ချစ်သူတော်ကောင်း

Thar Gyi9 Mar 2019
Lyrics

သီချင်း - အချစ်သူတော်ကောင်း

တေးဆို - သားကြီး

အခွင့်အရေးတွေအခွင့်ရေးတွေမင်းပေးသော်လည်း

ငါနားမလည် ငါမသိသလိုဘဲ

ရူးချင်ယောင်ဆောင်နေခဲ့တာ တုံးအလို့မဟုတ်ဘူး

Listen up baby girl

ယောက်ျားတိုင်းယောက်ျားတိုင်းနဲ့မနှိုင်းပါနဲ့

စောင့်ထိန်းတဲ့နင်နဲ့ငါနဲ့ သိက္ခာတိုင်းဟာ

ဘာတစ်ခုမှ ငါ့အတွက်တော့မဟုတ်ဘူး

ဘယ်သူတွေဝေဖန်ပြောပြော

အထင်မြင်လွဲလွဲ ငါတို့နှစ်ယောက်သာအသိဆုံးပဲ

နေပုံထိုင်ပုံတွေအမျိုးမျိုး ကိုယ်စီရှိထားလို့

ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်

ယုန်ထင်ကြောင်ထင်မတွေးနဲ့ကွာ

ဖြူဖြူစင်စင်ငါ့အချစ်များ မင်္ဂလာဦးညထိတိုင်

စောင့်ထိန်းထား လေသံမာမာမပြောခဲ့တာ

နင်ငြိုငြင်မှာစိုးလို့ပါ ဒီလူတန်ဖိုးတစ်နေ့တော့ကွာ မင်းသိမှာပါ

လူသားတိုင်းလူသားတိုင်း အလှကြိုက်တာပဲ

ငါလည်းပဲလူသားထဲကတစ်ယောက်ပါပဲကွာ

ဒါ့ကြောင့်မင်းကိုချစ်ခဲ့တာပေါ့

စိတ်ဆိုးတိုင်းစိတ်ဆိုးတိုင်း ဒေါသမထွက်ဘူး

ငါကိုးကွယ်တဲ့ဘုရားလည်းလုံးဝအဲ့ဒါမကြိုက်ပါ

ရန်သူဆိုဝေးဝေးကရှောင်လို့

ဘယ်သူတွေဝေဖန်ပြောပြော

အထင်မြင်လွဲလွဲ ငါတို့နှစ်ယောက်သာအသိဆုံးပဲ

နေပုံထိုင်ပုံတွေအမျိုးမျိုး ကိုယ်စီရှိထားလို့

ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်

ယုန်ထင်ကြောင်ထင်မတွေးနဲ့ကွာ

ဖြူဖြူစင်စင်ငါ့အချစ်များ မင်္ဂလာဦးညထိတိုင်

စောင့်ထိန်းထား လေသံမာမာမပြောခဲ့တာ

နင်ငြိုငြင်မှာစိုးလို့ပါ ဒီလူတန်ဖိုးတစ်နေ့တော့ကွာ မင်းသိမှာ

နင်ငြိုငြင်မှာစိုးလို့ပါ ဒီလူတန်ဖိုးတစ်နေ့တော့ကွာ မင်းနားလည်မှာ

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added