Listen to ငွေသုန္ဒရီ song with lyrics from Wine Su Khaing Thein

ငွေသုန္ဒရီ

Wine Su Khaing Thein7 Mar 2020

Lyrics

သီချင်း : ငွေသုန္ဒရီ

တေးဆို : ဝိုင်းစုခိုင်သိန်း

 

ငွေသုန္ဒရီလာပြီလာပြီ

အစ်ကိုမောင်တွေကြွေနေပါသည်

ရင်ခုန်သံတွေကိုစာစီလို့ထားတော့

ငွေသုန္ဒရီလာပြီလာပြီ

ရာဇဝင်မှာပါလာပြန်ပြီ

အဲ့ဒါမသိကြသေးရင်မှတ်ထားနော်

 

ဆံပင်ကိုဖားလျားလေးချ

ဂါဝန်ကားကားလေးက

နှင်းဆီပန်းတွေခေါင်းမှာပန်ကာကြွကြွရွရွ

ကိုကိုတွေလှမ်းစတာပျိုပျိုတွေနွမ်းသွားတာ

ပါးနီလေးတောင်ဆိုးစရာမလိုဘူး

လှနေရ အား

 

ချစ်ရင်ချစ်တယ်ပြောပါတော့နော်

သစ္စာမရှိရင်လစ်ပါတော့

ညာနေတာတွေမလိုဘူးဟေ့

အမေပြောတဲ့အမောပြေတဲ့သမီးတော်

လောကကြီးကိုကြည့်တော့

ဘဝဆိုတာတိုတိုလေးတွေးတဲ့

ကျွန်မကလှနေတော့မင်းသမီးလုပ်ပြီပေါ့

သီချင်းလေးလည်းဆိုညည်းကာ

ဘဝမှာဖျော်ဖြေချင်လို့လေ

အသဲလေးယားနေတော့ ဝိုင်းချစ်ကြတာပေါ့

အားလုံးရဲ့ရင်ထဲမှာသိမ်းထားတဲ့

စုဗူးလေး

 

ဝိုဝူဝို အိုးအို့ ဝိုဝူဝို အိုးအို

ငွေသုန္ဒရီလာပြီလာပြီနော်

ဝိုဝူဝို အိုးအို့ ဝိုဝူဝို ဝိုးအို

မသိကြသေးရင်မှတ်ထားနော်

 

နှလုံးသားထဲမှာသိမ်းထားလိုက်တော့

ရင်ခုန်သံရဲ့နတ်သမီးလေး

ဝမ်းနည်းတဲ့အခါမင်းတလိုက်တော့

ငွေသုန္ဒရီလေးရောက်လာမှာ

ဟိုဟိုဒီဒီရှာမနေနဲ့လိုက်ဆို

ဒို ရေ မီ ဖာ ထဲမှာ

သံစဉ်တွေနဲ့ကျွန်မကရှိနေတယ်

တွေတွေဝေဝေမနေပါနဲ့

ဘဝဟာသာသာယာယာပဲ

ပျော်ဝင်ခံစားကြည့်ရုံပဲ

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်နဲ့

နေ့ရက်တွေကျော်လာတော့

ကျွန်မကိုမေ့ချင်နေပြီပေါ့

ဒါဆိုရင် ဝလုံးလေးရဲ့စုတစ်ခုလို့မှတ်ပြီး

ခိုင်မာစွာသိမ်းထားပါတော့

 

ဝိုဝူဝို အိုးအို့ ဝိုဝူဝို အိုးအို

ငွေသုန္ဒရီလာပြီလာပြီနော်

ဝိုဝူဝို အိုးအို့ ဝိုဝူဝို ဝိုးအို

မသိကြသေးရင်မှတ်ထားနော်

 

***Lyrics are from third-parties***