင်းအကြောင်းတွေ စဉ်းစားပြီးငါ အလုပ်အကိုင်ပျက်

မင်းကတော့ ဆရာမကြီးပါပဲ ငါ့ဘ၀ကိုချုပ်ကိုင်ခဲ့

ငါ့မှာအိပ်ရေးတွေပျက် အိမ်စာတွေမလုပ်နိုင်ဘဲ

မနက်ဆို ရုံးနောက်ကျခဲ့ အလုပ်တောင်ပြုတ်နိုင်တယ်

ငါဒီမှာရူးသွပ်လို့သွားအောင် မင်းကပြုစားနေတာ

ဒါပေမယ့်မင်းပြောတဲ့ စကားတွေတိုင်းက မုသားတွေပါ

မင်းရဲ့ကြိုးဆွဲရာကမယ့် ငါကရုပ်သေးတစ်ခုလားတဲ့

အရာရာ မင်းအတွက်ဘာမှမငြင်းဘဲ အလုပ်အကျွေးပြုမှာပဲ

မင်းသတင်းတွေလည်း အတင်းအဖျင်းတွေပဲလို့

ငါယူဆပြီးတော့ လူတွေနဲ့လည်း ကင်းကင်းနေတယ်

သူငယ်ချင်းအချင်းချင်းတွေကတောင် ဒီကောင်သိပ်ဒူတယ်တဲ့

ငါဂရုမစိုက်ဘူး မင်းအတွက်ပဲ စိတ်ပူပါတယ်

Yeah .. အမြဲတမ်းဘဲ မင်းကငါ့ကိုရူးအောင်ချွဲ

မင်းပြောတဲ့ပုံပြင်တွေလည်း အတုအယောင်ပဲ

ဒီတစ်ယောက်နဲ့မှ ဟိတ်ကောင်မင်း ဘာဖြစ်တာလဲ

လာမပြောကြနဲ့ငါမသိဘူး ချစ်မှာပဲ လိမ်စမ်း ညာစမ်း နှလုံးသားကို

အရည်ပျော်သွားအောင်လို့

နင်မရှိရင် မဖြစ်တဲ့ငါ့ကို အနိုင်ယူလိုက်ပါဦး

နင်ဘယ်လိုဆိုးမလဲ သိပါတယ်

ဘယ်လိုလှည့်စားမလဲ နားလည်တယ်

လိမ်ပေါ့ညာပေါ့ ငါ့ဘ၀ကို

နင်လိမ်ညာလိုက်ပါဦး

မင်းငါ့ကို အနိုင်ယူပါဦး ငါကပဲအရူံးပေးပါတယ်

နောက်တစ်ခေါက် ဟန်ဆောင်ပါဦး ငါကတော့ ဒုံးဝေးပါတယ်

သမင်မျက်လုံးလေးနဲ့ ကလေးတစ်ယောက်လို အထာမျိုးတွေနဲ့

ငါတစ်ယောက်တည်း ရှိတယ်ဆိုပြီး ဘာအချိုးတွေလဲ! ဟင်!

ငါမသိဘဲ ယောင်္ကျားလေးတွေ အိမ်အလည်လာတယ်

အမြဲတမ်းပဲ ဆင်ခြေတွေအပြည့်နဲ့ ငါ့ကို လိမ်လည်ပါတယ်

ငါ့မှာ သိမ်ငယ်လာတယ် တော်ပါပြီ မကျိန်တွယ်ပါနဲ့

လက်ထပ်ဖို့ပြောလိုက်တိုင်းလည်း အချိန်တွေကိုဆွဲ

တခါတလေဆို မျက်ရည်တောင်လည်တယ် ညတွေနက်ပေမယ့်

မင်းအပြင်တွေထွက်နေတာလည်း ငါသိတော့ခက်နေပါတယ်

ငါဖုန်းတွေဆက်နေရင်လည်း Busy တွေဖြစ်နေတာအမြဲ

ဘယ်သူနဲ့ Chat နေတာလဲ Message တွေဖျက်နေပါတယ် Yeach

ငါဒီမှာမျက်နှာတွေ ငယ်ပါတယ် မာနတွေလည်းဘယ်မှာလဲ

ဘ၀ကလည်း အဓိပ္ပါယ်မဲ့

နောက်ဆုံးတော့အချစ်ကလည်း ငါ့အတွက်တော့ ပျားရည်ဆမ်းတဲ့ အဆိပ်တစ်ခွက်

လိမ်စမ်း ညာစမ်း နှလုံးသားကို

အရည်ပျော်သွားအောင်လို့

နင်မရှိရင် မဖြစ်တဲ့ငါ့ကို အနိုင်ယူလိုက်ပါဦး

နင်ဘယ်လိုဆိုးမလဲ သိပါတယ်

ဘယ်လိုလှည့်စားလဲ နားလည်တယ်

လိမ်ပေါ့ညာပေါ့ ငါ့ဘ၀ကို

နင်လိမ်ညာလိုက်ပါဦး

မင်းကတော့ တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ

မင်းအတွက်နဲ့ ငါ့အိပ်မက်တွေ ကျွမ်းယောင်ခဲ့

မင်းကတော့ ငါ့အချစ်ကို နင်းချေခဲ့

မင်းအတွက်နဲ့ ငါ့ရင်ထဲက အတွင်းကြေပဲ

မင်းကတော့ ငါ့အသည်းကိုခွဲမယ်တဲ့

မင်းအတွက်နဲ့ ငါ့မှာလုံးဝ သည်းခြေပျက်

ဒီတစ်ယောက်နဲ့မှ ဟိတ်ကောင် မင်းဘာဖြစ်တာလဲ

လာမပြောကြနဲ့ ဂရုမစိုက်ဘူး ချစ်မှာပဲ

လိမ်စမ်း ညာစမ်း နှလုံးသားကို

အရည်ပျော်သွားအောင်လို့

လိမ်ပေါ့ညာပေါ့ ငါ့ဘ၀ကို

နင်လိမ်ညာလိုက်ပါဦး

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added