Listen to ကိုယ်ချင်းစာတရား song with lyrics from Thet Oo San

ကိုယ်ချင်းစာတရား

Thet Oo San27 Apr 2020

Lyrics

Song - ကိုယ်ချင်းစာတရား

Artist - သက်ဦးစံ

 

တကယ်ဆို လူတစ်ချို့ရဲ့ အပြောက

လူတစ်ချို့အတွက် သောက

စကားလုံးတွေနဲ့ မသတ်ပါနဲ့

သင်လည်း လူပဲ မှားနိုင်တယ်

 

ပြဿနာတစ်ခုကို အစချီပြီး

ဆဲဆိုကြတာ ရစရာမရှိ

အမှားအမှန် တစ်ခုကို မသိရခင်

အပြစ်တင်ခြင်းနဲ့ တရားစီရင်

 

အမုန်းပင်များကို ရေလောင်းပြီး

လေလှိုင်းပေါ်ကနေ လူသတ်ကြသည်

ခေတ်ကြီးပျက်ပြီး ကပ်ဆိုက်နေလည်း

သူတို့ အတ္တ ရှင်သန်ဆဲပဲ

 

တကယ်ဆို လူတစ်ချို့ရဲ့ အပြောက

လူတစ်ချို့အတွက် သောက

စကားလုံးတွေနဲ့ မသတ်ပါနဲ့

သင်လည်း လူပဲ မှားနိုင်တယ်

 

တကယ်ဆို လူတစ်ချို့ရဲ့ အပြောက

လူတစ်ချို့အတွက် ဒုက္ခ

ကိုယ်ချင်းစာစိတ်လေးတော့ထား

သူလည်း လူပဲ မှားနိုင်တယ်

 

မေတ္တာတရားတွေ ခမ်းခြောက်ပြီး

ဒေါသများကို စိုက်ပျိုးတော့

အဆိပ်တွေတက်ကာ အစွန်းရောက်နေပြီ

ပင်မြစ်ခါးပြီး လမ်းတွေပျောက်

 

အမုန်းပင်များကို ရေလောင်းပြီး

လေလှိုင်းပေါ်ကနေ လူသတ်ကြသည်

ခေတ်ကြီးပျက်ပြီး ကပ်ဆိုက်နေလည်း

သူတို့ အတ္တ ရှင်သန်ဆဲပဲ

 

တကယ်ဆို လူတစ်ချို့ရဲ့ အပြောက

လူတစ်ချို့အတွက် သောက

စကားလုံးတွေနဲ့ မသတ်ပါနဲ့

သင်လည်း လူပဲ မမှားဘူးလား

 

လူတစ်ချို့ရဲ့ အပြောက

လူတစ်ချို့အတွက် ဒုက္ခ

ကိုယ်ချင်းစာစိတ်လေးတော့ထား

သူလည်း လူပဲ မှားနိုင်တယ်

ကိုယ်ချင်းစာစိတ်လေးတော့ထား

ငါလည်း လူပဲ မှားတတ်တယ်

 

 

***Lyrics are from third-parties***