မိုးမိမှာစိုးတယ်

Mi Sandi

29 Jun 2018

Lyrics

သီချင်း - မိုးမိမှာစိုးတယ်

တေးဆို - မိစန္ဒီ

 

အရမ်းပဲလွမ်းပေမယ့် တွေ့ခွင့်မရတာလည်း

ဝဋ်ဒုက္ခပါပဲ ဆိုးရွားလွန်းပါတယ်

အစွဲလန်းကြီးလွန်တဲ့ ငါ့ရဲ့ရောဂါ

မိုးများအုံ့လာပြီဆို ပိုလို့ဆိုးလာ

မိုးတွင်းရောက်ပေမယ့် ငါ့ရဲ့အသည်းတွေကွဲ

ပက်ကြားများအက်နေခဲ့ ခြောက်ကပ်လို့နေတယ်

မင်းရဲ့နှုတ်ခမ်းတွေက အနမ်းမိုးများစွာ

တောင့်တဆဲပါကွယ် ဘယ်မှာလဲကွာ

မိုးကြိုးတွေ တည့်တည့်ပစ်ချလိုက်သလို

နှလုံးသားဟာ မီးများကျွမ်းလို့မဲညို

အချိန်တွေအရမ်းကို ကြာခဲ့ပေမယ့်လို့

မေ့လို့မရနိုင်ဘူး I still can not ... Let go

 

ကောင်းကင်ကြီးလဲမှောင်မှဲ

မိုးတွေသည်းတော့မယ် အချစ်ရယ်

စိတ်ပူတယ် နင်မိုးမိမှာစိုးတယ်

အတိတ်ကိုမေ့လို့မရလည်း

မိုးရွာတိုင်းအမြဲလွမ်းရုံပဲ

ငါ့နေရာကို မင်း ဘယ်သူအစားထိုးထားပြီလဲ

လွမ်းတယ် လွမ်းတယ်

 

နောက်တစ်ယောက်ရှိပြီလား

သူငါ့လောက်ချစ်ပါ့မလား

တွေးရင်းစိတ်ပူသွား စိုးထိတ်မိနေတာ

မိုးထဲလျှောက်နေရင်း နင်ဖျားသွားတဲ့အခါ

သူငါ့လောက်ဂရုစိုက်မှုတွေ မှီပါ့မလားကွာ

နင်တစ်နေ့တော့ ငါ့ရဲ့အချစ်တွေနားလည်မယ်

နင်ပြန်ခဲ့ပေါ့ တံခါးလည်းအမြဲဖွင့်ထားပါတယ်

နင်ပြန်ခဲ့တော့ နင်ပြန်ခဲ့တော့ ဟိုးး ....

ငါကြာရင်ရူးမှာပဲ

မိုးထဲအတူ လျှောက်ခဲ့ဖူးတဲ့နေ့တွေ

မိုးထဲမှာ မင်းအနမ်းများနဲ့ အချမ်းဖြေ

ဟိုအရင်အတိတ်တွေ ပြန်မရနိုင်ဘူးလေ

သိရက်သားနဲ့ I can't move on baby ..

 

ကောင်းကင်ကြီးလဲမှောင်မှဲ

မိုးတွေသည်းတော့မယ် အချစ်ရယ်

စိတ်ပူတယ် နင်မိုးမိမှာစိုးတယ်

အတိတ်ကိုမေ့လို့မရလည်း

မိုးရွာတိုင်းအမြဲလွမ်းရုံပဲ

ငါ့နေရာကို မင်း ဘယ်သူအစားထိုးထားပြီလဲ

 

ထီးမပါပဲ အပြင်လျှောက်မသွားပါနဲ့

မိုးတွေမိနေမယ်

ဟိုအဝေးမှာပဲ ဒီလိုအချိန်မျိုးရောက်ရင်

စိတ်ပူနေဆဲ ...

 

ကောင်းကင်ကြီးလဲမှောင်မှဲ

မိုးတွေသည်းတော့မယ် အချစ်ရယ်

စိတ်ပူတယ် နင်မိုးမိမှာစိုးတယ်

အတိတ်ကိုမေ့လို့မရလည်း

မိုးရွာတိုင်းအမြဲလွမ်းရုံပဲ

ငါ့နေရာကို မင်း ဘယ်သူအစားထိုးထားပြီလဲ

 

ကောင်းကင်ကြီးလဲမှောင်မှဲ

မိုးတွေသည်းတော့မယ် အချစ်ရယ်

နင်မိုးမိမှာစိုးတယ်

အတိတ်ကိုမေ့လို့မရလည်း

မိုးရွာတိုင်းအမြဲလွမ်းရုံပဲ

ငါ့နေရာကို မင်း ဘယ်သူအစားထိုးထားပြီလဲ

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added