ဆယ်ဆ

Shwe Htoo

14 Jan 2019

Lyrics

သီချင်း - ဆယ်ဆ

တေးဆို - ရွှေထူး

 

နေ့စဉ်အလုပ်တွေရှုပ်

ရပ်ကွက်ထဲမှာအရှုပ်တွေလုပ်

အပေါင်းအသင်းတွေဘုတ်တွေလုပ်

လေတဲ့အချိန်ငါ့မှာအလုပ်တွေရှုပ်

အလုပ်တွေလုပ်

 

(မင်းတို့ထက်ဆယ်ဆ...ဆယ်ဆ)X4

 

နေ့စဉ်အလုပ်တွေရှုပ်

စတူဒီယိုခန်းထဲအလုပ်တွေလုပ်

ပိုက်ဆံတွေရှာပြီး အရှုပ်ငါမလုပ်တော့

မင်းတို့ထက်ဆယ်ဆ မုန်းနေဦးကွ

ပြုံးနေတုန်းငါက

လမ်းပေါ်ကအထာနဲ့ လမ်းပေါ်ကလာတယ်

လမ်းပေါ်ကဘာလဲ မေးတယ်

လူတွေကလှမ်းခေါ်ကြတာပဲ

စောက်တလွဲ အတင်းတွေပြော

ကြိုက်တာပြော ငြင်းမနေတော့

ကိုယ်လုပ်မှကိုယ်ရတဲ့ဘ၀မှာ

မင်းတို့ကောင်တွေကတော့ ပျင်းနေပေါ့

မင်းတို့ထက်သာတော့မှ ဘာသဘောလား

လာရောကြ အကွက်လေးတွေ ငါသြချ

ကမ္ဘာလောကသာတော့မှ

ပေါင်းတတ်တဲ့လူမျိုးအကြောင်းကိုလာပြောပြ

ဘေးနားမှာ hommie တွေရှိ

ဘေးနားမှာ ပိုက်ဆံတွေရှိ

ငါ့လက်မှာမနက်ဖန်တွေရှိတယ်

အားလုံးဟာလက်ခံနေပြီ

မင်းဘေးမှာဖောရှောတွေချည်း

မင်းတွေ့သမျှဖောရှောတွေချည်းပဲ

အားလုံးဟာအတွေးခေါ်တွေရှိ

အားလုံးမှာလုပ်ကွက်တွေရှိတယ်

တချို့ကလုံးဝဘလိုင်းကြီးမုန်းနေတယ်

လက်ပိုက်ပြီးပြုံးနေတယ် ငါ့ဒီဇိုင်းကြည့်ဦး

ငါ့သမိုင်းထိလိုက်ကြည့် လုံးဝကို Fine သည်

လုပ်တဲ့သီချင်းတွေ ပြည်နယ်နဲ့တိုင်းထိ

ပေါက်ရောက်ချက် လေထဲကိုငါမြောက်မြောက်တက်

မင်းရဲ့သံစဉ်တွေကို တောက်လျှောက်ဆက်

ဒါငါ့ရဲ့ မတောက်တခေါက် Rap ဆိုတော့

ပရိတ်သတ်တွေက ငါ့အပေါ်မှာဆို အေးဆေးပဲ

သီချင်းသစ်တွေဖန်တီးတယ် အေးဆေးပဲ

ကိုယ့်ဘ၀နဲ့ကိုယ်တောက်ပနေတယ် အေးဆေးပဲ

ပရိတ်သတ်အနည်းအကျဉ်းအတွက်တော့

နွေးထွေးစေတဲ့ငါ

ဆယ်ဆ မင်းတို့ထက်သာတယ်လေ ဆယ်ဆ

(မင်းတို့ထက်ဆယ်ဆ...ဆယ်ဆ)X4

 

 

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added