MAR

Irene Zin Mar Myint

28 Aug 2018

Lyrics

သီချင်း - MAR

တေးဆို - အိုင်းရင်းဇင်မာမြင့်

 

ပြောတိုင်းလဲခေါင်းလိုက်မညိတ်တတ်တဲ့ ငါ့အကျင့်ဟာမိုက်သည်

ဝမ်းနည်းတိုင်းရူးပေါပေါမလုပ်တဲ့ ငါ့စိတ်ငါလေးစားပါသည်

အဆွေးဝတ္ထု အချစ်ဝတ္ထုတို့ထက် သရဲကားပိုကြိုက်သည်

အနူးညံ့တော့နည်းနည်းမှမခိုက် မိန်းမ မဆန်တော့ပြီ

ငါ့ရှေ့မှာပိတ်ရပ်တဲ့သူစိမ်းတွေ ငါ့နောက်ကပြောကြတဲ့စကားတွေ

မောသွားတော့ပိတ်ကြမယ် ပါးစပ်တွေ

အဆိပ်ရှိတဲ့အရပ်မလည်ဘူးဟေ့

နာစမ်းနာ ကြိုက်သလိုက်

လာစမ်း လာ ရင်ဆိုင်ဖို့အတွက်

အခက်အခဲတွေတွေ့ရလဲ ငါမကြောက်ဘူး​လေ​နော်

 

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလို

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလို

 

နေမင်းကြီးပဲအားလုံးကို ငါအလင်းပေးမယ်

ငါပဲ ..လောကကြီးထဲအသန်မာဆုံးပေါ့ကွယ်

မာ မာ မာ .....

မာ မာ မာ .....

နည်းနည်းလေးမှစိတ်မပါရင် ဘာမှခိုင်းလို့မရသူပါ

အမိန့်​နဲ့​ပေးခိုင်းတဲ့အလုပ်ဆို အမုန်းကြီးမုန်းလဲမလုပ်နိုင်ပါ

ကလေးဘ၀ထဲကစမက်ခဲ့ဖူးတဲ့ ငါ့ရဲ့အိပ်မက်များ

လက်တွေ့ဘ၀ထဲလဲ အခုတော့ကြိုးစားပမ်းစားလုပ်နေ

ငါ့ရဲ့ဘ၀ ငါဖြတ်သန်းချိန်မှာအရေးမကြီးတဲ့အရာတွေကို မေ့ထားတယ်

အချစ်နဲ့ဘ၀ကိုရင်ဘတ်မှာ

သပ်သပ်တစ်​ကန့်​ဆီဖယ်​ထားတယ်​ ဟင်း.....

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလို

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလိုမျိုး

မာ မာ မာ .....

နေမင်းကြီးပဲအားလုံးကို ငါအလင်းပေးမယ်

ငါပဲ ..လောကကြီးထဲ အသန်မာဆုံးပေါ့ကွယ်

မာ မာ မာ .....

ငါပဲအသည်းမာလား လူပေါင်းများစွာကြားထဲကနေ

ငါပဲခေါင်းမာလား လူပေါင်းများစွာကြားထဲကနေ

ငါပဲအသည်းမာလား လူပေါင်းများစွာကြားထဲကနေ

ငါပဲခေါင်းမာလား လူပေါင်းများစွာကြားထဲကနေ

မာ မာ မာ .....

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလို

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလို

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလို

ခေါင်းလဲမာ အသည်းလဲမာလို့

အားလုံးကျောက်သားကြီးတွေလို

 

 

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added