စိတ်ကူးယဉ်အနမ်းများနဲ့

Sai Sai Kham Leng

31 Mar 2007

Lyrics

သီချင်း - စိတ်ကူးယဉ်အနမ်းများနဲ့

တေးဆို - စိုင်းစိုင်းခမ်းလှိုင်

 

စွဲလန်းကြင်နာရသောဘဝတစ်ခု

အမြဲတမ်းလိုချင်နေတဲ့စိတ်ကူး

အရူးအမူးပိုင်ဆိုင်ချင်တဲ့အချစ်တစ်ခု

မင်းလေး မမြင်ချင်ယောင်ဆောင်လျစ်လျူရှု.......

အချစ်ဟာအတုလို့..

မင်းကိုယ့်ကို ထင်နေတာ

ထင်တာမြင်တာမသေချာပဲ..

မင်း.ကိုယ့်ကို နှင်နေတာ

ပုံပြင်ဆန်တဲ့မင်းပုံရိပ်က

မင်းရဲ့ရှေ့ကထွက်ခွာမရအောင်

ကိုယ့်မျက်လုံးကိုညှို့ယူထား

ကိုယ့်ခြေလှမ်းများလည်း

မင်းရဲ့ရှေ့မှာ လဲပြိုကျ

မင်းသူငယ်ချင်းလေးများကိုယ့်ကို ဝိုင်းလို့ဟား

ရိုင်းလို့လားကွာ အနှောက်အယှက်ဖြစ်လို့လား

စိတ်အလိုမကျရင်ပြောပါကိုယ့်အချစ်များ.......

ရင်ထဲမှာမင်းပဲရှိတယ်....နေရာတိုင်းမှာ မင်းလေးပဲ..

အချိန်တွေလည်းမင်းအကုန်ယူ ဘဝတစ်ခုလုံးမင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့ အိမ်မက်ထဲ တို့ဆုံမယ်

အပိုမပြောပါကလေးလေးရယ်

ငါ့ဘဝထဲမှာမင်းကိုချစ်တယ်

နေ့ဘက်စဉ်းစားရင်းစိတ်ရှုပ်တယ်

ညဘက်အိပ်မက်ကနှိပ်စက်တယ်

မနက်မနက်သိပ်ချစ်တော့စိတ်ညစ်တယ်

မင်းလေးလွယ်လွယ်ကူကူအပြစ်မယူနဲ့

ချစ်သူရယ် မင်းဟာ

ကိုယ့်အတွက်တော့ထောင်ချောက်ပဲ

မင်းရဲ့အတန်းရှေ့မှာ

ခေါက်တုန့်ခေါက်ပြန်ယောင်ခြောက်ဆယ်

ကိုယ့်နှလုံးသားလည်း

အခုဆိုပရမ်းပတာနဲ့မင်းကိုလွမ်းတာနဲ့

ရင်ဘတ်ထဲမှာရမ်းခါခဲ့

မင်းကိုကြွေတဲ့အခြားကောင်တွေဆိုကြည့်မရ

မင်းရဲ့အနောက်ကအရိပ်လိုပဲငါ ရှိနေမှာ

ကျေးဇူးပြု ပြီးဆုံးဖြတ်ပေးပါအုံး...

ပြောပါအုံးဘာတွေဖြစ်လာမလဲဆိုတာ

ရင်ထဲမှာမင်းပဲရှိတယ်....

နေရာတိုင်းမှာ မင်းလေးပဲ..

အချိန်တွေလည်းမင်းအကုန်ယူ

ဘဝတစ်ခုလုံးမင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့

အိမ်မက်ထဲ တို့ဆုံမယ်

အပိုမပြောပါကလေးလေးရယ်

ငါ့ဘဝထဲမှာမင်းကိုချစ်တယ်(မင်းကိုချစ်တယ်).

မင်းကိုချစ်တယ် (မင်းကိုချစ်တယ်)

မင်းကိုချစ်တယ် (မင်းကိုချစ်တယ်)......

အလွမ်းအဆွေး မင်းလေးကိုယ့်ကိုမပေးနဲ့

မတွေးနဲ့ချစ်ခွင့်တစ်ခုသာပေး

အရာရာကိုစတေးလို့...

ငါ့ အတ္တကို ဘေးဖယ်

ဘာမဆိုရင်ဆိုင်ရဲတဲ့ စိတ်နဲ့

အတိတ်ရဲ့အမှောင်တွေကို

မင်းရဲ့အချစ်နဲ့ထွန်းညှိပေးပါကွယ်

မင်းဆီအပြေးလာမယ်

အရေးမပါတဲ့ကိုယ့်ရဲ့

အကျင့်ဆိုးတွေ ပြင်ပါ့မယ်

ကြယ်တွေတောင်ကြွေလောက်တယ်

မင်းအလှကသေလောက်တယ်

အဲ့ဒါမျိုးမကြည့်ပါနဲ့....

မင်းမုန်းမှာ အသေကြောက်တယ်

ရင်ထဲမှာမင်းပဲရှိတယ်....

နေရာတိုင်းမှာ မင်းလေးပဲ..

အချိန်တွေလည်းမင်းအကုန်ယူ

ဘဝတစ်ခုလုံးမင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့

အိမ်မက်ထဲ တို့ဆုံမယ်

အပိုမပြောပါကလေးလေးရယ်

ငါ့ဘဝထဲမှာမင်းကိုချစ်တယ်

ရင်ထဲမှာမင်းပဲရှိတယ်....

နေရာတိုင်းမှာ မင်းလေးပဲ..

အချိန်တွေလည်းမင်းအကုန်ယူ

ဘဝတစ်ခုလုံးမင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့

အိမ်မက်ထဲ တို့ဆုံမယ်

အပိုမပြောပါကလေးလေးရယ်

ငါ့ဘဝထဲမှာမင်းကိုချစ်တယ်

ရင်ထဲမှာမင်းပဲရှိတယ်....

နေရာတိုင်းမှာ မင်းလေးပဲ..

အချိန်တွေလည်းမင်းအကုန်ယူ

ဘဝတစ်ခုလုံးမင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့

အိမ်မက်ထဲ တို့ဆုံမယ်

အပိုမပြောပါ ကလေးလေးရယ်

ငါ့ဘ၀ထဲမှာ မင်းကိုချစ်တယ် ....

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added