ငါ့ရည်းစားကပိုမိုက်တယ် Feat Frenzo Artists

Sai Sai Kham Leng

5 Mar 2019

Lyrics

သီချင်းး ငါ့ရည်းစားပိုမိုက်တယ်

တေးဆိုး စိုင်းစိုင်းခမ်းလှိုင် Feat Frenzo artists

 

Welcome to Frenzo

ငါ့ရည်းစားလေးအသက်က မင်းထက်ငယ်တယ်

အသိဥာဏ်နဲ့ဗဟုသုတ မင်းထက်ကြွယ်တယ်

တာသ၀ံတိသာ နတ်သမီးလေး နတ်သက်ကြွေခဲ့

မြေပြင်ပေါ်က SAI နဲ့ ပက်သက်နေတယ်

ဒါ Physics သိပ္ပံသဘောတရားတွေပဲ

အင်ဂျင်နီယာမလေး မင်းက ချောလှနေခဲ့

အရည်အချင်းက အားလုံးရှေ့မှာ ဦးဆောင်ထားတုန်းပဲ

ပြေတီဦးလိုပြောလိုက်ရင် ရူးတောင်သွားဦးမယ်…

ကျနော့်ရည်းစားလေးအကြောင်း အားလုံးသိအောင်ပြောပြမယ်

ကမ္ဘာမြေလောကကြီးရဲ့ အလှအပ သူသဘောကျတယ်

အဖြူထည်လေးပေါ့ သူ့ရဲ့စိတ်ဓာတ်ကအလှစစ်

ပရိသတ်တွေ တအားချစ်တဲ့ Make up Artist

ပန်းချီကားတစ်ချပ်လို သူငါ့ဘ၀ကိုဆေးခြယ်

အကြင်နာအပြည့်နဲ့ နှိုင်းယှဉ်စရာမတွေ့ခဲ့

တခြား Shorty တွေအကုန် သတ်သေကုန်ပြီသူ့ကြောင့်

ဆီနဲ့ရေလိုကွာတယ် ကျန်တဲ့ က္ကတ္ထိယတွေဒူးထောက်

မိန်းမလှတွေများတယ် ဒီလောကကြီးရဲ့ထဲ

အားလုံးထဲကမင်းဟာ ဘုရင်မဖြစ်နေတယ်

မင်းလေးတစ်ယောက်ကလွဲရင် အကုန် ဖွဲနဲ့ဆန်ကွဲပါပဲ

အားလုံးမင်းနဲ့နှိုင်းယှဉ်ရင် ကျဆုံးသွားနိုင်တယ်

စိန်ခေါ်တယ်

မင်းစော်ထက်ငါ့စော်ပိုမိုက်တယ် ဟေ့ကောင် ငါ့စော်ပိုမိုက်တယ်

တစ်ချက်လောက်ငါ့စော်ရဲ့ အနေအထားကိုရိုး

ခေါင်းကနေခြေဖျားထိ ကြွေသွားမယ် ဟိုး

ဒေါင်းတွေလို ကြီးလာလေ ပိုလှတဲ့အမျိုး

အမျိုးသားထုကြီးဝန်းရံနေကြတာဆို..

Oh No ကြည့်လိုက်ဦး အရှင်းကြီး

လာမယှဉ်နဲ့လုံးဝကို စာရင်းမရှိ

Branded တွေ တကိုယ်လုံးဝတ်ပြီးဗျင်းသည့်

အထာကျကျ Rapper တစ်ယောက်ရဲ့ ရွှေမင်းသမီး

ဦးနေ၀င်းရဲ့ အသည်းလေးကတော့ တစ်ယောက်ပဲရှိတယ်

စိတ်လှတယ် ခရီးသွား Blogger လေး ရေ ရေးး

သူရဲ့အချစ်က လွတ်လပ်ပြီးတော့ ဟန်ဆောင်မှုတွေကင်းတာမို့

ကျုပ်ကပျော်တာဟေ့

နေဖက်ကိုလှည့်ပွင့်တဲ့ နေကြာပန်းလေး

ရောဂါတွေထပ်တိုးအောင် ကုဋေကုဌာအနမ်းလေး

မင်းလက်တွဲပြီးလျှောက်ပစ်လိုက်မယ် မြေကမ္ဘာလမ်းတွေ

တခြားစော်တွေမိုက်တယ် မလဲဘူး ကြွေတာအရမ်းဟေ့ အသည်းလေး

မိန်းမလှတွေများတယ် ဒီလောကကြီးရဲ့ထဲ

အားလုံးထဲက မင်းဟာ ဘုရင်မဖြစ်နေတယ်

မင်းလေးတစ်ယောက်ကလွဲရင် အကုန် ဖွဲနဲ့ဆန်ကွဲပါပဲ

အားလုံးမင်းနဲ့နှိုင်းယှဉ်ရင် ကျဆုံးသွားနိုင်တယ်

စိန်ခေါ်တယ်

မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ် ဟေ့ကောင် ငါ့စော်ပိုမိုက်တယ်

ကျနော့်ရဲ့ချစ်သူစာရင်းကိုင်လေး သိပ်တိကျတယ်ဟေ့

ရိုးရိုးသားသား အချစ်တွေရင်မှာ တစ်ရာ ရာခိုင်နှုန်းအပြည့်

ရူးသွပ်သွားအောင်စွမ်းနိုင်တယ် ကိုယ့်ရဲ့ အိပ်မက်လေး

Aphrodite ကိုမြင်လိုက်သလို

ရင်ထဲမှာ ငါလှိုက်ဖို အရူးမီးဝိုင်းပြီဟေး

ကိုကြီးတို့စော်တွေအကြာင်းကြားရတာ အသေအကြေဘူပိတ်တယ်

ကျနော့်မမ အကြောင်းပြောပြရင် မေမေဆူလိမ့်မယ်

သာမာန်မိန်းမလှတွေနဲ့ ဘယ်အခြေအနေတူလိမ့်မလဲ

ကိုရီးယားနဲ့ဂျပန်ကို ဒလေစေ သူလိမ့်တယ်

ဟိုကမင်းသမီးတွေနဲ့တောင်မှားနေရ

အသားအရည်လှချက်က တွေ့တဲ့လူတိုင်း ဘုရားတွေတ

စိတ်ထားဖြူစင်ပြီး သဒ္ဒါတရားကအပြည့်

ကျနော်ရူးခါအောင်ချစ်တဲ့ ကပြားမလေး

နေပါကွာ No No No မင်းတို့က အဖိုးအခများတယ်

တော်ပါကွာ ဒိုးဒိုးဒိုး တဖြည်းဖြည်းနဲ့ ဒုက္ခများမယ်

ဒီမှာငါ့ရည်းစားလေးက အသည်းအေးတဲ့ ဆရာဝန်လေးပေါ့ကွယ်

ရင်ခုန်တယ် နှလုံးသားလေးရဲ့ ကုသရေးအတွက် တာဝန်ပေးတော့မယ် Yeah!

မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ် ဟေ့ကောင် ငါ့စော်ပိုမိုက်တယ်

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added