Listen to လူဆိုး song with lyrics from Shwe Htoo

လူဆိုး

Shwe Htoo26 Dec 2015

Lyrics

သီချင်း : လူဆိုး

တေးဆို : ရွေထူး

 

ခွင့်မလွှတ်ပါနဲ့

ငါ့အပြစ်တွေအတွက်

ဆိုးသွမ်းနေသူမင်းအတွက်အသုံးမဝင်

အပေါင်းအသင်းတွေကြား

မင်းလေးမျက်နှာငယ်

ငါလိုကောင်ပစ်ထားခဲ့တော့ကွယ်

အမြဲတမ်းမင်းစိတ်ပူရ

အမြဲတမ်းမင်းသိက္ခာကျ

နင်ငိုနေတာငါ့ကြောင့်ပါပဲ

ငါပျော်ရွှင်တာနင့်ကြောင့်ပါပဲ

သဘောထားလေးကြီးစွာနဲ့

လုံးဝမင်းစိတ်မကုန်ခဲ့

Oh leave me leave me

But I love you baby

 

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ဖြူစင်လွန်းတဲ့

မင်းရဲ့အချစ်တို့နဲ့မတန်တဲ့ငါ

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ပျော်ရွှင်စရာများအသင့်ရှိတဲ့

ဘဝသစ်တစ်ခုသို့

နောက်မလှည့်နဲ့ထွက်သွားပါ

 

Baby စိတ်ညစ်နေလား

မေးခွန်းကိုမျက်ရည်စတွေငြင်းမရတာမို့

ရေးတေးတေးအတွေးလေးကြား

စိတ်မကောင်းတဲ့အကြောင်းများကို

စဉ်းစားတာ no

မကောင်းတဲ့လူတစ်ယောက်ကမင်းအနားမှာဆိုး

ချုပ်ခြယ်မှုအားလုံးကအကျဉ်းချတာမျိုး

မင်းကြားတဲ့သတင်းများကရှင်းမရတာဆိုးတယ်

ပြန်တွေးမိလိုက်တိုင်း မင်းအစားနာလို့

ထပ်တူကျကျတည်ဆောက်ခဲ့တဲ့

နေ့ရက်တွေကို မေ့ပစ်လိုက်ဆိုပြီး

ဘယ်လိုအစဖျောက်မလဲပြော

အခြားတစ်ယောက်တွဲပေါ့

ဘော်ဒါတွေကြားထဲမှာ

အမြဲတမ်းမင်းအပြောခံကာ

မျက်နှာငယ်ခဲ့ရတဲ့ အဖြစ်တွေက

ငါ့ကြောင့်ပဲပေါ့ ဘာကြောင့်ပဲပြောပြော

လိမ်ညာကာဖန်တီးလို့ပြောတတ်တဲ့

ပုံပြင်တွေဘာမှကိုနားမယောင်နဲ့တော့

အသည်းကွဲလို့ခံစားရလဲခဏလောက်ပဲပေါ့

မင်းဘေးကသူတွေငါ့ရဲ့

မကောင်းတဲ့အကြောင်းတွေပြောရင်

လာတိုင်ပြောတတ်တယ်

မင်းလေးကြားဖူးတဲ့

ပုံပြင်လိုမဟုတ်တဲ့

အချစ်ဆိုတာတိုင်တော့ပတ်တယ်

Game ဆိုင်မှာ ဂိမ်းတွေကိုထိုင်ဆော့တတ်တဲ့

ကောင်လေးတစ်ယောက်သူ့ဖုန်းကို

မကိုင်တော့ခက်တယ်

အခုဆိုင်ပေမယ့်

အဆုံးသတ်မှာမပိုင်တော့ရှက်တယ်

ရှုံးခဲ့တဲ့ကစားပွဲလိုမနိုင်တော့ခက်တယ်

 

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ဖြူစင်လွန်းတဲ့

မင်းရဲ့အချစ်တို့နဲ့မတန်တဲ့ငါ

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ပျော်ရွှင်စရာများအသင့်ရှိတဲ့

ဘဝသစ်တစ်ခုသို့

နောက်မလှည့်နဲ့ထွက်သွားပါ

 

လိုအပ်တိုင်း

အမြဲမင်းရှိနေပေးတဲ့မင်းကြောင့်

အိပ်မက်တွေပြောင်းလဲလာ

မင်းအတွက်ဆိုဘယ်နေရာမှ

အသုံးမဝင်တဲ့

ငါလိုကောင်ကိုမေ့ပစ်လိုက်

မင်းရဲ့ခေါင်းထဲက

ချိန်းထားတိုင်းနောက်ကျလို့

တစ်ယောက်ထဲသူစောင့်ခဲ့တာ

အားလုံးကိုဝဲပစ်လိုက်

ဘေးနားကမြောင်းထဲမှာ

မင်းချစ်ရတဲ့သူမင်းအပေါ်ကိုမကောင်းတဲ့ငါ

မင်းအတွက်တော့ အချစ်ဆိုတာ

လုံးဝကိုပျော်ရွှင်စရာမကောင်းတဲ့အရာ

ငါပြောသမျှအားလုံးကပြဿနာ

မင်းကငါ့အနားမှာဖြစ်ချင်တာကပ်ခွာ

အတိတ်တွေကိုပြန်ကြည့်ပြီး

ကိုယ့်ကိုယ်ကိုရှက်လာတယ်

အပြုံးများနဲ့ကင်းမဲ့နေတဲ့

မင်းလေးရဲ့မျက်နှာ

စဉ်းစားပြီးဆုံးဖြတ်တာမင်းလေးအတွက်ပါ

ဖုန်းတွေလိုက်ဆက်နေတာတွေကိုရပ်ပါ

ပတ်သက်မှုအားလုံးဟာဘာမှကိုမကောင်းခဲ့တော့

ဒီဘဝဒီမျှပဲပေါ့ နုတ်ဆက်တယ် တာ့တာ

ပေးထားတဲ့ postcard တွေဖြဲကာဆုတ်လိုက်ပါ

မင်းဘဝထဲကနေအပြီးအပိုင်ထုတ်လိုက်ပါ

တားမြစ်လို့ထားခဲ့တဲ့ချုပ်ချယ်မှုတိုင်းအတွက်

ငါမကြိုက်တာတွေကိုပဲ ရွေးကာလုပ်လိုက်ပါ

ဒီအမှိုက်က မင်းအတွက်

နည်းနည်းတော့ရှုပ်လိုက်တာ

တန်ဖိုးမရှိတဲ့သုညကိုနုတ်လိုက်

စိတ်ညစ်နေမှန်းသိသာနေတဲ့

မျက်နှာလေးကိုပြုံးလိုက်

ငါ့အတွက်ကြောင့်ကျခဲ့တဲ့

မျက်ရည်တွေကို သုတ်လိုက်

 

ငါရန်တွေဖြစ်တယ်

မင်းနောက်ကလိုက်ရှင်းခဲ့ရတာတွေ

အတော်များခဲ့ပြီ

မင်းမရှိမဖြစ်တာ

ငါသိလျက်မင်းအတွက်ပါထားခဲ့

အခိုးအငွေ့တွေနဲ့ငါ

ရုန်းထွက်လို့မရတဲ့အချိန်မှာ

နင်ဟာလူကိုလမ်းပြတယ်

မင်းမရှိမဖြစ်တာ ငါသိလျက်

လူဆိုးမို့ပါထားခဲ့

 

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ဖြူစင်လွန်းတဲ့

မင်းရဲ့အချစ်တို့နဲ့မတန်တဲ့ငါ

ငါလူဆိုး အိုးဟိုး

ငါလူဆိုး အိုးဟို

ပျော်ရွှင်စရာများအသင့်ရှိတဲ့

ဘဝသစ်တစ်ခုသို့

နောက်မလှည့်နဲ့ထွက်သွားပါ

 

 

***Lyrics are from third-parties***