Blacklist

Phyo Layy, Warso Moe Oo

5 Mar 2019

Lyrics

သီချင်းး Blacklist

တေးဆိုး ဖြိုးလေး ၊ ဝါဆိုမိုးဦး

 

အားမနာပါနဲ့ နားလည်ပါတယ်

ငါ့လိုလူအတွက် နင် Blacklist ထဲထည့်

နားလည်ပါတယ် အားမနာပါနဲ့အလုပ်တွေပိုတယ်

နင် BlackList ထဲထည့်

ဘာတတ်နိုင်ဦးမလဲငါရှိချင်သေးလည်း

(မင်းအတွက်ရှုပ်နေမယ်) 2

သံယောဇဉ်လည်းငါရှိချင်တဲ့အတွက်

(မင်းအတွက်ရှုပ်နေမယ်) 2

အထူအပါးတွေလည်းနားမလည်တဲ့အတွက်

Blacklist ထဲထည့်

 

နင့်ရဲ့မုသားတွေကခါးတယ် အထူအပါးတွေငါနားလည်

အတူသွားအတူလာအတူစားနေလဲ အကြူဇယားတွေများတယ်

လူပါးတွေလာမဝနဲ့ထားခဲ့လိုက်ပါရတယ်

လဲကျလို့ကွဲကြေစုတ်ပြတ်ခဲ့တာငါ့အသည်း

မင်းရဲ့အနားကအစေအပါးမို့နင်းပြီးတက်လိုက်လှေကားလို

ကင်းမြီးကောက်လိုခြေများတော့ ရှေ့ဆက်ဖို့တွေဝေသွားလို့

မုန့်ဆိုရင်တော့ဝေစားလိုက်မယ် အချစ်ကိုတော့ငါမဝေမျှ

သမုဒ္ဒရာထက်ကရေများလို့ငါ့ရဲ့မျက်ရည်ကြွေကျ

မြေခလို့သွားခဲ့ရတော့ငါ့မှာစိတ္တဇ

ဖြစ်လာလို့လည်းမရှိနိုင်တော့တဲ့ အိမ်သူထိပ်ထားအလှဆင်ထားတယ်

လိပ်ပြာနဲ့တစ်ခြမ်းရိုက်ထားတဲ့ဖိတ်စာ

အဆုံးသတ်စာတန်းထိုးကန်လန်ကာချလိုက်ပိတ်ကား

မျဉ်းပြိုင်နှစ်ကြောင်းလိုမဆုံပြန်တော့တဲ့ ၃နဲ့၎ လိုကျောခိုင်း

လျှစ်စစ်နဲ့ရေနဲ့တွေ့သလိုငါ့ရဲ့အချစ်က Shock ရိုက်

ဖုန်းတွေကိုလည်း Blacklist လုပ်ပြီး Facebook မှာပါ Block လိုက်

နင်ကောင်းစားဖို့နေခဲ့လိုက်မယ်ဇာတ်ဆရာသဘောအတိုင်း

 

(မင်းအတွက်ရှုပ်နေမယ်) 2

သံယောဇဉ်လည်းငါရှိချင်တဲ့အတွက်

(မင်းအတွက်ရှုပ်နေမယ်) 2

အထူအပါးတွေလည်းငါနားမလည်တဲ့အတွက်

Blacklist ထဲထည့်

 

ရင်ဘတ်တွေငါအောင့်နေပါပြီနှလုံးသားမှာအဆူး

မင်းဆီကိုငါယောင်လို့တောင်လုံးဝမလာဘူး

အသုံးမကျတဲ့ငတုံးဘဝနဲ့ အရှုံးသမားငါအရူး

နဖားကြီးတွေလာမတပ်နဲ့ပုခုံးကမမာဘူး

ဘာထူးမလဲရှေ့ဆက်ဖို့ဆို မင်းအတွက်ရှုပ်နေမယ်

တခါတည်းငါမီးရှို့လိုက်ပြီ

မင်းပေးတဲ့အရုပ်တွေလည်း

Anniversary ရောက်တိုင်းငါ Surprise လုပ်ဖို့စဉ်းစား

Plan တွေကို ငါအတင်းချအနားမှာမရှိဘူးမင်းက

အရေပြားပေါ်ကသေရာပါမယ့်မင်းနာမည်နဲ့ Tattoo

ဘေးလူတွေဝိုင်းပြောနေလည်း Cover လုပ်ပြီးမဖျက်ဘူး

အနာတွေရင်မှာမကျက်ဘူးမဖြစ်နိုင်တဲ့ဆုံမှတ်တခု

ရင်ခုန်သံတွေဝုန်းဒိုင်းကြဲလို့မဝတော့ဘူးငါအသက်ရှူ

အဆိပ်များစွာပြည့်နှက်နေတဲ့ဓါးသွားထက်ကပျားရည်

နှလုံးသားတခုနဲ့ဦးနှောက်ကြားမှာနံရံတွေကွာခြားနေ

ဒွိဟတွေနဲ့ငါ့ဘဝမှောက်မိုက်ဘုရားမေ့တရားမေ့

ငါ့ဆီကနေလွတ်လပ်စွာမင်းပျံသန်းလိုက်တော့သွားအဝေး

 

(မင်းအတွက်ရှုပ်နေမယ်) 2

သံယောဇဉ်လည်းငါရှိချင်တဲ့အတွက်

(မင်းအတွက်ရှုပ်နေမယ်) 2

အထူအပါးတွေလည်းငါနားမလည်တဲ့အတွက်

Blacklist ထဲထည့်

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added