ပျော်ရဲ့လား

Oasix

28 Dec 2018

Lyrics

သီချင်းး ပျော်ရဲ့လား.

တေးဆိုး Oasix x KMH

 

Baby ပျော်ရဲ့လား Baby ပျော်ရဲ့လား

အဆင်ပြေနေပြီလား ကိုယ်တို့လမ်းခွဲ့ခဲ့ပြီးမှ

အရာရာ မင်းသဘော..ပျော်ချင်ရဲ့လား

ပျော်ရဲ့လား...ပျော်နေစေချင်တယ်...အဆင်ပြေစေချင်တယ်...

နေ့တိုင်း ဆုတောင်းပေးတယ်...

ကိုယ့်ရဲ့ ဘ၀ကို အသုံးချဖို့ဆို...မင်းလေးကြိုက်တာပြော...

ကိုယ့်ကို နည်းနည်းလေးလောက် သနားရင်ပေါ့..

အားလုံး မင်းဂရုစိုက်ပါနော်..

ဒီသီချင်းလေးမင်းလေးကြားရင်ပေါ့...Baby...

 

ခဏလေး နားထောင်…Yap….

 

ချစ်သူ မျက်စိကို ခဏမှိတ် မျက်လုံးထဲမှာ

ဘာတွေ မြင်ရလဲ

မင်းမရှိတဲ့ ငါ့ရဲ့ ကမ္ဘာကြီး..

တကယ်ကို နာကျင်နေရတယ်...

လမ်းခွဲစကားပြောထွက်တာနားမလည်..

မင်းစကားကြောင့် ငါရင်များကွဲ

ငါထင်ထားတဲ့ အချစ်က

ဒီတစ်ခါ တကယ်ကို နာကျင်ရတယ်.

အကြွင်းမရှိ...ငါချစ်တဲ့တာ တကယ်တော့ မင်းမသိ...

ပိုင်ဆိုင်ဖူးတဲ့အရာကို စွန့်လွှတ်ဖို့ ခက်တယ်..

စွဲလမ်းတတ်တဲ့

ငါ့စိတ်ကိုလည်းငါ တင်းမိတယ်..

အရာရာ ရင်ဆိုင် ဖြေရှင်းကြည့်ချင်လဲ..

ဒီအချိန်ငါ့အနားမှာ မင်းမရှိ..

မင်းမရှိတဲ့ ငါ့ဘ၀က အလင်းမရှိ..

ဒါတွေကို မင်းမသိ...

စ ချစ်မိတဲ့ သူက အရှုံးလား မင်းအတွက်

ငါ့အချစ်တွေ အသုံးမကျ.

မင်းပေးတဲ့ အမုန်းများကြားမှာ ရူးတော့မယ်

ငါအရှုံးသမား..လက်မခံနိုင် လုံးဝ..

မင်းငါ့ကို အဲဒီလောက်မုန်းလား..

ငါဆုံးရှုံးရတာ မင်းပျော်ရွင်မယ်ဆို...

မျက်နှာကိုပြုံးထား..

ပျောက်သောသူကို ရှာရင်တွေ့ ပေမဲ့.

မင်းကတော့ ငါ့ကို ကြာရင်မေ့မယ်..

စဉ်းစားတိုင်း ငါရင်လေးနေခဲ့

မင်းရှိမဲ့နေရာလေးတွေမှာ လိုက်ပြီးရှာချင်..

လက်ခံဖို့ခက်တဲ့ နာကျင်မှုတွေ အရာမထင် မချစ်တော့ဘူးလို့

ငါ့ကိုယ်ငါ ဟန်ဆောင်ပြီး မညာချင်

 

မဆိုင်တဲ့ မပိုင်တဲ့ ပြောခွင့်မရှိတဲ့ ဘ၀ရယ်

မင်းစိတ်ကြိုက်မင်းရွေးချယ်...ပျော်သလို နေတော့ကွယ်...

မတူဘူး မတန်ဘူး အကြောင်းပြချက် မင်းပေးလည်း..

အားလုံးခွင့်လွှတ်ခဲ့တယ်...

အရာရာ အကုန်လုံး... မင်းလေး သဘောပါပဲ

 

မင်းဘေးမှာ ပေကပ်ပြီး နေချင်တယ်.

ခွင့်မပြုတဲ့ မင်းကို မကျေနပ်

ဖုန်းမဆက်တဲ့ ညတွေကို ရေတွက်ရင်း

ပြောင်းလဲတတ်တဲ့ လောကကို

မကျေနပ်...မင်းမရှိတဲ့ ဘ၀မှာ မနေတတ် အသည်းခွဲမယ့်အစား ငါ့လာ

အသေသတ်..မင်းမိဘရဲ့ စကားတွေ ချေဖျက်

လို့ သံယောဇဉ်များပါ အေးခဲကာပျောက်ဆုံး...

လူတစ်ယောက်ရဲ့ အချစ်ဆုံးလူ ငါ မဖြစ်ချင်..ဖြစ်ချင်တာ

မင်းရဲ့ နောက်ဆုံး..

ဒီလမ်းတွေပေါ်မှာ ငါလျောက်တုန်း..မင်းထွက်သွားမှာ.

ငါ..အကြောက်ဆုံး..

ဘာကြောင့်တုန်း...တစ်ယောက်နဲ့တစ်ယောက်

ချစ်ကြတယ် နှစ်ယောက်လုံး...

ဒီပုံပြင်လေးရဲ့ နောက်ဆုံးမှာ

မင်းသမီးလေး ရုတ်တရက်ပျောက်ဆုံး....

 

မဆိုင်တဲ့ မပိုင်တဲ့ ပြောခွင့်မရှိတဲ့ ဘ၀ရယ်

မင်းစိတ်ကြိုက်မင်းရွေးချယ်...ပျော်သလို နေတော့ကွယ်...

မတူဘူး မတန်ဘူး အကြောင်းပြချက် မင်းပေးလည်း..

အားလုံးခွင့်လွှတ်ခဲ့တယ်...

အရာရာ အကုန်လုံး... မင်းလေး သဘောပါပဲ

 

ကျွန်တော်နားလည်ပါတယ်…

ဒီနားလည်မှုနဲ့ လမ်းခွဲတယ်ဆိုတဲ့စကားက

သူပြောင်းလဲဖို့အတွက် ကျွန်တော့ကို

နားလည်ခိုင်းတယ်လို့ပဲ ကျွန်တော်နားလည်ပါတယ်။

 

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added