OrLog In

ရည်းစားစာ

Sai Sai Kham Leng31 Dec 2012

Lyrics

သီချင်း : ရည်းစားစာ

တေးဆို : စိုင်းစိုင်းခမ်းလှိုင်

 

ကောင်ကလေးတွေကရည်းစားစကားမပြောရဲလို့ရှိရင်

ရည်းစားစာရေးတတ်ကြတယ်

ဒီတစ်ခုကစိုင်းစိုင်းရေးတဲ့ ရည်စားစာ

 

ငြိမ်းချမ်းပါစေ ကောင်မလေးရေ

ရင်ထဲက အချစ်များနဲ့

အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို

ထာဝရအတွက် ဖန်ဆင်းမယ်

အေးချမ်းပါစေ ချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ႓ာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်

ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်

 

စိတ်ဓာတ်မကျပါနဲ့မင်းရဲ့အိပ်မက်ပြိုကျတိုင်း

ငါ့ပခုံးကို ခေါင်းအုံးလုပ်လို့စိတ်ရှိလက်ရှိပေါ့ ငိုချလိုက်

အတိတ်ဆိုးတွေ အားလုံးမေ့ ဝဲပစ်လိုက်တော့ ဟိုးအဝေး

ဒီနေ့ကစ နောက်ဘဝအထိ အလွမ်းနဲ့ အဆွေးနဲ့ ဝေးပါစေ

ပူပန်သောကတွေပေးမယ့်

ပတ်ဝန်းကျင်ကို အဆက်အသွယ်ဖြတ်

လူတွေက အတင်းသိပ်ပြောတယ်

နားထောင်မိရင် အသက်ရှူကြပ်မယ်

ရှုပ်တယ် ဟုတ်တယ် ခေါင်းမငုံ့နဲ့ ခေါင်းကိုမော့

သံသရာဟာ လည်နေစမြဲပဲ

အဆိုးပြီးတော့ အကောင်းတွေပေါ့

လက်တွဲတွေ တကယ်ခိုင်မြဲရင်

အနာဂတ်ကို ရင်ဆိုင်ရဲတယ် ဘယ်လိုပုံစံစိန်ခေါ်ဦးမလဲ

လောက ငါယှဉ်ပြိုင်ရဲတယ်နတ်စီတဲ့ အိပ်မက်တွေက

လွယ်လွယ်နဲ့ မရနိုင်ဘူးတဲ့ငါ့ကျောမှာ မင်းကိုပိုးပြီး

ကြယ်တံခွန်လည်း ငါဆွတ်ခူးမယ်

 

ငြိမ်းချမ်းပါစေ ကောင်မလေးရေ

ရင်ထဲက အချစ်များနဲ့

အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို

ထာဝရအတွက် ဖန်ဆင်းမယ်

အေးချမ်းပါစေ ချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ႓ာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်

ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်

 

မနေ့ညက အိပ်မက်ထဲမှာ

ကျွန်တော့်နတ်သမီးလေး အသေလှတယ်

သတို့သမီးဝတ်စုံနဲ့ နှင်းဆီပန်းတွေက

အရှေ့မှာ ကြွေကျတယ်

ကင်မရာမီးတဖျပ်ဖျပ်နဲ့

ရင်ခုန်သံတလှပ်လှပ်နဲ့

အနီရောင်ကော်ဇောကြီးအထက်မှာ

အပျော်တွေဆိုတာ အကန့်အသတ်မဲ့

စိတ်ချပါကောင်မလေး

မရှိတော့ဘူး အမှောင်ညတွေ

ငါ့အိပ်မက်ထဲက အတိုင်းပဲ

မင်းနဲ့ မင်္ဂလာဆောင်ပါရစေ

ဘဝရဲ့အချိုးအကွေ့အနိမ့်အမြင့်

အတက်အကျ ဒုက္ခနဲ့ကြုံရပါစေ

ဆင်းရဲပါစေ ချမ်းသာပါစေ

ကျန်းမာပါစေ နာဖျားပါစေ

တဖြည်းဖြည်းကြီးလာတဲ့အခါ

ဘုရားသွားဖော် ဆေးပေးမီးယူ

ဘဝဆက်တိုင်းအနားမှာအမြဲ

ဘဝဆက်တိုင်းချစ်နေမယ့်သူ

ဆံပင်တွေဖြူ သွားကျိုးတဲ့အထိ

ဒီရင်ခွင်မှာ မှေးစက်လိုက်

အဘွားကြီးမျက်လုံးလေးမှိတ်

အဘိုးကြီးချော့သိပ်မယ် Good Night

 

ငြိမ်းချမ်းပါစေ ကောင်မလေးရေ

ရင်ထဲက အချစ်များနဲ့

အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို

ထာဝရအတွက် ဖန်ဆင်းမယ်

အေးချမ်းပါစေ ချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ႓ာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်

ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်

 

ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

မျှော်လင့်ခြင်း အသစ်ပြန်ဖြစ်ခဲ့

နက္ခတ်တွေစုံညီနေလို့

ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

လေပြေထဲမျောကာလွင့်ခဲ့

အိပ်ရာဝင်ပုံပြင်တွေလို

 

ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

မျှော်လင့်ခြင်း အသစ်ပြန်ဖြစ်ခဲ့

နက္ခတ်တွေစုံညီနေလို့

ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

လေပြေထဲမျောကာလွင့်ခဲ့

အိပ်ရာဝင်ပုံပြင်တွေလို

 

ငြိမ်းချမ်းပါစေ ကောင်မလေးရေ

ရင်ထဲက အချစ်များနဲ့

အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို

ထာဝရအတွက် ဖန်ဆင်းမယ်

အေးချမ်းပါစေ ချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ႓ာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်

ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်

 

ငြိမ်းချမ်းပါစေ ကောင်မလေးရေ

ရင်ထဲက အချစ်များနဲ့အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို

ထာဝရအတွက် ဖန်ဆင်းမယ်

အေးချမ်းပါစေ ချစ်သူလေးရေ

ငါမင်းအတွက်အချိန်တိုင်းရှိမယ်

ကမ႓ာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်

ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်

 

 

***Lyrics are from third-parties***