Listen to ကမ္ဘာမြေသီချင်း (Myo Kyawt Myaing + Han Htun  + Alex + R Zar Ni + Phyo Gyi + Ko Aung +  Tha O + Bunny Phyoe + Nay Win + Phyo Lay + G Fatt + Phyoe Pyae Sone + Aung Htet + Mg Mg Pyae Son + Pan Yaung Chel + Mary + Jewel + Gabriel Phway + Amera Hpone) song with lyrics from Sai Sai Kham Leng

ကမ္ဘာမြေသီချင်း (Myo Kyawt Myaing + Han Htun + Alex + R Zar Ni + Phyo Gyi + Ko Aung + Tha O + Bunny Phyoe + Nay Win + Phyo Lay + G Fatt + Phyoe Pyae Sone + Aung Htet + Mg Mg Pyae Son + Pan Yaung Chel + Mary + Jewel + Gabriel Phway + Amera Hpone)

Sai Sai Kham Leng19 Apr 2020

Lyrics

သီချင်း - ကမ္ဘာမြေသီချင်း

တေးဆို - Myo Kyawt Myaing + Han Htun + Alex +

R Zar Ni + Phyo Gyi + Ko Aung +

Tha O + Bunny Phyoe + Nay Win +

Phyo Lay + G Fatt + Phyoe Pyae Sone +

Aung Htet + Mg Mg Pyae Son +

Pan Yaung Chel + Mary + Jewel + Gabriel Phway +

Amera Hphone + Sai Sai Kham Leng

 

 

ဒဏ်ရာတွေရယ်အထပ်ထပ်နဲ့

ငါ့နှလုံးသားထဲမယ်

အမာရွတ်ဟောင်းများနဲ့သာ

ဆို့နှင့်ကြေကွဲ

စိတ်ဓာတ်မကျပါနဲ့

ငါ့ရဲ့လက်ကိုတွဲ

အိမ်မက်ဆိုးကနိုးရင်

မနက်ခင်းအလင်းတွေရှိမယ်

နံရံတွေရယ်အထပ်ထပ်လည်း

ပြိုလဲကျခဲ့တယ်

ဒီမှာငါ့ရဲ့ဘဝရယ်

အကုန်ပိန်းပိတ်မှောင်မဲ

ဘာမှအားမငယ်နဲ့

အိုးရှေ့ဆက်လိုက်ပါကလေးရယ်

မင်းရဲ့မျက်ရည်သုတ်လိုက်

မျှော်လင့်ချက်တွေရှိတယ်

 

အနာဂတ်နေ့တွေအတွက်

နင်အားမလျော့လိုက်ပါနဲ့

မင်းရဲ့ဒုက္ခဟာ

ငါ့ရဲ့ဒုက္ခပဲ

 

ဒီကမ္ဘာမြေအတွက်

သီချင်းသံများရှိမယ်

ဒီကမ္ဘာမြေအတွက်

မေတ္တာတရားရှိမယ်

ဒီကမ္ဘာမြေပြင်

လှပဖို့လက်တွဲလိုက်ကြမယ်

ငါတို့အားတင်းထားတယ်

မင်းအားတင်းထား

သူငယ်ချင်းရယ်

 

နေရောင်ခြည်ရယ်ပန်းများပွင့်တဲ့

လောကကြီးထဲ

လေမုန်တိုင်းများခက်ထန်

ခြိမ်းခြောက်နေတယ်

နောက်မဆုတ်လိုက်ပါနဲ့

အိုးစိတ်ဓာတ်နဲ့ကုစားမယ်

တချိန်မှာကြေကွဲသမျှတွေအားလုံး

တဖြည်းဖြည်းပျောက်ကွယ်သွားမယ်

 

အနာဂတ်နေ့တွေအတွက်နင်အားမလျော့

လိုက်ပါနဲ့

ဘယ်လိုခက်ခဲလမ်းတွေကြမ်းလည်း

ရဲရင့်ဖြတ်ကျော်သွားမယ်

 

ဒီကမ္ဘာမြေအတွက်

သီချင်းသံများရှိမယ်

ဒီကမ္ဘာမြေအတွက်

မေတ္တာတရားရှိမယ်

ဒီကမ္ဘာမြေပြင်

လှပဖို့လက်တွဲလိုက်ကြမယ်

ငါတို့အားတင်းထားတယ်

မင်းအားတင်းထား

သူငယ်ချင်းရယ်

 

ကမ္ဘာမြေမှာအလိုအပ်ဆုံးက

မေတ္တာတရားနဲ့ဉာဏ်ပညာ

လူမှန်ရင်အမှားတွေမကင်းနိုင်ဘူး

အပြစ်အနာဆာပြန်ပြင်ပါ

တခါလဲရင်နှစ်ခါပြန်ထမယ်

ညပြီးရင်နေ့ပေါ့သဘာဝပဲ

လောကဓံကစိတ်ခေါ်ရန်စလည်း

စိတ်ဓာတ်နဲ့ရင်ဆိုင်ပြန်ချမယ်

 

သဘာဝကအပြစ်ဒဏ်ချလိုက်တယ်

လူသားတွေရဲ့အသက်တွေကိုမငှဲ့

အရာတိုင်းကအမြဲ

တချိန်ကဝေခဲ့ဖူးတဲ့ရွက်ကြွေလိုပဲ

ဘဝဆိုတာအနှိမ့်နဲ့အမြင့်

တလှည့်ဆီရဟတ်တွေလိုလည်တယ်

လာပါလက်တွေကိုတွဲ

မင်းငိုတော့ငါလဲမျက်ရည်ပိုဝဲ

 

နောက်နှစ်တရာမှာဘယ်လိုမျိုးကံဆိုးစရာတွေ

ထပ်ကြုံရမလဲ

ဘဝကြီးကသက်လုံအားနည်း

တင်္ဒဂတော့အခက်ကြုံရမယ်

အမှောင်ပြီးရင်ရောင်နီလာတယ်

ယုံကြည်ချက်တွေမပျက်ကုန်ကြနဲ့

တယောက်နဲ့တယောက်လိုနေတာက

ဖေးမကူညီလက်တစုံအားပဲ

 

ဒီကမ္ဘာကြီးပေါ်မှာပဲငါတို့နေထိုင်တယ်အတူတူ

ဒီကမ္ဘာကြီးပေါ်မှာပဲငါတို့ဒုက္ခတွေအတူတူ

ဒီကမ္ဘာကြီးပေါ်မှာပဲငါတို့လဲကျလည်းအတူတူ

ဒီကမ္ဘာကြီးပေါ်မှာပဲငါတို့ပြန်ထမယ်အတူတူ

 

 

ယုံကြည်မှုတော့မပျောက်ကွယ်နဲ့

မျှော်လင့်ခြင်းနဲ့အသက်ရှင်မယ်

အတူလက်တွဲလို့ဖေးကူမယ်

ကမ္ဘာမြေကြီးအတွက်အချစ်များနဲ့

 

ဒီကမ္ဘာမြေအတွက်

သီချင်းသံများရှိမယ်

ဒီကမ္ဘာမြေအတွက်

မေတ္တာတရားရှိမယ်

ဒီကမ္ဘာမြေပြင်

လှပဖို့လက်တွဲလိုက်ကြမယ်

ငါတို့အားတင်းထားတယ်

မင်းအားတင်းထား

သူငယ်ချင်းရယ်

ဒီကမ္ဘာမြေအတွက်

သီချင်းသံများရှိမယ်

ဒီကမ္ဘာမြေအတွက်

မေတ္တာတရားရှိမယ်

ဒီကမ္ဘာမြေပြင်

လှပဖို့လက်တွဲလိုက်ကြမယ်

ငါတို့အားတင်းထားတယ်

မင်းအားတင်းထား

သူငယ်ချင်းရယ်

ဒီကမ္ဘာမြေအတွက်

သီချင်းသံများရှိမယ်

ဒီကမ္ဘာမြေအတွက်

မေတ္တာတရားရှိမယ်

 

ဒီလောကကြီးအတွက်

မနက်ဖြန်များကိုမျှော်လင့်ရင်း

ဟိုးရှေ့မှာစောင့်ကြိုနေတယ့်

မေတ္တာတရားနဲ့ပျော်ရွှင်ခြင်း

ခံစားချက်တွေမျှဝေလက်တွဲ

ကြစို့သူငယ်ချင်း

အားလုံးအတူဆိုလိုက်ကြမယ်

ကမ္ဘာမြေအတွက်သီချင်း

 

 

***Lyrics are from third-parties***