တိုးတိတ်တမ်းတ

Htun Eaindra Bo

31 Jul 2000

Lyrics

သီချင်း - တိုးတိတ်တမ်းတ

တေးဆို - ထွန်းအိန္ဒြာဗိုလ်

 

တိုးတိတ်ရင်ခုန်သံ

အဆုံးအဖြတ်ဝေဒနာရယ်

ခံစားချက်တွေပြောင်းလဲခဲ့တယ်

စွန့်လွှတ်အကြင်နာရယ်

ရက်စက်အနိုင်ယူတယ်

လှည့်စားရက်တယ်

နာကြည်းမိခဲ့ပြီ

ခိုတွယ်စရာ

ရင်ခွင်မဲ့သောနှလုံးသားမှာ

ဒဏ်ရာတွေနာကျင်နေဆဲ

အချစ်အတွက်ပါ

ခံနိုင်ရည်ဆိုတာ

အကုန်ပြိုကာလဲ

အချိန်တိုင်းအတွက်မျက်ရည်ဝဲ

ဒဏ်ရာများနဲ့

အသည်းကလွမ်းတာပါ

ဒါပေမယ့်လည်း

ကြေကွဲအချစ်အတွက်နဲ့

ပြန်ဆုံစည်းကြဖို့တော့

ဝေးပြီကွယ်

တိုးတိတ်လွမ်းလို့နေပါတယ်

ချဉ်းနင်းခြေသံနဲ့

ခြောက်လှန့်ရယ်သံတွေ

တစ်ယောက်ထဲနေ့တွေနဲ့

အားလည်းငယ်

နေ့ညအချိန်တွေရယ်

အိပ်မက်တွေမှာကွယ်

ခံစားချက်တွေ

ဒီအလွမ်းမင်းပေးခဲ့

ယုံကြည်စရာ

ရင်ခွင်မဲ့သောနှလုံးသားမှာ

ဒဏ်ရာတွေနာကျင်နေဆဲ

အချစ်အတွက်ပါ

ခံနိုင်ရည်ဆိုတာ

အကုန်ပြိုကာလဲ

အချိန်တိုင်းအတွက်မျက်ရည်ဝဲ

ဒဏ်ရာများနဲ့

အသည်းကလွမ်းနေတယ်

ဒါပေမယ့်လည်း

ကြေကွဲအချစ်အတွက်နဲ့

ပြန်ဆုံစည်းကြဖို့တော့

ဝေးပြီကွယ်

တိုးတိတ်လွမ်းလို့နေပါတယ်

ဒဏ်ရာများနဲ့

အသည်းကလွမ်းတာပါ

ဒါပေမယ့်လည်း

ကြေကွဲအချစ်အတွက်နဲ့

ပြန်ဆုံစည်းကြဖို့တော့

မဖြစ်နိုင်တယ်

တိုးတိတ်လွမ်းလို့နေပါတယ်

 

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added