Honey Corted Sh!T (Explict)

Sai Sai Kham Leng

5 Mar 2019

Lyrics

သီချင်းး Honey Coated Shit

တေးဆိုး စိုင်းစိုင်းခမ်းလှိုင်

 

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခု

စာရွက်ပေါ် ငါမြင်လိုက်တယ်..

ငါမြင်မှာကို သိရက်နဲ့ (မင်း) လုပ်သလား

ဒါမတော်တဆလား..

အသက်ရူကြပ်လို့ အသက်ရူရပ်

အင်ဂျင်မီးဖြတ် စက်ကိုသတ်

လိုချင်တာအားလုံး ဆန့်ကျင်ဘက်

ရေငုံပြီး ငါဟန်ဆောင်ရယ်နေခဲ့

အချိန်အကြာကြီးရောက်မှ

ငါနင့်အကြောင်းသိလာ

ယုံကြည်မှုတို့ ရေစုန်မျောလို့

အရာရာ သဲထဲရေသွန်ဖြစ်မှ နောင်တရ

မကြုံဖူးလို့ပါ ငါပုံပေးမိတာ

ဒါဟာ ငါ့အပြစ် နယ်ကျွံတဲ့အချစ်တွေနဲ့

အခုတော့ Honey Coated Shit!!

ဗရုတ်သုက္ခ အရူပ်ထုပ်မ

လုပ်ရပ်က ရပ်ကွက်ကရူံ့ချ

မိတ်ကပ်တွေလိမ်း စိတ်ဓာတ်ကပုပ်ပွ

မလှိမ့်တပတ်နဲ့ အဆိပ်ခတ်တဲ့ စုန်းမ

မြွေပွေးခါးပိုက်ပိုက်ပြီး ငါကလည်း Feel တွေတက်

လွယ်လွယ်လေး ကတိတွေပေး

လွယ်လွယ်နဲ့ ကတိတွေဖျက်

Bikini ဓာတ်ပုံတွေရိုက်ယောင်္ကျားတွေ သည်းခြေကြိုက်

ဒီတစ်ယောက်နဲ့ကျူ ဟိုတစ်ယောက်နဲ့ Chat

ငါ့အသဲကိုခွဲနေလိုက်

Ex နဲ့လည်း အဆက်အသွယ်လုပ်

ဇာတ်ကားဟောင်းတွေပြန်ရိုက်

ငါပြောတာကျေနပ်လား မကျေနပ်ရင်လဲသေလိုက်

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခု

စာရွက်ပေါ် ငါမြင်လိုက်တယ်..

အချိန်အကြာကြီးရောက်မှ

ငါနင့်အကြောင်းသိလာ

ယုံကြည်မှုတို့ ရေစုန်မျောလို့

အရာရာ သဲထဲရေသွန်ဖြစ်မှ နောင်တရ

မကြုံဖူးလို့ပါ ငါပုံပေးမိတာ

ဒါဟာ ငါ့အပြစ် နယ်ကျွံတဲ့အချစ်တွေနဲ့

အခုတော့ Honey Coated Shit!!

အဟုတ်တရုတ် အရူပ်ထုပ်

အနုတ်စုတ် ဂုတ်စုတ်တွေနဲ့ အလုပ်ရူပ်

မဟုတ်က ဟုတ်က ဇယားတွေရူပ်ပွ

ဆက်နွယ်ပက်သက်သမျှ င့ါအတွက်ကဒုက္ခ

အချိုရည်မျက်နှာဖုံးနဲ့

ဆရာကျတာ သေလောက်တယ်

အရှေ့ကျတော့တစ်မျိုး အနောက်ကျတော့တစ်မျိုး

လျှာနှစ်ခွနဲ့ မြွေဟောက်ပဲ

အရေခွံတွေချွတ်

အရောင်ပြောင်းလဲတာ ပြောင်မြောက်တယ်

စပါးကြီးလို ညှို့ စပါးအုံးလိုချုပ်

မင်းတကယ်ကိုထောင်ခြောက်ပဲ

သိက္ခာက တစ်ပဲခြောက်ပြားနဲ့

စိတ်နာအောင် လိမ်ညာလိုက်

အ၀ီဇိမှာ ချိုးကပ်ပါစေ မင်းကိုငါကျိန်စာတိုက်

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခု

စာရွက်ပေါ် ငါမြင်လိုက်တယ်..

အချိန်အကြာကြီးရောက်မှ

ငါနင့်အကြောင်းသိလာ

ယုံကြည်မှုတို့ ရေစုန်မျောလို့

အရာရာ သဲထဲရေသွန်ဖြစ်မှ နောင်တရ

မကြုံဖူးလို့ပါ ငါပုံပေးမိတာ

ဒါဟာ ငါ့အပြစ် နယ်ကျွံတဲ့အချစ်တွေနဲ့

အခုတော့ Honey Coated Shit!!

Honey Coated Shit

မင်းက Honey Coated Shit

ငါ့စိတ်တွေညစ် မင်းအတွက်နဲ့မူးယစ်

Honey Coated Shit

အခုတော့ Honey Coated Shit

ငါ့စိတ်တွေထဲမှာ မင်းကို အပိုင်းပိုင်းခုတ်ထစ်

Honey Coated Shit

မင်းက Honey Coated Shit

ငါ့စိတ်တွေညစ် မင်းအတွက်နဲ့မူးယစ်

Honey Coated Shit

အခုတော့ Honey Coated Shit

စိတ်ထိန်းမရတဲ့အဖြစ်

မင်းကို အပိုင်းပိုင်းခုတ်ထစ်

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခု

စာရွက်ပေါ် ငါမြင်လိုက်တယ်

Honey Coated Shit

မင်းက Honey Coated Shit

ငါ့စိတ်တွေညစ် မင်းအတွက်နဲ့မူးယစ်

Honey Coated Shit

အခုတော့ Honey Coated Shit

ငါ့စိတ်တွေထဲမှာ မင်းကိုအပိုင်းပိုင်းခုတ်ထစ်

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added