Listen to အမှတ်တရ song with lyrics from Lil Chan

အမှတ်တရ

Lil Chan, Yaw Min Oo26 Jul 2020

အမှတ်တရ Lyrics

သီချင်း- အမှတ်တရ

တေးဆို - Lil Chan , ယောမင်းဦး

 

တရွေ့ရွေ့နဲ့ ကုန်ဆုံးသွားပြီ

ပြန်လှည့်လို့မရတဲ့ အချိန်ရထားလေး အဝေးဆီ

ပြန်ပြောဖို့ စကားသာဖြစ်ခဲ့သည်

အတိတ်ကအကြောင်းအရာတွေလည်းဟောင်းခဲ့ပြီ

ဒါပေမယ့်လည်း ဒီဒဏ်ရာဟောင်းရယ်

မင်းချန်ခဲ့တာ အမှတ်တရအဖြစ်နဲ့

ပြန်မလိုချင်ပေမယ့်လည်း

အခြေအနေတွေ တိုက်ဆိုင်တိုင်းတော့ ငါစွန့်ပစ်မရခဲ့

 

ဆက်သိမ်းဆည်းကာထားတယ်

ငါ့မှတ်ဉာဏ်ထဲ ဒီအမှတ်တရတွေကြောင့်ပဲ ပြန်သတိရတယ်

ယခုနဲ့ အနာဂတ်မှာ မင်းမရှိတော့ပေမယ့်

အမှတ်တရလေးတွေပြန်ကြုံတိုင်းလွမ်းနေမိတယ်…

အမှတ်တရ………

အမှတ်တရ………

 

အမှတ်တရတွေ ခဏပြန်တွေး

အဖြစ်အပျက်တိုင်းဟာ မနေ့တုန်းကလို

အခုတော့လေ တစ်ခြားဆီဝေး

အမှတ်တမဲ့နဲ့ပြန်တွေ့ဦးးမလားလို့

နင်ဟိုမှာ အဆင်ပြေရဲ့လား

တွယ်တာစရာလူတွေရဲ့ကြား

သတိရတယ်ပြောချင်လည်း အရင်လိုငါမဆိုင်တော့ဘူးပဲ

အရင်လိုငါ မဆိုင်တော့ဘူးလား coffee ဆိုင်မှာ

ထိုင်ရင်းအတူမှာသောက်ခဲ့တဲ့ coffee တစ်ခွက်ကြောင့်

အတိတ်ကအကြောင်းအရာတွေကိုပြန်လည်တူးဆွ

ပြန်တွေးတိုင်းမှာ နာကျင်သလို ကြည်နူးစရာတွေ

တစ်ဖန်ပြန်မြင်သမို့ ငါ့ဦးနှောက်ထဲကနေ

ခုထိ မစွန့်ပစ်နိုင်သေးတဲ့ memory တစ်ချို့

ရွှေတိဂုံစေတီတော်မြတ်ကြီးတောင် မဖူးဖြစ်ခဲ့တာကြာပြီ

အတူတူသွားခဲ့တဲ့ အမှတ်တရတွေရှိတာကြောင့်ပါ ငါသည်

စတွေ့တဲ့နေ့ကစလို့ နင်လမ်းခွဲကာသွားတဲ့အထိ

အမှတ်တရတွေကြောင့်ပါခုထိ

လွမ်းဆဲပါ ငါမေ့မရနိုင်သည်

 

ဆက်သိမ်းဆည်းကာထားတယ်

ငါ့မှတ်ဉာဏ်ထဲ ဒီအမှတ်တရတွေကြောင့်ပဲ

ပြန်သတိရတယ်သူ့ရဲ့အနာဂတ်မှာ မင်းမရှိတော့ပေမယ့်

အမှတ်တရလေးတွေပြန်ကြုံတိုင်းလွမ်းနေမိတယ်…

 

ဆက်သိမ်းဆည်းကာထားတယ်

ငါ့မှတ်ဉာဏ်ထဲ ဒီအမှတ်တရတွေကြောင့်ပဲ

ပြန်သတိရတယ်သူ့ရဲ့အနာဂတ်မှာ

မင်းမရှိတော့ပေမယ့်အမှတ်တရလေးတွေ

ပြန်ကြုံတိုင်းလွမ်းနေမိတယ်…

အမှတ်တရ………

အမှတ်တရ………

 

ဒီအမှတ်တရတွေက တဖန်ပြန်လည်ပီးနိူး

မစွန့်ပစ်နိုင်တဲ့ memory ဟောင်းတချို့ကို

အမှတ်တမဲ့ကြုံတိုင်း ပြန်မြင်ယောင်မိလို့

နင်ထားခဲ့သော်လည်းငါလွမ်းနေတယ်မင်းကို

 

***Lyrics are from third-parties***

Comments for အမှတ်တရ (11)

default user img
Dimple MinZaw

အရမ်းကြိုက်

default user img
❤😍BTS😘❤

Like😃

default user img
Salai Luis Win

top1 ထိတတ်နိုင်ပါ စေ

default user img
Yaw Min Oo

ကျေးဇူးပါဗျာ 🙏🙏🙏

default user img
Ei Su

like

default user img
Tl Koko

😍

default user img
Htun

sing version လေး လုပ်ပေးပါဉီး joox ရေ

default user img
HțÕo TháÑt

အရမ်းကြိုက် 😍😍😍

default user img
Min Aung Chan

Top 1# ထိတက်နိင်မယ်သီချင်းပါ ကြိုက်တေ

default user img
Thiha Zaw

👍👍👍