Listen to နင်မြင်နိုင်မလား song with lyrics from Lil Chan

နင်မြင်နိုင်မလား

Lil Chan, Yaw Min Oo19 Jun 2019

နင်မြင်နိုင်မလား Lyrics

သီချင်း - နင်မြင်နိုင်မလား

ရေး - Lil Chan

ဆို - Lil Chan ft Yaw Min Oo

တီး - Lil Chan , Guitar – Htun Ko

ထုတ်လုပ် - Lil Chan

ဖမ်း - Lil Chan

 

ဟိုအရင်လိုအချိန်တွေကိုမင်းအမှတ်ရသေးရဲ့လား

ဘယ်ရင်ခွင်မှာနင်ပျော်နေမလဲချစ်ရတဲ့သူရာ

နာကျင်စရာဒဏ်ရာတွေနဲ့ငါ့ရဲ့နှလုံးသားဟာ

တစ်ချိန်ချိန်မှာနင်ပြန်လာဖို့တမ်းတလို့နေဆဲ

 

အရင်လိုပြန်ပြီးတော့ငါ့ကိုချစ်ဦးမလား

တွေးတိုင်းမျက်ရည်၀ဲနင်ပေးခဲ့တဲ့အနမ်းတွေဟာပူနွေးဆဲ

အရာရာမနေ့ကအတိုင်းလိုပဲ ရင်မှာမင်းတစ်ယောက်တည်း

ငါမြတ်နိုးနေဆဲ နင်ရက်စက်ခဲ့သော်လည်း

နှလုံးသားတံခါးအမြဲတမ်းပဲဖွင့်လို့ထားတယ်

နင်မြင်နိုင်မလားအေ၀းကချစ်သူရယ်

 

အချစ်နဲ့ပတ်သတ်လာရင်ငါ့အကျင့်ကသွေးအေးတယ်

ဒါကြောင့်မင်းငါ့ကိုမနွေးထွေးတဲ့ချစ်သူတစ်ယောက်လို့

သတ်မှတ်ပြီးတဖြေးဖြေးနဲ့ငါ့ကိုအဆက်ဖြတ်ဖို့တွေးနေတာမသိခဲ့

ငါ့မှာတော့ဒီတစ်ခေါက်ငါသငေ်္ဘာကပြန်လာရင်

မင်းကိုပဲအရင်ဆုံး မန္တလေးအထိတောင်ပြေးတွေ့မယ်

ဆိုပြီးငါအားခဲထားသည် အတူတည်ဆောက်မယ့်

အိပ်မက်တွေအကြောင်းကိုပြောမလို့

ကျားကုတ်ကျားခဲထားပြီးရသမှျှမနားပဲ

တစ်အားကြီးကြိုးစားနေတဲ့အချိန်မှာသိလိုက်ရတဲ့

သတင်းကြောင့်ဘုရားပဲတမိ ဒါ မဟုတ်ပါစေနဲ့

ဒါပေမဲ့ ဓာတ်ပုံတွေတက်လာမှငါ့ရဲ့အသည်းလဲ

တစ်အားကွဲသွားပြီအပေါင်းအသင်းတစ်ချို့လာမေးတယ်

ဒါမင်းစော်ရဲ့နောက်ဘဲလားတဲ့ပြန်ပြောစကားလည်း

ငါမရှိငါ့စော်ငါ့ကိုဘယ်လောက်ထိချစ်ကြောင်း

အရင်ကပတ်ကြွားခဲ့ရသည့်အခုမှမျက်နှာမပြရဲအောင်

ဖြစ်သွားခဲ့ငါ၏သငေ်္ဘာသားအလုပ်ကိုပဲ

မစီမဆိုင်သွားပြီးတအားပဲနာကျည်း

 

အကြောင်းမတိုက်ဆိုင်မှူတွေရှိတိုင်းငါသတိရမိတယ်

အတူပျော်ဖူးတဲ့တို့ရဲ့အမှတ်တရများရင်ထဲ

ငါမေ့လို့မရဘူး တောင်းဆုသာပြည့်မယ်ဆို

ငါတစ်ခုဆုတောင်းလိုက်ချင်ရဲ့ပြန်လည်ရှင်သန်နိုင်မလား

တို့ရဲ့ချစ်ခွင့်လေး…..ရေးရေး..ရေး

 

ပြန်လာရင်လက်ဆောင်ပေးဖို့ဆိုပြီးဆုထားတဲ့ပိုက်ဆံနဲ့

အရက်အကောင်းစားတစ်လုံး၀ယ် ရင်ထဲကဒဏ်ရာတွေကို

ဒီအရက်နဲ့လောင်းချယုံပဲဘယ်သူတွေလာဖျောင်းဖျဦးမလဲ

ငါချစ်တာငါပဲသိတယ်တစ်ညလုံးအသဲကွဲအရက်သောက်ပြီး

ကြုံတဲ့နေရာမှာဝင်ခေါင်းချယုံပဲငါအဆင်ပြေနေမယ်ထင်နေလား

ပြောကဲအိပ်မက်နဲ့မျှော်လင့်ချက်တွေပြိုလဲခဲ့တာ

နင့်ရဲ့ဖဲသားအပျော့နဲ့လုပ်ထားတဲ့စေ့စပ်ဖိတ်စာကို

ငါမြင်ပြီးကတည်းကဒီငနဲအသည်းကရွှဲသွားရောပဲ

ဒါပေမဲ့ငါဇွဲကမလျော့မင်းပြန်လာဦးမယ်ဆိုတဲ့

အတွေးနဲ့သတ္တိတွေခဲထားတော့လည်း

ဒါကိုသိတဲ့ဘော်ဒါတစ်ချို့ကငါ့ကို၀ိုင်းဆဲကျတော့တယ်

သူ့အပေါ်ကျနော်ဂရုစိုက်မှုတွေ ထုတ်မပြပေမယ့်

မုချကျွန်တော်သူ့ကိုပဲလက်ထပ်မှာအဟုတ်ဗျ

 

ဒီစကားတွေအခုမှသွားပြောလဲဘယ်လိုမှလုပ်မရ

အဖြစ်ကသငေ်္ဘာလိုကျောက်ချသွားပြီလှုပ်မရ

ငါရန်ကုန်ရောက်ရင်အတူလျှောက်ဖူးတဲ့အရင်က

လမ်းတွေတစ်ယောက်တည်းလှျှောက်ရမလားမသိ

သငေ်္ဘာကနေပြန်မယ့်ရက်တွေကလညး်

အခုမှတစ်ထောင့်တစ်ညလာပြီးကြာနေသလိုပဲ

စောင့်မရပါအတည် နင်ပေးတဲ့အမှတ််တရလက်ဆောင်တွေ

အတွက်ကျေးဇူးတင်စကားပြောဖို့တောင်မှ

အရာရာနောက်ကျသွားပြီ

 

အရင်လိုပြန်ပြီးတော့ နောက်ထပ်ချစ်ဦးမလား

တွေးတိုင်းမျက်ရည်၀ဲနင်ပေးခဲ့တဲ့အနမ်းတွေဟာပူနွေးဆဲ

အရာရာမနေ့ကအတိုင်းလိုပဲ ရင်မှာမင်းတစ်ယောက်တည်း

ငါမြတ်နိုးနေဆဲ နင်ရက်စက်ခဲ့သော်လည်း

နှလုံးသားတံခါးအမြဲတမ်းပဲဖွင့်လို့ထားတယ်

နင်မြင်နိုင်မလားအေ၀းကချစ်သူရယ်

 

နှလုံးသားတံခါးအမြဲတမ်းပဲဖွင့်လို့ထားတယ်

နင်မြင်နိုင်မလားအေ၀းကချစ်သူလေး

 

***Lyrics are from third-parties***

Comments for နင်မြင်နိုင်မလား (20)

default user img
Chaw Chaw

ကျေးဇူးတင်စကားလေးပြောဖို့တောင်မှအရာရာနောက်ကျသွားပြီ😭

default user img
Chaw Chaw

ငါကအချစ်နဲ့ပတ်သက်ရင်သွေးအေးတယ်ဒါပေမဲ့ငါ့‌စိတ်ထဲမှာတော့နင်ဆိုတာတစ်စိတ်တစ်ဒေသအမြဲရှိတယ််😢

default user img
Yair Htut Win

Bro..Yaw Min Oo Congratulations 👏👏 အရမ်းကြိုက်တယ်

default user img
Lay Lay Sain

rapကို အရက်နာကျနေတဲ့ အသံနဲ့ဆိုရင် တော်တော်လိုက်ဖက်သွား အကြံပေးတာပါ ဝေဖန်တာမဟုတ်ပါဘူး

default user img
Aung Thu Hein

🤓🤓🤓

default user img
Whit e Sky

good:):):)

default user img
Aung Than Oo

အရမ်းကြိုက်​တယ်​ဗျို

default user img
Phyoë Žaw Liññ

SO SAD SONG🤧🤧🤧

default user img
Linn Khit

😭😭😭

default user img
Hannah Maw

good