ပို့သသောမေတ္တာ

Jenny, Thar Thar

21 Oct 2018

Lyrics

သီချင်း - ပို့သသောမေတ္တာ

တေးဆို - ထက်ယံ ၊ Jenny

 

ကျန်းမာရေးဂရုစိုက်

သူ့ကိုစိတ်ပူလို့

ငါ့မျက်ခုံးလှုပ်တိုင်း

သူ့ကိုစိုးရိမ်နေမိလို့

ငါခလုတ်တိုက်လည်း

 

ငါ့လိုဖြစ်မှာစိုး

ဘာတွေစားလဲအမြဲ

စိတ်ပူနေမိလို့

နင်စိတ်ချမ်းသာစေ

ကံကောင်းပါစေ

 

ငါဝမ်းသာနေချင်လို့

အကြင်နာမေတ္တာတွေ

ဝေမျှတာတွေနင်ရအောင်

နေ့တိုင်းပို့

ဘာရယ်မဟုတ်ဘူးလေ

 

ဒီတိုင်းသတိရရုံလေး

ပို့တဲ့မေတ္တာတွေနင်ရပါစေ

ဘာလုပ်လုပ်ဂရုစိုက်

စိတ်မပူချင်လို့

ဘယ်သွားသွားခလုတ်မထိ

 

ဆူးမငြိစေဖို့

ငါကြားတဲ့သတင်းတိုင်း

ကောင်းစေချင်လို့

သူမသိပေမယ့်လည်း

မေတ္တာပို့

 

ငါသတိရရင်

ငါသတိရရင်

ငါသတိရရင်

သတိရတိုင်းငါမေတ္တာပို့

ငါသတိရရင်

 

ငါသတိရရင်

ငါသတိရရင်

ကလေးတစ်ယောက်ထက်

စိတ်ပူတယ်

ဂျီးများတတ်လို့စိတ်ပူတယ်

 

နေထိုင်မကောင်းအသေးအဖွဲလေး

နှာစေးချောင်းဆိုးတောင်

စိတ်ပူတယ်

လမ်းကူးလည်းစိတ်ပူတယ်

ဂရုစိုက်ပါကွယ်

 

အစားအသောက်တွေလည်း

လျှောက်မစားပါနဲ့

အန္တရာယ်ကင်းဘေးရှင်းဖို့

ဆုတောင်းပေးပါတယ်

ဘာလုပ်လုပ်ဂရုစိုက်

 

စိတ်မပူချင်လို့

ဘယ်သွားသွားခလုတ်မထိ

ဆူးမငြိစေဖို့

ငါကြားတဲ့သတင်းတိုင်း

ကောင်းစေချင်လို့

 

သူမသိပေမယ့်လည်း

မေတ္တာပို့

ငါသတိရရင်

ငါသတိရရင်

ငါသတိရရင်

 

သတိရတိုင်းငါမေတ္တာပို့

ငါသတိရရင်

ငါသတိရရင်

ငါသတိရရင်

အိပ်မက်ဆိုးတွေငါမက်တဲ့ညတွေဆို

 

သူ့အတွက်စိုးရိမ်ဆုတောင်းလို့

ပေးနေတုန်း

ရောက်တဲ့အရပ်မှာ

ဘာလုပ်လုပ်ဂရုစိုက်ဦး

ငါသူ့အတွက်ဘုရားရှိခိုး

မေတ္တာပို့

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added