အရူးပုံပြင် feat Sai Sai Kham Leng and Aung Thu

Snare

11 Mar 2019

Lyrics

သီချင်း - အရူးပုံပြင်

တေးဆို - Snare Feat. စိုင်းစိုင်းခမ်းလှိုင် အောင်သူ

 

နင်ဖန်ဆင်းခဲ့တယ်

ဒီပျော်ရွှင်ခြင်းများလည်း

အလိုလို လွင့်ပျောက်ခဲ့ပြီ

ဒါဟာ ဘာရယ်ကြောင့်များလဲ

နင်ထွက်ပြေးခဲ့တယ်

ငါဘာတွေမှားနေလဲ

အခုတော့ ငါ့ရဲ့ ဘ၀ဟာအလင်းမဲ့လို့

အမှောင်များရဲ့ အလည် ကြာရင်ရူးလိမ့်မယ်

နာရီစက္ကန့်မိနစ်တွေပြောင်းကုန်ပြီ

အမှတ်တရနဲ့ အနမ်းတွေအားလုံးလည်းဟောင်းကုန်ပြီ

အကြောင်စုံမသိ

ငါ့တစ်ယောက်ထဲကိုပဲ ခေါင်းပုံပြီး

အိပ်မက်တွေအားလုံးလည်း စောင့်နေရလို့ ညောင်းကုန်ပြီ

နင်ဘာတွေလုပ်နေတာလဲ ပြော

နင်ဘာတွေရှုပ်နေတာလဲ ပြော

မင်းအတွက်ဟောင်းနေပြီလား ပြော

အသစ်ရသွားပြီလား ပြော

ပြော မင်းရင်ထဲ ငါ့အတွက်ဘာကျန်လဲပြော

ငါ့မှာလည်းကပ်နေပြီဇော

ဇာတ်ရှိန်လည်းတက်နေပြီပေါ့

ဘာတွေဆက်ဖြစ်မှာလဲပြော

ဘာတွေမှားနေတာလဲပြော

အခု ငါတို့ရဲ့ နေ့တွေလည်း အလင်းမဲ့တယ်

စိတ်ထောင်းလို့ကိုယ်ကြေ ဘလိုင်းကြီးလာပြီး ညှင်းဆဲတယ်

စိတ်ဆင်းရဲတယ်

သိပ်ဂျင်းမထည့်နဲ့

နင်ဖန်ဆင်းခဲ့တယ်

ဒီပျော်ရွှင်ခြင်းများလည်း

အလိုလို လွင့်ပျောက်ခဲ့ပြီ

ဒါဟာ ဘာရယ်ကြောင့်များလဲ

နင်ထွက်ပြေးခဲ့တယ်

ငါဘာတွေမှားနေလဲ

အခုတော့ ငါ့ရဲ့ ဘ၀ဟာအလင်းမဲ့လို့

အမှောင်များရဲ့ အလည် ကြာရင်ရူးလိမ့်မယ်

အို့ အို ၀ို့အိုးအို ကြာရင် ရူးလိမ့်မယ်

ငါလုံးဝတော့ မမျှော်လင့်ခဲ့ဘူး

မျှော်လင့်ခဲ့တာ နောက်တစ်ခု

ဒီလိုမျှော်လင့်ချက်သာ မထားခဲ့မိရင်

လမ်းခွဲရမှာမကြောက်ပါဘူး

ငါ့မှာ အခုတစ်ဘ၀စာရူး

တကယ်ဆိုရင်နင်မတရားပါဘူး

အရသာ တစ်ခုလို စွဲလမ်းမိခဲ့မင်းနှုတ်ခမ်းဖူးဖူးဓါးသွားတစ်ခု

ဒို့နှစ်ယောက်ရဲ့ ကြားခြားနားမှု

ငါ့ဘ၀မင်းအတွက် မသနားဘူး

ငါ့အချစ်မင်းအတွက်ကစားစရာတစ်ခုလို

သွားချင်သွားပေါ့ မတားပါဘူး

မယားတရူး အာခေါင်ခြစ်အော်

အရင်လိုပဲပေါ့အရာရာမင်းသဘော

အလိုလိုက်တော့ အမိုက်စော်ကားတယ်

ချစ်နေဦးတော့အပြစ်တွေပြော

နင်မချစ်ချင်တော့ပြသာနာလုပ်

တို့မီးရှို့ မီး တွေကြားဝင်ရှုပ်

နေနဲ့လ အရှေ့ နဲ့ အနောက် ဍ နဲ့ ဎ

နီးရက်နဲ့ဝေးနေ ဇယားတွေရှုပ်

သိသိရက်နဲ့မိုက်မဲအမှားတွေလုပ်

အစကတော့ကောင်းပြီးအနှောင်းမသေချာ

အဆုံးသတ်ကျတော့ပျားတွေတုပ်

ငါပြေးတော့လိုက် လိုက်တော့ပြေး

တဖြေးဖြေးလိုက်ရင်းဖြည်းဖြည်းဝေး

အချစ်နောက်လိုက်ရင်း အချစ်နဲ့ဝေး

အချစ်ကြောင့်မိုက်မဲအချစ်ကြောင့်ဆွေး

ငါ့အသဲတွေကွဲရင်ကွဲပစေ

ရင်ထဲမှာမီးတွေစွဲကာေ

ပြက္ခဒိန်မှာ ဒီနေ့ရက်စွဲနဲ့ ကွာရှင်းပြီးပြတ်စဲတဲ့နေ့

နင်ဖန်ဆင်းခဲ့တယ်

ဒီပျော်ရွှင်ခြင်းများလည်း

အလိုလို လွင့်ပျောက်ခဲ့ပြီ

ဒါဟာ ဘာရယ်ကြောင့်များလဲ

နင်ထွက်ပြေးခဲ့တယ်

ငါဘာတွေမှားနေလဲ

အခုတော့ ငါ့ရဲ့ ဘ၀ဟာအလင်းမဲ့လို့

အမှောင်များရဲ့ အလည် ကြာရင်ရူးလိမ့်မယ်

အို့ အို ၀ို့အိုးအို ကြာရင် ရူးလိမ့်မယ်

ရေလည်မှာသင်္ဘောမှောက်ကျသလိုဘ၀ကခြောက်ခြား

ငါ့ဘက်ကအမှားတွေရှိရင်တချက်လောက်တချက်လောက်ထောက်ပြ

ဒီဆောင်းညငါ့အချစ်ကိုရောင်းစား

မချစ်ခဲ့မိရင်ကောင်းသား

အခုတော့ကာလာပြောင်းသွား

မင်းရဲ့ ပုံပြင်တစ်ထောင့်တစ်ည

ညစဉ်တိုင်းအိပ်မက်ထဲမှာ အတိတ်ကိုပြန်လှန်တွေးမျှော်

လွယ်လွယ်လေးနဲ့မမေ့နိုင်တော့ စိတ်ကို ခဏလေးလျှော့

အတူသွားဖူးကမ်းခြေ အခုချိန်မှာတော့ အလွမ်းပြေ

ပုံရိပ်ဟောင်းတွေပြန်သတိရ

ရင်နာနာနဲ့အပန်းဖြေ

ဘ၀ဆိုတာထင်မထားတာတွေ ဖြစ်တတ်တာလား

ငါ့ရဲ့ အပြစ်မဲ့မာယာ

အဲ့ဒါ အချစ်ငတ်တာပါ

မင်းကအသစ်ထပ်ကာထားပြီး

ငါ့ကို ညစ်ပတ်တာလား

ဒါဆို နှလုံးသားကို သေနတ်ချိန်ပြီး ပစ်သတ်ခါသွား

နင်ဖန်ဆင်းခဲ့တယ်

ဒီပျော်ရွှင်ခြင်းများလည်း

အလိုလို လွင့်ပျောက်ခဲ့ပြီ

ဒါဟာ ဘာရယ်ကြောင့်များလဲ

နင်ထွက်ပြေးခဲ့တယ်

ငါဘာတွေမှားနေလဲ

အခုတော့ ငါ့ရဲ့ ဘ၀ဟာအလင်းမဲ့လို့

အမှောင်များရဲ့ အလည် ကြာရင်ရူးလိမ့်မယ်

အို့ အို ၀ို့အိုးအို ကြာရင် ရူးလိမ့်မယ်

 

***Lyrics are from third-parties***

cover
00:0000:00
Play Queue

No songs added