Listen to နွေအလွမ်း song with lyrics from Hlwan Paing

နွေအလွမ်း

Hlwan Paing, Lil Chan, Yaw Min Oo10 May 2020

နွေအလွမ်း Lyrics

သီချင်း - နွေအလွမ်း

တေးဆို - လွှမ်းပိုင် ၊ Lil Chan ၊ ယောမင်းဦး

 

နွေ ဥသြတွန်ကြူးလို့နေ

ရော်ရွက်လေးတွေ လွင့်ကြွေ

နွေ စိန်ပန်းတွေလဲပွင့်ဝေ

မင်းနဲ့ခွဲဖို့အချိန်ရောက်တော့

အချက်ပေးသလိုပေ

 

သစ်ရွက်ခြောက်တွေကြွေနေပြီ

ဒီလိုနွေရာသီရောက်တဲ့အခါ

သောကတွေဝေလေသည်

မခွဲချင်ဘူး ဒီအပေအတေလေးနဲ့

အခုတော့အလွမ်းနေ့ရက်တွေက

ငါ့အတွက်တော့ရှည်လေသည်

မင်းပို့တဲ့ဓါတ်ပုံလေးတွေကြည့်ရင်

အလွမ်းမိုးတွေက ငါ့မျက်၀န်းထက်မှာကျဆင်း

နွေမှာဖူးပွင့်တဲ့ ပန်းတွေလှပါသော်ငြား

မင်းနှုတ်ခမ်းပါးလေးကိုတော့ မမှီနိုင်ဘူးပေါ့ကွာ

အနေဝေးသွားလဲသတိရပေးပါ

မင်းအကြောင်းတွေခေါင်းအစ

ခြေအဆုံးထိငါမေ့မရ

ကျောင်းတွေပြန်ဖွင့်ရင် အဟုတ်တကယ်တွေ့မလို့

ပိုက်ဆံစုထားတယ် မင်းကြိုက်တဲ့မုန့်တွေ၀ယ်ကျွေးမလို့

ချစ်လို့တောင်မ၀သေးခဏလေးပါ

ပြောင်နေတဲ့နှဖူးလေးပေါ် အရင်လိုဆံပင်တွေကျသေးလား

ငါ၀ယ်ပေးထားတဲ့ကလစ်လေးကော မင်းနဲ့လှသေးလား

ဒီလိုနွေအခါမှာ မင်းအကြောင်းတွေလွမ်းတိုင်း ချရေးသား

 

နွေ .. လေညင်းတွေတိုးဝှေ့လေ

ကိုယ့်အသည်းမှာဆွေးမြေ့ကာ အထီးကျန်လွန်းနေ

နွေ .. ကျောင်းတွေပိတ်မယ့်အချိန်

ကိုယ်တို့တစ်ကယ်ဝေးဖို့အချိန်တန်ပြီလေ

 

နွေ .. တိတ်ဆိတ်တဲ့ .. နွေ

ခြောက်သွေ့တဲ့ .. နွေ

အလွမ်းများပြည့်နေ

တစ်နေရာစီ ဝေးရမယ့်အရေး

မဖြေနိုင် နှလုံးသားထဲ အလွမ်းတွေနဲ့ဝေ

 

နွေ မနက်ဖြန်ဆိုကျောင်းတွေပိတ်ပြီဆိုတော့

ငါနင့်ကိုရေလောင်းချင်တယ်

နင်လဲငါ့ကိုရေပြန်လောင်းပါ

နှုတ်ဆက်တဲ့အနေ့နဲ့သင်္ကြန်ကျောင်းမှာ

အမှတ်တရနေနဲ့နင့်ရဲ့ခေါင်းမှာ ပန်တဲ့ပန်းလေးကို

ငါ့ကိုလက်ဆောင်ပေးရင်ကောင်းမှာ

သိပ်တိုတောင်းပါတဲ့ တက္ကသိုလ်ကျောင်းမှာ

မင်းနဲ့တွေ့ဆုံခွင့်ရခဲ့တာ ငါကံကောင်းတာ

ငါနေတဲ့အညာမြေက သစ်ပင်ထနှောင်းပမာ

အဆူးခက်တွေရှိပင်မယ့်လဲ အရိပ်တော့ကောင်းတာ

အချိန်တွေနှောင်းလာတော့

တစ်ဖြေးဖြေးစိတ်တွေပြောင်းလာ

မကောင်းတာကမင်းနဲ့ငါက တကယ့်ကိုဘော်ဒါကောင်းကွာ

မင်းကသိပ်လှတဲ့ပန်းလေတပွင့်ပါ နွေ

ငါကလမ်းကြား ကပန်းလေးအဆင့်သာလေ

မင်းကိုတစ်ခမ်းတစ်နားနဲ့ လှမ်းငေးရင်းငါလေ

ဖြစ်ချင်တာ မင်းဘေးကငြမ်းလေးအဖြစ်သာလေ

အဆင့်ဆိုတာအရမ်းဝေးတော့လွမ်း၍မသင့်တာတွေ

မြစ်ဆိုတာမခမ်းသ၍တော့လမ်းလေးမဖြစ်ပါလေ

မင်းဆိုတဲ့ပန်းလေးကို နမ်း၍မသင့်ငါလေ

အချစ်ကိုမျက်ကန်းလေးလို လှမ်းဖို့တွေကာဝေ

 

မင်းတွက့်ငါ့ရဲ့အချစ်သက်သေ

နာမည်ရေးထိုးခဲ့တဲ့ ခုန်တန်းလေး

နောက်နှစ်လဲရှိပါစေ

သူမနဲ့ပဲကျွန်တော်ပြန်တွေ့ပါရစေ

စာသင်ခန်းတဲ့က အမှတ်တရတွေ

ပြန်လည်ကာမြင်ယောင်တယ် သူသိမလားလေ

ကျောင်းထဲက ကောင်မလေးရေ

မင်းကိုလွမ်းနေဆဲ ဒီကောင်ကလေးလေ

 

နွေ .. လေညင်းတွေတိုးဝှေ့လေ

ကိုယ့်အသည်းမှာဆွေးမြေ့ကာ အထီးကျန်လွန်းနေ

နွေ .. ကျောင်းတွေပိတ်မယ့်အချိန်

ကိုယ်တို့တစ်ကယ်ဝေးဖို့အချိန်တန်ပြီလေ

 

နွေ .. တိတ်ဆိတ်တဲ့ .. နွေ

ခြောက်သွေ့တဲ့ .. နွေ

အလွမ်းများပြည့်နေ

တစ်နေရာစီ ဝေးရမယ့်အရေး

မဖြေနိုင် နှလုံးသားထဲ အလွမ်းတွေနဲ့ဝေ

 

အခုတော့ကျောင်းတွေပိတ်ရောက်ခဲ့တာ နွေရာသီ

သုံးလဆိုတာ ငါ့အတွက်တော့ရှည်ကြာပြီ

မင်းနဲ့ဝေးရတဲ့ ဒီလိုအချိန်နွေရာသီ

ကျောင်းပိတ်လို့ပျော်တဲ့သူ ငါမဟုတ်တာသေချာပြီ

 

အို ကံ့ကော်ပန်းရနံ့လေးတွေ

အရင်လိုနှလုံးသားထဲမှာ

မမွှေးတော့ဘူး နွေရေ

 

***Lyrics are from third-parties***

Comments for နွေအလွမ်း (718)

default user img
Pyae Sone

တော်တော်ကြွေ ဘေးတဇောင်းကြွေ ဒဲ့​ကြွေ သီချင်းကိုပြောတာပါ

default user img
Sit Pay Hunn

😁😁😁

default user img
Htet Htet Lynn

😇😇

default user img
Khin Myat Lin

🥰🥰🥰

default user img
Kÿaw Tĥurain Tûn

❤❤❤

default user img
Ko Chit Lay

👍👍👍👍

default user img
Hein Tay Zar

ကြိုက်တယ်😁

default user img
ဗိုလ် မြ

☕😍😍😍

default user img
Thant Zin ko ko

အရမ်းကြိုက်တယ်

default user img
Khaing Aeindray Wai Moe

💙💙💙