Listen to ကိုယ့်ကြောင့် song with lyrics from Si Thu Lwin

ကိုယ့်ကြောင့်

Si Thu Lwin31 Dec 2000

Lyrics

သီချင်း - ကိုယ့်ကြောင့်

တေးဆို - စည်သူလွင်

 

တပင်တိုင်ဆင်စွယ်ဘုံနန်းထက်

နေထိုင်လာသူ အချစ်ဆုံး

ဒီလိုထည်ဝါမှုတွေ

ဝေးကွာခဲ့ပေါ့ ကိုယ့်ကြောင့်

ရွှေရောင်အဆောင်သဉ္ဇာထဲ

ရံရွှေတော်တွေရဲ့ကြား

ပျော်စရာအိပ်မက်လေးတွေ

ကွယ်ပျောက်သွား ကိုယ့်ကြောင့်

မိုးအမြင့်က မင်းရဲ့ဘဝကိုဆွဲချမိခဲ့

ကိုယ်စိတ်ကူးထားသမျှတို့

ဖြစ်မလာတဲ့အခါ မှားပြီကွယ်

အချစ်ရေ ကိုယ့်ကြောင့်

ရွှေမျက်ရည်ကျ

အချစ်ရေ ကိုယ့်ကြောင့်

စိတ်ဆင်းရဲရ

ဒါတွေ ကိုယ့်ကြောင့်

မင်းမှာတော့ အပြစ်မရှိ

အချစ်ရေကိုယ့်ကြောင့်

ကိုယ်ကြေကွဲနေပြီ

အူ ဟူး ကိုယ်ကြေကွဲနေပြီ

 

အသည်းတွေတုန်ခါနေတဲ့အထိ

ရင်မှာနာကျင်နေမိ

ဒီအခြေအနေတွေကြုံဖို့

မရည်ရွယ်မှန်းလဲမင်းအသိ

ဘယ်လိုကံကြမ္မာနတ်ဆိုး

တမင်လာကြံစည်ဖန်တီး

ကိုယ်သေသေချာချာ

ဆောက်တည်လာတာ အားလုံးပျက်စီး

မိုးအမြင့်ကဆွဲချမိသလို ဖြစ်ပြီကွယ်

ဟိုစဉ် ကိုယ့်စိတ်ကူးနဲ့

ဆန့်ကျင်ဘက်တွေဖြစ်ခဲ့တယ်

မှားကုန်ပြီပဲ အချစ်

အချစ်ရေ ကိုယ့်ကြောင့်

ရွှေမျက်ရည်ကျ

အချစ်ရေ ကိုယ့်ကြောင့်

စိတ်ဆင်းရဲရ

ဒါတွေ ကိုယ့်ကြောင့်

မင်းမှာ တာဝန်မရှိ

အချစ်ရေကိုယ့်ကြောင့်

ကိုယ်ကြေကွဲနေပြီ

အူ ဟူး ကိုယ်ကြေကွဲနေပြီ

 

အချစ်ရေ.. တရားခံဟာကိုယ်ပဲနော်

အရာရာဟာ ကိုယ့်အမှားပေါ့

ဒါတွေဟာအကုန် ကိုယ့်ကြောင့်

အချစ်လေးရယ် ကိုယ့်ကြောင့်

 

အချစ်လေးရယ် ကိုယ့်ကြောင့်

ရွှေမျက်ရည်ကျ

အချစ်ရေ ကိုယ့်ကြောင့် စိတ်ဆင်းရဲရ

ဒါတွေ ကိုယ့်ကြောင့် မင်းမှာတာဝန်မရှိ

ကိုယ့်ကြောင့် ကိုယ်ကြေကွဲနေပြီ

အူ ဟူး ကိုယ်ကြေကွဲနေပြီ

 

အချစ်လေးရေ ကိုယ့်ကြောင့်

အချစ်ရေ ကိုယ့်ကြောင့်

အို ဟို အချစ်ရေ ကိုယ့်ကြောင့်

တာဝန်မရှိ

အချစ်ရေ ကိုယ့်ကြောင့်

အသည်းများ အသည်းများကွဲနေပြီ..

 

***Lyrics are from third-parties***